စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုး တိုးတက်ရန် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၁ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရန်ကုန်စတော့ အိတ်ချိန်း တွင် စာရင်းဝင်သည့် အများပိုင်ကုမ္ပဏီ များဖြစ်သောFirst Myanmar Investment Co.,Ltd (FMI) ၊ Myanmar Thilawa SEZ Holdings Public LTD(MTSH)၊ Myanmar Citizens Bank LTD (MCB)နှင့် First Private Bank LTD (FPB)တို့က ၂ဝ၁၇ ခုနှစ်အတွက် ထမ်းဆောင်ရန် ရှိသည့်ဝင်ငွေခွန်အား သက်သာခွင့်များ မနုတ်ပယ်မီ စုစုပေါင်းအသားတင်အမြတ် ဝင်ငွေအပေါ် ၂ဝ ရာခိုင်နှုန်းဖြင့် ထမ်းဆောင် ခွင့်ပြုကြောင်း၊ စာရင်းဝင်ကုမ္ပဏီ များအနေဖြင့် ယခင်က ဝင်ငွေခွန်အပြည့် အဝထမ်းဆောင်ရန် ပျက်ကွက်မှုရှိပါက ရန်ကုန်စတော့ အိတ်ချိန်းသို့ စာရင်းဝင်သည့် ဘဏ္ဍာရေးနှစ်မတိုင်မီ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် နှစ်နှစ်အတွက် ဝင်ငွေအမှန်ကိုဖော်ထုတ်၍ ကျသင့် ဝင်ငွေခွန်ပေး ဆောင်ခွင့်နှင့် ဝင်ငွေခွန်ဥပဒေအရ ဒဏ် တပ်ရိုက်ခြင်းနှင့် တရားစွဲဆိုခြင်း တို့မှ ကင်းလွတ်ခွင့်ပြုကြောင်းနှင့် ၂ဝ၁၇-၂ဝ၁၈ ဝင်ငွေနှစ်မှ စတင်အကျိုး သက်ရောက်မည်ဖြစ်ကြောင်းတို့ကို အမိန့်ကြော်ငြာစာအမှတ် (၇၆/၂ဝ၁၇) ဖြင့် ထုတ်ပြန်ပြီးဖြစ်သည်။
နိုင်ငံတော်အတွင်း အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်နိုင်သော အရည်အသွေးပြည့် မီသည့် အများပိုင်ကုမ္ပဏီများပေါ်ထွန်း လာစေရန်အတွက် နိုင်ငံတော်က ပံ့ပိုးဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
Credit: MOI Webportal Myanmar