ကမ္ဘောဇဘဏ်က နည်းပညာကုမ္ပဏီတခုဖြစ်သည့် VMware နှင့် ပူးပေါင်း ၍ မြန်ဆန်၍ လုံခြုံစိတ်ချမှုရှိသော ဘဏ်လုပ်ငန်းစနစ်ဖြင့် မိတ်ဖက်လုပ်ငန်း စုများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်ဝန်ေ ဆာင်မှု အသုံးပြုသူများကို ဒစ်ဂျစ်တယ် ဝန်ဆောင်မှုပေးရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်၏ CEO နှင့် Advisor to the Chairman ဖြစ်သူ Mike De Noma က “မိုဘိုင်းဖုန်းရဲ့ ပထမအဆင့်ကို ဒစ်ဂျစ်တယ် စနစ်နဲ့ ဘဏ်မှာ လုပ်ဆောင်နိုင်ဖို့ နဲ့ နိုင်ငံအဆင့် ထိန်းသိမ်းထားနိုင်ဖို့ ပါဝင် လုပ်ဆောင် တာ ဖြစ်တယ်”ဟု ပြောသည်။
ထိုသို့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုပေးရန်အတွက် ကမ္ဘောဇဘဏ်နှင့် VMware တို့ပူးပေါင်းပြီး သြဂုတ်လ ၁၈ ရက်နေ့ တွင် Melia ဟိုတယ်၌ MOU ရေးထိုး ခဲ့ခြင်းဖြစ်သည်။
VMware ၏ နည်းပညာများကို ကမ္ဘာပေါ်ရှိ ဘဏ် ၁၀၀ ရာခိုင်နူန်းမှ အသုံြး ပုနေပြီး အဓိကအားဖြင့် ဘဏ်များ၏ ယုံကြည်စိတ်ချရသော နည်းပညာ Solutions များကို အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။
Credit: Irrawaddy