မန္တလေးမြို့တွင် ဧရိယာ စတုရန်းပေ ၁,၂၀၀ အောက် မြေကွက်ငယ်များကို ပထမဆုံး အကြိမ် ဂရန်ထုတ်ပေးတော့မည် ဟု မန္တလေးမြို့တော်ဝန် ဒေါက် တာရဲလွင်က ပြောသည်။
မြေကွက်ပေါ်တွင် အခိုင် အမာအဆောက်အအုံ ဆောက် လုပ်နေထိုင်ခြင်း၊ အနားလေး ဘက်ခိုင်မာမှုရှိခြင်း၊ ဝင်ထွက် လမ်းများ ကောင်းမွန်မှုရှိခြင်း၊ ကျန်းမာရေးနှင့် မီးဘေးအန္တရာယ် များ ထိခိုက်မှုမရှိခြင်း စသည့် အချက်များနှ င့် ကိုက်ညီပါက ဧရိ ယာစတုရန်းပေ ၁,၂၀၀ အောက် မြေကွက်များကို ဦးပိုင် ခွဲစိတ်၍ မြေတည်နေရာမြို့နယ်နှင့် မြေ အမျိုးအစားအလိုက် တစ်စတု ရန်းပေလျှင် ကျပ် ၂၀၀ မှ ကျပ် ၆၀၀ အတွင်း ငွေကြေးပေးသွင်း စေကာ ဂရန်ထုတ်ပေးမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက သတင်းထုတ်ပြန် သည်။
ပေ ၄၀ × ၆၀ မြေကွက် အတွက် ဂရန်လျှောက်ထားရာ တွင် မြေတည်နေရာ မြို့နယ်နှင့် မြေအမျိုးအစားပေါ်မူတည်၍ ပေးဆောင်ရမည့် အခွန်နှုန်းထား သည် ကျပ်ရှစ်သိန်းကျော် (၈၁၄,၀၀၀ကျပ်) မှ ၂၁ သိန်းကျော်(၂,၁၆၀,၀၀၀ ကျပ်) အထိ ကျ သင့်မည်ဖြစ်သည်။
မြေဂရန်လျှောက်ထားမှုများ နှင့်ပတ်သက်၍ ကြားပွဲစားများ ပပျောက်စေရန် အလေးထား လုပ်ဆောင်မည်ဟု မန္တလေး မြို့တော်ဝန်ကဆိုသည်။
မြေဂရန် လျှောက်ထားသူ များအနေဖြင့် မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲ မှုဌာနသို့ လူကိုယ်တိုင် လာ ရောက်လျှောက်ထားနိုင်ပြီး စည် ပင်သာယာက လုပ်ငန်းကြန့်ကြာ မှု မရှိစေရန် အလေးထားလုပ် ဆောင်မည်ဟု စည်ပင် တာဝန် ရှိသူများ က ပြောသည်။
မြေ ဂရန်လျှောက်ထားရာတွင် အ ထောက်အထားအချက် အ လက်များ ပြည့်စုံမှန်ကန်သော် လည်း ဝန်ထမ်းက ကြန့်ကြာအောင် ပြု လုပ်ခြင်း၊ မသမာသောငွေ ကြေး တောင်းခံခြင်းများရှိပါက စည်ပင်သာယာကော်မတီဝင် (သို့မဟုတ်) စည်ပင်သာယာဌာန မှူးကို တိုင်ကြားနိုင်ကြောင်း မန်း စည်ပင်က အသိပေးကြေညာ ထားသည်။
‘‘အားလုံး ညှိနှိုင်းတိုင်ပင် တယ်။ မြို့နယ်အလိုက် အဖွဲ့ခွဲပြီး စစ်တယ်။ ဒီမြေကွက်ငယ်လေး တွေက ဂရန်ပေးဖို့ လိုအပ်နေ တယ်။ အဲဒါကြောင့် ဂရန်ထုတ် ပေးဖို့ ကော်မတီအနေနဲ့ ဆုံးဖြတ် တာပါ’’ဟု ဒေါက်တာရဲ လွင်က ပြောသည်။
မြေကွက်ငယ်များသို့ ဂရန် ထုတ်ပေးမည်ဖြစ်သော် လည်း မြေကွက်ကျယ် များသို့ ထပ်မံ ပိုင်းခြားရောင်းချမည့်မြေများကို ဂရန်ထုတ်ပေးမည်မဟုတ် ဘဲ နှစ် များစွာကြာအောင် အဆောက် အအုံများ ဆောက်လုပ်နေ ထိုင်ပြီး မြေ ကွက်ကျဉ်းသဖြင့် ဂရန် လျှောက်ထား၍မရဘဲ အခက်တွေ့နေသည့် မြေ ကွက်ငယ်များ ကိုသာ ဂရန်ထုတ်ပေးမည်ဖြစ် ကြောင်း၎င်းကဆိုသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိ မိတ်အတွင်း ဦးပိုင် ရှိပြီး ဧရိယာ စတုရန်းပေ ၁,၂၀၀၊ မျက်နှာဖွင့် ပေ ၂၀ ရှိသည့် မြေကွက်များ ကို သာ ဂရန်ထုတ်ပေးနေရာမှ ဖြေ လျှော့သည့်အနေဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း ဒေါက်တာ ရဲလွင်က ပြောသည်။
မြေကွက်ငယ်များကိုပါဂရန် ထုတ်ပေးမည် ဆိုသဖြင့် ငွေကြေး အခက်အခဲေ ကြာင့် မြေကွက်ငယ် များ ဝယ်ယူထားပြီး ဂရန်မရှိ၍ နေအိမ် ဆောက် လုပ်ခွင့် လျှောက်ထားခွင့် မရသူများ အတွက် များစွာ အဆင်ပြေစေနို င် ကြောင်း မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
မြို့ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့သည် ယခင်က မြို့တွင်းမြေ ကွက်များ ချထားပေးရာတွင် ၁၅ ပေ × ပေ ၄၀၊ ပေ ၂၀ × ၃၀ စသည့် မြေကွက် ငယ်များကို ချ ထားပေးခဲ့ပြီး ငွေကြေးအခက်အခဲ ကြောင့် မြေကွက်ငယ်များ ခွဲစိတ် ဝယ်ယူကာ နေထိုင်ရသူများ အဆင်ပြေစေရန် ယခုကဲ့သို့ စီစဉ် ခြင်းဖြစ်ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီမှ တာဝန်ရှိသူများက ပြော သည်။
Credit: 7DayDaily