နှစ်ယောက်ပေါင်းလို့ ဘဝတစ်ခု ရလာကြပြီဆိုမှဖြင့် တစ်ကိုယ်တော် အပျို၊ လူပျို ဘဝလို ပျော်ချင်တိုင်းပျော်၊ သွားချင်တိုင်း သွား၊ စားချင်သလို စား၊ ကြွားချင်တိုင်း ကြွားလို့ မဖြစ်တော့ လင်ရယ်၊ မယားရယ်၊ သားရယ်၊ သမီး ရယ်ဆိုတဲ့ မိသားစု အသိုက်အမြုံတစ်ခု တည်ဆောက်ဖို့ လိုလာပြီပေါ့။
ဒီတော့လည်း ချစ်စံ နဲ့ ယုယတို့နှစ်ယောက် ဘွဲ့ရပြီးတဲ့ နောက်မှာ ဝင်ငွေပဲေ ကာင်းတဲ့ ဆေးကုမ္ပဏီတစ်ခုမှာ ဝင်လုပ်ကြတယ်။ ကံကောင်းထောက်မ တယ်ပဲ ပြောရမလားမသိဘူး။ အခြားအခြားသော ကုမ္ပဏီတွေက ခေတ်ရေ စီးကြောင့်အရ အရောင်းအဝယ်တွေ မကောင်းကြဘူးလို့ ငြီးညူနေကြတဲ့ အချိန်မှာ ချစ်စံတို့ရဲ့ ကုမ္ပဏီကတော့ ဝင်လာမစဲ တသဲသဲနဲ့ အမြတ်အစွန်းေ တွ ရနေမြဲဖြစ်လို့ လင်မယားနှစ်ယောက်လုံး လစာတွေ ကောင်းကြတော့ စုမိဆောင်းမိ ရှိလာကြတာပေါ့။
ရလာတဲ့ လခ အပြည့်အဝ၊ အိမ်ငှားခကြောင့် အနှုတ်ပြ
ဒီလို အဆင်ပြေလာကြတဲ့အခါ မိဘတွေထံ ခွင့်ပန်လို့ တစ်အိုးတစ်အိမ် ထူေ ထာင်ချင်တာနဲ့ တိုက်ခန်းငှားပြီး လက်တွေ့အိမ်ထောင်သည်ဘဝကို စကြည့်ခဲ့ တယ်။ ဒါပေမယ့် ထင်သလို ငွေပိုငွေလျှံ ရှိမလာနိုင်ပါဘူး။ နှစ်ဦးပေါင်းလို့ ရလာတဲ့ ငွေတွေကို တိုက်ခန်းပိုင်ရှင်ကိုလည်း ခွဲပေးနေရသလို ဖြစ်နေတယ်။ (၆)လ ပြည့်တိုင်း၊ အိမ်လခကို စုပေါင်းပြီး ပေးလိုက်ရသဖြင့် အထုတ်ကို ကျစ်ကျစ်ပါအောင် မထုတ်နိုင်တော့ဘဲ (၆)လပြည့်တိုင်း လျော့သွားတယ်လို့ ခံစားရတယ်။
သမင်မွေးရင်း ကျားစားရင်း လစဉ်ထွက်နေကျ အိမ်လခ
(၆)လပြည့်ရင် ဘယ်လောက်ပေးရတယ်၊ တစ်နှစ်ဆိုရင် ဘယ်လောက်ကုန် သွားမယ် စသည်ဖြင့် အရှည်ကို ကြည့်လိုက်တော့ "သမင်မွေးရင်း ကျားစား ရင်း" ကိန်းဆိုက်သလို ဖြစ်နေတာကို တွေ့လာရတာပေါ့။ ဒီတော့ ဆုံးဖြတ် ချက် ပြိုင်တူချလို့ မြို့ထဲမှာ တိုက်ခန်းငှားနေမယ့်အစား၊ မြောက်ဒဂုံလို ဆိတ် ငြိမ်ရပ်ကွက်မှာ မြေကွက်ဝယ်ပြီး အိမ်ဆောက်နေလိုက်ရရင် ဘယ်လောက်ေ ကာင်းမလဲလို့ အတွေးသစ်၊ အမြင်သစ်တွေ ပေါ်လာကြတယ်လေ။
ဒဂုံအရှေ့က အလားအလာကောင်းတဲ့ လူနေရပ်ကွက်
