ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဘောလိဝုဒ်ကြယ်ပွင့် အဘီရှိတ် ဘဂျမ်းနှင့် ဇနီးဖြစ်သူ အစ်ရှ်ဝါရ်ယ ရိုင်တို့၏ အိမ်ထောင်ရေး လှိုင်းထန်နေသည်ဟူသော သတင်းများ ဂယက်ထနေသည်။
အဘီရှိတ်သည် ရုပ်ရှင်မင်းသမီး ကရစ္စမာ ကပူးနှင့် စေ့စပ်ကြောင်းလမ်းထားမှုကို ဖျက်သိမ်းကာ ရုပ်ရှင်မင်းသမီး အစ်ရှ်ဝါရ်ယနှင့် ၂၀၀၇ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ အခြားတစ်ဘက်တွင် အစ်ရှ်ဝါရ်ယကလည်း ချစ်သူဟောင်း ရုပ်ရှင်မင်းသား ဆယ်လ်မန်ခန်းနှင့် လမ်းခွဲကာ အဘီရှိတ်နှင့် လက်ထပ်ခြင်း ဖြစ်သည်။
အဆိုပါ ဂယက်များအကြား ဘဂျမ်းမိသားစုနှင့် ပတ်သက်သည့် အင်တာဗျူးဟောင်းများ၊ ဗွီဒီယိုဖိုင်ဟောင်းများ လူမှုကွန်ရက်တွင် ပြန်လည်ပျံ့နှံ့လာနေသည်။
ထိုသို့ ပြန်လည်ပျံ့နှံ့လာနေသော ဗွီဒီယိုဖိုင်များအနက် ၂၀၁၁ ခုနှစ်အတွင်း အမီတာဘဂျမ်း၏ ပြောကြားချက် တစ်ခုလည်း ပါဝင်နေသည်။
တွေ့ဆုံမေးမြန်းခန်းတွင် အမီတာဘဂျမ်း ပြောခဲ့သည်မှာ မိမိကွယ်လွန်ပါက မိမိ၏ ပိုင်ဆိုင်မှုများကို သားငယ် အဘီရှိတ်နှင့် သမီးကြီး ရွှေတ ဘဂျမ်း နန္ဒာတို့နှစ်ဦးအား အညီအမျှ ခွဲဝေပေးရန် ဆုံးဖြတ်ထားကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။
အဘီရှိတ်၏ အစ်မဖြစ်သူ ရွှေတ ဘဂျမ်း နန္ဒာမှာ Vogue India ၏ ပင်တိုင်ဆောင်းပါးရှင်၊ စာရေးဆရာမ ဖြစ်သည်။
နန္ဒာသည် Paradise Towers အမည်ရှိ အရောင်းရဆုံးဝတ္ထုကို ရေးသားထုတ်ဝေထားသည့် အောင်မြင်သော စာရေးဆရာမ ဖြစ်သည်။
အဘီရှိတ်ဘဂျမ်း၏ ဇနီးဖြစ်သူ အစ်ရှ်ဝါရ်ယမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက် ပိုင်ဆိုင်ခွင့် ရှိနေသည်။
၂၀၂၄ ခုနှစ် အချက်အလက်များအရ အမီတာဘဂျမ်း၏ ကြွယ်ဝမှုမှာ ရူပီး ကုဋေ ၁၆၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားကြသည်။
၂၀၁၁ ခုနှစ်အတွင်း Rediff နှင့် အင်တာဗျူးတွင် အမီတာဘဂျမ်း ပြောခဲ့သည်မှာ “ကျွန်တော်ကွယ်လွန်ပြီးတဲ့နောက် ကျွန်တော့်ပိုင်ဆိုင်မှု ဘယ်လောက်နည်းပါးသည်ဖြစ်ပါစေ သမီးနဲ့သားအကြား အညီအမျှ ခွဲဝေပေးခဲ့မှာ ဖြစ်ပါတယ်။ ခွဲခြားမှုတွေရှိမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
“ဂျာယာနဲ့ ကျွန်တော် ဒါကို ဆုံးဖြတ်ထားတာ ကြာပါပြီ။ လူတိုင်းက ပြောကြမယ်။ မိန်းကလေးဆိုတာ ယောက်ျားရဲ့အိမ်ကိုပဲ သွားမှာပဲလို့ ပြောကြမယ်။ ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ သူဟာ ကျွန်တော်တို့ရဲ့ သမီးပါ။ သူ့မှာလည်း အဘီရှိတ်လို အခွင့်အရေး ထပ်တူ ရှိပါတယ်”
သတင်းများအရ အမီတာဘဂျမ်းသည် သူ၏ နာမည်ကျော် ဂျာလ်ဆာ စံအိမ်ကြီးကို သမီးဖြစ်သူ နန္ဒာအား ပေးထားသည်ဟု ဆိုသည်။
ဂျာလ်ဆာ စံအိမ်ကြီး၏ တန်ကြေးမှာ ရူပီး ကုဋေ ၅၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။
အဘီရှိတ်ဘဂျမ်း၏ ဇနီးဖြစ်သူ အစ်ရှ်ဝါရ်ယသည် ရုပ်ရှင်မင်းသမီးအဖြစ် သရုပ်ဆောင်လောကဖြတ်သန်းမှု၊ ကုန်စည်အမှတ်တံဆိပ်တို့ထံမှ ဝင်ငွေများ၊ အခြားရင်းနှီးမြှုပ်နှံမှုများမှတဆင့် ဝင်ငွေများစွာ ရရှိခဲ့ကာ သူ၏ ကြွယ်ဝမှုမှာ ရူပီး ကုဋေ ၈၀၀ ကျော်ရှိသည်ဟု ခန့်မှန်းထားကြသည်။
အစ်ရှ်ဝါရ်ယသည် မွမ်ဘိုင်းရှိ ဂျာလ်ဆာစံအိမ်ကြီးနှင့် ဒူဘိုင်းရှိ Sanctuary Falls ရှိ စံအိမ်တို့ အပါအဝင် luxury စံအိမ်ကြီးများတွင် လှည့်လည်နေထိုင်သည်။
အစ်ရှ်ဝါရ်ယသည် အာဟာရအခြေပြု ကျန်းမာရေးကုမ္ပဏီတွင် ရူပီး ၅ ကုဋေနှင့် ဘင်္ဂလူရူ (ဘင်္ဂလိုဟုလည်းခေါ်) အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခုတွင် ရူပီး ၁ ကုဋေ ရင်းနှီးမြှုပ်နှံထားမှုတို့ကိုကြည့်လျှင် သူ၏ စီးပွားရေးခြေလှမ်းများကို သိနိုင်သည်။
ထိုသို့ ရင်းနှီးမြှုပ်နှံမှုများအပြင် အထင်ကရ ရုပ်ရှင်များတွင် ပါဝင်ခြင်း၊ ကုန်စည်ကြော်ငြာပေးခြင်းများ ပြုလုပ်နေဆဲ ဖြစ်ခြင်းတို့ကို ကြည့်မည်ဆိုလျှင် အစ်ရှ်ဝါရ်ယမှာ global icon တစ်ဦး ဖြစ်နေဆဲဖြစ်သည်ကို ပြသနေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: When Amitabh Bachchan revealed his property will be divided between Abhishek Bachchan and Shweta Bachchan Nanda after his death