ဘဏ်တိုးနှုန်းတွေ လျှော့ချမယ်ဆိုပြီး အပြောများနေတာဟာ တကယ်လျှော့ချ ရင် ဘဏ်မှာ မြှုပ်နှံထားတဲ့ ငွေ အချို့ ဈေးကွက်အတွင်း စီးဆင်းလည်ပတ် လာပြီး အိမ်ခြံမြေ၊ ကား၊ ရွှေစတဲ့ စီးပွားရေးဈေးကွက်တွေ အရောင်း အဝယ် ပိုဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်အချို့က သုံးသပ်ပါတယ်။
ကေတီအမ် အော်တိုကားအရောင်းစင်တာရဲ့ လုပ်ငန်းရှင် ဦးကျော်မင်းထွန်း က “ငွေကြေးချမ်းသာသူ အများစု က စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံတာမျိုး မရှိဘဲ ဘဏ်မှာ ငွေတွေထားပြီး အတိုးနဲ့ထိုင်စားတာတွေ များလာတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ ငွေကြေးစီးဆင်းလည်ပတ်တာ နည်းပြီး လုပ်ငန်းတွေ ကျုံ့ လာတဲ့ အနေအထား ဖြစ် နေတယ်။ အဲ့ဒါကြောင့် ဘဏ်က ငွေတွေ ဈေး ကွက်ထဲ စီးဆင်းလာအောင် ဘဏ်အတိုးနှုန်းတွေကို လျှော့ချရမှာ ဖြစ်တယ် လို့ မြင်တယ်” လို့ ပြောပါတယ်။
သူက အဲ့သည်လို ဘဏ်မှာ မြှုပ်နှံထားတဲ့ ငွေတွေ ပြင်ပကို ရောက်လာရင် အိမ်ခြံမြေ၊ ကား၊ ရွှေနဲ့ အခြားကုန် ပစ္စည်းတွေ အရောင်းအဝယ် ဖြစ်လာပြီး စီးပွားရေးဈေးကွက်တွေ ပိုအသက်ဝင်လာနိုင်ပါတယ်။ လက်ရှိ ကား အေ ရာင်းအဝယ်အနေနဲ့ အရင်နှစ်တွေရဲ့ ထက်ဝက်လောက်သာ ရောင်းအား ရှိပါတယ်။ ဘဏ်တိုးတွေ လျှော့ချ လိုက်လို့ ဘဏ်က ငွေတွေ အပြင်ရောက် လာရင် ကားအရောင်းအဝယ် ပိုဖြစ်လာဖို့ကတော့ သေချာပါတယ်။ ဒါပေမယ့် အဲသည်အချိန်မှာ ကားမူဝါဒတွေ တည်ငြိမ်နေဖို့ လိုအပ်သလို အမေရိကန်ေ ဒ်ါလာဈေး၊ စလစ်ဈေး တွေ တည်ငြိမ်ဖို့ကလည်း လိုအပ်ပါတယ်လို့ ဆိုတယ်။
အိမ်ခြံမြေ အကျိုးဆောင် ဦးအောင်သူရကတော့ လက်ရှိမှာ အိမ်ခြံမြေ မှာ ဈေးနှုန်းက မူလဈေးနှုန်းတွေထက် ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းနေလို့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ရွှေဈေး၊ ဒေါ်လာဈေးတွေ အတက်ဘက် မှာ ရှိနေလို့ အိမ်ခြံမြေဘက်ကို ရင်းနှီးမြှုပ်နှံတာတွေ များလာပါတယ်။ တ ကယ်လို့ ဘဏ်အတိုးနှုန်းတွေ လျှော့ချလိုက်လို့ ဘဏ်ကငွေတွေ ပြင်ပေ ရာက်လာရင် အိမ်ခြံမြေဘက်ကို ရင်းနှီးမြှုပ်နှံမှု ပိုများလာဖို့က သေချာနေပါ တယ်။ အဲ့ဒါကြောင့် အိမ်ခြံမြေ အရောင်းအဝယ်တွေ ပိုဖြစ်လာပါမယ်လို့ ဆိုပါ တယ်။
Credit: The Modern