ဒါနဲ့ မြောက်ဒဂုံ ဘေလီတံတားအဆင်း ၃၄ ရပ်ကွက်က စလို့ ဒဂုံအရှေ့ပိုင်း အဆုံးအထိ ကားတစ်စီးနဲ့ လေ့လာရေးခရီးထွက်ကြည့်တာပေါ့။ ကိုယ့်ရှိတဲ့ အရင်းအနှီးက (၃၄) သစ်တောရပ်ကွက်ကို မကပ်နိုင်၊ ဒီတော့ ၃၄ ရပ်ကွက် လိုပဲ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပြီ နောင်တစ်ချိန်မှာ လူကုံထံတွေ အနေများလာနိုင်တဲ့ ဒဂုံအရှေ့ ၉ ရပ်ကွက်မှာ မြေဝယ်ပြီး အခြေချဖို့ ဆုံးဖြတ် ချက်ချလိုက်ကြတယ်။
နယ်မြေဒေသ အကျိုးဆောင်ပွဲစား ရှာ
သို့သော်လည်း နေရာတကာ ပွဲစားမပါ မဖြစ်တာကြောင့် ဝယ်ရောင်းပွဲ စား တစ်ဦးနဲ့ ဆက်သွယ်ကြည့်လိုက်တဲ့အခါမှာ နေရာကောင်း အလှည့်ကောင်း အကွက်အကွင်းကျကျ ထောင့်ကွက်လှလှ မြေကွက်ရမယ်ဆိုတော့ သဘော ကျတာပေါ့။ ထောင့်ကွက်ဆိုပေမယ့် ရောင်းဈေးက သိန်း ၅၀၀ ဆိုေ တာ့ ခြေနိုင်၊ လက်နိုင် ဝယ်မယ်ပေါ့။ ရောင်းသူနဲ့ တွေ့ချင် ပါတယ် ပြောတော့ ရောင်းသူကို ခေါ်ပေးပါတယ်။
မြေယာရုံးခွဲမှာ စစ်မရလို့ ပါမစ်အသစ်တွေ ဈေးကျနေ
ရောင်းသူကလည်း အခုပြတဲ့ ထောင့်ကွက်ကို ရောင်းချင်နေတာ ကြာပြီ။ ဒါပေမယ့် သူ့ဆီမှာ မြေချပါမစ် မရသေး။ ပါမစ်ရဖို့ ကြိုးစားနေဆဲ အမြန်ရေ အာင် ဆောင်ရွက်ပေးပါမယ်။ သိန်းတစ်ရာသာ စရန်ပေးပါလို့ အတင်းေ တာင်းပါတော့တယ်။ ချစ်စံတို့ဇနီးမောင်းနှံလည်း "မပိုင် ဝက်မွေး" သလို အဖြစ်နဲ့ ကြုံမှာမို့ မဝယ်ဖြစ်ခဲ့ပါဘူး။ မဝယ်မိတာပဲ ခပ်ကောင်းကောင်းပါ။ ပါမစ်ထွက်လာခဲ့ရင်လည်း ၂၀၁၇ ခုနှစ်မှာ ထုတ်ပေးတဲ့ ပါမစ်ကို ရမှာလို့ြေ ပာပါတယ်။ အဲ့ဒီ မြေချပါမစ် ဝယ်လို့ရပြီပဲ ဆိုပါစို့။ အတုအစစ် ဘယ်ရုံးမှာ သွားစစ်မှာလဲ။ ရန်ကုန်မှာရှိတဲ့ မြို့နယ်၊ မြေယာရုံးခွဲတွေမှန်သမျှ ရုံးချုပ် ကို ပြန်ခေါ်ထားတယ်ဆိုပြီး မြို့နယ်၊ မြေယာရုံးတွေ ပိတ်ထားတာ တွေ့ ရတယ်။
ဒီလိုဆိုတော့ မြေချပါမစ် မှန်မမှန် ဘယ်သူမှ ဆရာခေါ်ပြီး စစ်ဆေးခိုင်းမလို့ မရဘူးဖြစ်ကုန်တယ်။ ဒီမှာပဲ ချစ်စံတို့ဇနီးမောင်နှံ မြေချပါမစ် ဆိုရင် အော့ေ ကြာကြီးလန် ဖြစ်သွာတာပေါ့။ ဒီတော့လည်း ပစ္စည်းလဲမှန် ဈေးလည်း မှန် နေရာလည်း မှန်၊ အဆောက်အဦးလည်း အပြည့်အစုံပါတဲ့ ရေကန် အသင့်၊ ကြာအသင့် ရမယ့်နေရာမျိုးကို ဝယ်ဖို့ ဆုံးဖြတ်ကြတော့တယ်။
ကာလပေါက်ဈေးနဲ့ ချိန်းကြည့်တဲ့အခါ မြေနှင့်အိမ်က တန်နေတာ
