တောင်ကြီးတွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ တည်ဆောက်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

တောင်ကြီးတွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ တည်ဆောက်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး - Property News in Myanmar from iMyanmarHouse.com
14 Aug 2017 9:45 am တွင် တင်ခဲ့သည်
724 ကြိမ် ကြည့်ရှု့ပြီး
တောင်ကြီးမြို့တွင် စည်ပင်သာယာရေးဌာန ခွင့်ပြု ချက်မရှိဘဲ တည်ေ ဆာက်နေ သည့် နေအိမ်အပါအ၀င် အဆောက်အအုံများကို မြို့နယ်စည် ပင်သာယာရေးကော်မတီက သြဂုတ် ၉ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

စည်ပင်သာယာရေးဌာနက ထုတ်ပြန်ပေးသည့် ဆောက်လုပ် ရန် ခွင့်ပြုမိန့် မကျမီ တည်ဆောက် နေသည့် အိမ်များနှင့် ခွင့်ပြုချက် မတင်ဘဲ မိမိ သဘော ဆန္ဒဖြင့် တည်ဆောက်နေသည့် အိမ်များ ကို တောင်ကြီးမြို့ပေါ်ရပ်ကွက် များ အတွင်း ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း တောင်ကြီးမြို့နယ် စည်ပင် သာယာရေး ကော်မတီဝင် ဦးဇော်ဝင်းထူးက ပြောသည်။

‘‘တည်ဆောက်နေတာတွေ စည်းကမ်းတကျဖြစ်လား၊ မဖြစ် ဘူးလား၊ စည်ပင် သာယာရဲ့ ခွင့် ပြုမိန့်ယူရတယ်ဆိုတာ အင်ဂျင် နီယာတွေရဲ့ စီမံခန့်ခွဲမှု တိ ကျ အောင်လိုက်စစ်တာ။တကယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ရှိ၊ မရှိ၊ ပါ၊ မပါ သိရှိအောင် စည်ပင် သာယာရေးကော်မတီမှာ ပါဝင် တဲ့ အင်ဂျင်နီ ယာအဖွဲ့တွေနဲ့ စစ် ဆေးခြင်းဖြစ်တယ်’’ ဟု ဦးဇော် ၀င်းထူးက ပြောသည်။

သို့သော် ယခုကဲ့သို့ ကွင်း ဆင်းစစ်ဆေးစဉ် ခွင့်ပြုချက်မဲ့ အဆောက်အအုံေ ဆာက်လုပ်မှု၊ တွေ့ရှိမှုနှင့်ပတ်သက်၍မူ အသေး စိတ်ပြောကြားခဲ့ခြင်း မရှိပေ။

စည်ပင်သာယာရေးဌာန ခွင့်ပြုချက်မရှိဘဲ တည်ဆောက် နေသည့် အိမ် များ တွေ့ရှိပါက တားမြစ်အဆောက်အအုံအဖြစ် သတ်မှတ်ပြီး စည်ပင်သာ ယာရေး ဌာနတွင် အချက်အလက်ပြည့်စုံ အောင် ပြန်လည်တင်ပြပြီးမှသာ တည်ဆောက်ရမည်ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ခွင့်ပြုချက်မရှိဘဲ အဆောက် အအုံတည်ဆောက်ခြင်း၊ တည် ဆောက်မိန့် တင်ထားစဉ်က အ ချက်အလက်များဖြင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် စည်ပင်သာ ယာရေးကော်မတီမှ တားမြစ်စာ ပေးပို့ခြင်း ဖြစ်သည်။

ပထမအကြိမ် အကြောင်း ကြားစာ ပေးပို့တားမြစ်ပါက အ ချက်အလက် ခွင့်ပြုမိန့် ပြန်လည် တင်ပြရပြီး စစ်ဆေးပြီးစီးပါက တည်ဆောက်နိုင်သည်။ ဒုတိယ အကြိမ် တားမြစ်ဆောက်အအုံ ဆိုင်းဘုတ်အနီ ကပ်ခံရပါက အေ ဆာက်အအုံတန်ဖိုး၏ ၀ ဒသမ ၅ ရာခိုင်နှုန်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရ မည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရ သည်။

စည်ပင်သာယာရေးကော်မတီက ကွင်းဆင်းစစ်ဆေးခြင်းသည် မြို့နယ် စည် ပင်သာယာရေးကော်မတီဖွဲ့စည်းပေါ် ပေါက်ပြီးနောက် နေ့စဉ်ကွင်းဆင်းစစ်ဆေးနေခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီကပြောသည်။

တောင်ကြီးမြို့နယ် စည်ပင် သာယာရေးကော်မတီတွင် အရပ် သားလေးဦး၊ တတ်သိကျွမ်းကျင် ပညာရှင်တစ်ဦးနှင့် အစိုးရဌာန ဆိုင်ရာ သုံးဦးပေါင်း ရှစ်ဦးဖြင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေပုဒ်မအခန်း (၃)ပုဒ်မ ၈ အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့က ဇွန်လ နောက်ဆုံးပတ် တွင် အတည်ပြုပေးခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service