နေပြည်တော်တွင် ကျောက်မျက်ပွဲ ပြီးဆုံးခဲ့သော် လည်း ရန်ကုန်အိမ်ခြံမြေ အရောင်း အဝယ် မြင့်တက်လာနိုင်ခြေနည်း ပါးကြောင်း အိမ်ခြံမြေ အကျိုး ဆောင်အချို့က ခန့်မှန်းသည်။
နေပြည်တော်ကျောက်မျက် ပွဲတွင် ယူရိုသန်း ၅၀၀ ကျော် (ဒေါ်လာသန်း ၆၀၀ ကျော်) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် အစိုးရလက်ထက် ရှေ့ပိုင်းနှစ် များ ထက် လျော့နည်းနေခြင်း၊ ပြည် တွင်းစီးပွားရေး အခြေအနေတုံ့ ဆိုင်းနြေ ခင်းတို့ကြောင့် ရန်ကုန် အိမ်ခြံမြေဈေးကွက် လက်ရှိ အခြေအနေထက် အြေ ပာင်းအ လဲ အနည်းငယ်သာရှိနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်များက ပြော ကြားသည်။
‘‘ဈေးကွက်တစ်ခုလုံးအပေါ် မှာတော့ သိသာတဲ့ ပြောင်းလဲမှု တွေ ဖြစ်ဖို့ မလွယ်ဘူး’’ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦး က ပြောသည်။
ယခင် အစိုးရလက်ထက် ၂၀၁၂ ရှေ့နှစ်များက နေပြည် တော် ကျောက်မျက် ပွဲ ပြုလုပ်ပြီး လျှင် ရန်ကုန်အိမ်ခြံမြေဈေးကွက် ၌ အရောင်းအဝယ် တစ်ရှိန် ထိုး မြင့်တက်လေ့ရှိသည်။ ကျောက် မျက်ရောင်းချပြီးနောက် ငွေကြေး လက် ဝယ် ကိုင်ဆောင်ထားသူများ က အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံ ခြင်းကြောင့် အရောင်းအဝယ် ပို ကောင်းလာခြင်းဖြစ်သည်ဟု အိမ် ခြံမြေအကျိုးေ ဆာင်အချို့ကပြောသည်။
လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်တွင် အစိုးရက ဘတ် ဂျက်ငွေကြေးအချို့ ကို စီမံကိန်း များအတွက် ချထားပေးခြင်း၊ ရွှေ ဈေးမတည်ငြိမ်ခြင်း၊ စတော့ ရှယ် ယာဈေးနှုန်းများ ကျဆင်းမှုတို့ ကြောင့် အရောင်းအဝယ် အနည်း ငယ်ရှိေ သ်ာလည်း ကျဈေးများဖြင့် ရောင်းချနေရကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့က ပြော သည်။
‘‘ကျောက်ပွဲပြီးရင်အိမ်ခြံမြေက အရောင်းအဝယ်ကောင်းတာ က ကျန်ခဲ့ပြီ။ အခုအခြေအနေက တော့ အဝယ်သိပ်မတက်နိုင်ဘူး။ ဈေးနှုန်းလည်း အကျ ဘက်မှာပဲ ရှိနိုင်တယ်’’ဟု စိုင်းခွန်နောင် အိမ် ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ ဦး စိုင်းခွန်နောင်ကခန့်မှန်းသည်။
လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်တွင် လုံးချင်းသာမက တိုက်ခန်း၊ ကွန်ဒို များသည်လည်း အရောင်းအဝယ် ကျဆင်းနေသ ဖြင့် ဈေးလျှော့ရောင်းနေေ ကြာင်း အကျိုးဆောင်အချို့က ပြော သည်။
ကန်ထရိုက်တိုက်ခန်းများ ကို ဈေးလျှော့ရောင်းသော်လည်း အမှန်တကယ်နေ ထိုင်မည့်သူများ ကသာ ဝယ်ယူမှုရှိကြောင်း ဓန မြေ အိမ်ခြံမြေအကျိုးေ ဆာင်လုပ် ငန်းရှင် ဒေါ်ဝင်းဝင်းနွယ်က ပြော သည်။
Credit: 7DayDaily