ဒီအချိန်မှာ ကံစပ်တယ်လို့ပဲ ပြောရမလား မသိပါဘူး။ တစ်နေ့ အင်တာ နက်မှာ ရှာကြည့်လိုက်တဲ့အခါ မြောက်ဒဂုံ ၃၆ ရပ်ကွက်မှာ မြေနှင့်အိမ် အမြန်ရောင်းမည်ဆိုတဲ့ ကြော်ငြာတစ်ခုကို တွေ့ရတယ်။ ဒါနဲ့ တင်ထားတဲ့ ပွဲစားရဲ့ ဖုန်းနံပါတ်ကို ချိတ်ဆက်ပြီး ဈေးဆစ်ကြည့်တော့ သိန်း (၈၅၀)ေ လာက်နဲ့ ရနိုင်တယ် သိရတာနဲ့ စာရေးသူကို စာရွက်စာတမ်းတွေ စစ်ေ ဆးပေးဖို့ ချစ်စံတို့ ဇနီးမောင်နှံက လာခေါ်ကြတယ်။
ရောင်းသူက ရိုးသား၊ ဂရန်မြေက အမှန်အကန် ပြောဖို့တောင် မကျန်
အဲ့ဒီနေရာ ရောက်တဲ့အခါ အိမ်နဲ့ခြံဝင်း ပတ်ပတ်လည်ကို လေ့လာကြည့် မိတယ်။ နေသင့်တဲ့ အိမ်နဲ့ ဆိတ်ငြိမ်တဲ့ ရပ်ကွက်တစ်ခု ဖြစ်နေတာကို တွေ့ ရတယ်။ စာရေးသူကိုယ်တိုင် သဘောကျလို့ ဝယ်ယူသင့်ကြောင်း အကြံေ ပးလိုက်တယ်။ ချစ်စံတို့ကလည်း စာရွက်စာတမ်း ပြည့်စုံရင် ဝယ်မယ်လို့ ပြော တာနဲ့ အိမ်ထဲ ဝင်လိုက်ကြတယ်။
အိမ်အတွင်းမှာတော့ ပွဲစား(၂)ဦးက အသင့်စောင့်ကြိုနေ ပါတယ်။ ရောင်း သူအိမ်ရှင်နဲ့ စကားပြောကြည့်တဲ့အခါ ရောင်းသူက ရိုးသားတဲ့ တောင်ပေါ် တိုင်းရင်းသား ပညာရှင်တစ်ယောက်နေလို့ အဆင်ပြေဖို့ များတယ်လို့ စာရေး သူက မှတ်ချက်ချလိုက်တယ်။ထင်တဲ့အတိုင်းပါပဲ အိမ်ပိုင်ဆိုင်မှု ဂရန်နဲ့ စာချုပ်အဆက်အစပ်တွေ ပြလို့ ကြည့်လိုက်တော့ တိုင်းရင်းသားကြီးက ဂရန် အမည်ပေါက်သူထံက တိုက်ရိုက်ဝယ်သူဖြစ်နေတယ်။
သို့သော်လည်း ဂရန်အမည်မပြောင်းဘဲ ဂရန်အမည်ပေါက်ထံက Special Power ယူထားပြီး လက်ရှိ အချိန်ထိ နေထိုင်နေတာကို တွေ့ရတယ်။ ဝယ် ထားတာကလည်း ကြာပြီ အပြောင်းအလဲ မရှိဘူးဆိုတော့ အရှုပ်အရှင်းကင်း တာပေါ့။ ဝယ်မယ်ဆိုရင် စရန်ငွေ ချလို့ရတယ်လို့ စာရေးသူပြောတော့ ချစ်စံ တို့ဇနီးမောင်နှံလည်း နဂိုတည်းက သဘောကျနေပုံ ပေါက်ပါတယ်။ "ဆရာ ဝယ်လို့ ရတယ်ဆိုတော့ ဝယ်မယ် ဆရာ" ဟုဆိုကာ စရန်ငွေ သိန်း (၅၀) ပေးသည့် စာချုပ်ချုပ်လိုက်ကြပါတယ်။
ရောင်းသူကလည်း အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်ရန်အတ်ွက အရောင်ြးေ မပုံလည်း ကူးပေးတယ်။ အခွန်ရုံးကိုလည်း လိုရင်လိုက်ပေးမယ် မှတ်ပုံတင် စာချုပ်တဲ့အခါ မှာလည်း ရန်ကင်းစာချုပ်ရုံးကို လိုက်ပြီး လက်မှတ်ထိုးပေး မယ်လို့ ကတိပြုလေတော့ အားလုံး အဆင်ပြေလို့ ဝမ်းသာအားရ နဲ့ပြန် ခဲ့ကြပါတော့တယ်။
ခေတ္တရာမြင့်အောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com