မန္တလေး အိမ်ခြံမြေ ရောင်းဝယ်မှုအတွက် ရာဖြတ်တန်ဖိုးစံနှုန်း သတ်မှတ်ချက် အသစ်ကာလတန်ဖိုး ပေါက်ဈေးနှုန်းထက် မြင့်မားနေ၍ အလုပ်မဖြစ် တစ်တိုင်းပြည်လုံး တူညီစွာ သတ်မှတ်ပေးစေလိုကြောင်း လုပ်ငန်းရှင်များ တောင်းဆို

မန္တလေး အိမ်ခြံမြေ ရောင်းဝယ်မှုအတွက် ရာဖြတ်တန်ဖိုးစံနှုန်း သတ်မှတ်ချက် အသစ်ကာလတန်ဖိုး ပေါက်ဈေးနှုန်းထက် မြင့်မားနေ၍ အလုပ်မဖြစ် တစ်တိုင်းပြည်လုံး တူညီစွာ သတ်မှတ်ပေးစေလိုကြောင်း လုပ်ငန်းရှင်များ တောင်းဆို - Property News in Myanmar from iMyanmarHouse.com
14 Aug 2017 9:37 am တွင် တင်ခဲ့သည်
1182 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီးအတွင်းရှိအိမ်ခြံမြေရောင်း ဝယ်မှုလုပ်ငန်းများအတွက် ထုတ်ပြန်လိုက်သောရာဖြတ်တန်ဖိုးစံနှုန်းသတ်မှတ်ချက်အသစ်များမှာ ကာလတန်ဖိုးပေါက်ဈေးနှုန်းထက်မြင့်မားနေ၍တစ်တိုင်းပြည်လုံးတူညီစွာသတ်မှတ် ပေးစေလိုကြောင်း မန္တလေးတိုင်းဒေသကြီးအိမ်ခြံမြေကိုယ်စားလှယ်များဖွံ့ ဖြိုးတိုးတက်ရေးအသင်းမှသိရသည်။

၂ဝ၁၇-၁၈ စည်းကြပ်နှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်း အပေါ်အခွန်စည်းကြပ်ရန် နှုန်းထားအသစ်များကို မြို့နယ်အလိုက်တစ် ဧကသတ်မှတ်စံနှုန်းထားများဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအိမ်ခြံမြေကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌဦးတင်မောင်က''ပြီးခဲ့တဲ့ (သြဂုတ် ၇ ရက်)ကပဲ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရာဖြတ်တန်ဖိုးအသစ်တွေကိုထုတ်ပြန်ခဲ့ပါတယ်။ ရာဖြတ်တန်ဖိုးတွေက နေရာဒေသအလိုက်ကွဲပြားမှုရှိတယ်။ ထုတ်ပြန်လိုက်တဲ့ ရာဖြတ်တန်ဖိုး တော်တော်များများက ကာလတန်ဖိုး ပေါက်ဈေးနှုန်းထက်ပိုမြင့်နေပါတယ်။ ၆ဝ ရာခိုင်နှုန်းလောက်က ကာလတန်ဖိုးပေါက်ဈေးနှုန်းနဲ့ကိုက် ညီမှုမရှိဘူး''ဟု သြဂုတ် ၁ဝ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ထိုသို့ ကိုက်ညီမှုမရှိခြင်းကြောင့် နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာနိုင်ပြီး အခွန်ရှောင်ခြင်းကဲ့သို့ မလိုလားအပ်သည့် ဆုံးရှုံးမှုများလည်း ကြုံ တွေ့ရနိုင်ကြောင်း ၎င်းကသုံးသပ်သည်။

''ရာဖြတ်တန်ဖိုးနိမ့်တဲ့နေရာ တွေမှာ စာချုပ်ချုပ်ဆိုတာလွယ်တော့ အရောင်းအဝယ်သွက်နိုင်တယ်။ ရာ ဖြတ်တန်ဖိုးမြင့်တဲ့ နေရာတွေမှာတော့ အရောင်းအဝယ်က အေးစက်နိုင်ပါတယ်။ အရောင်းအဝယ်ဖြစ်မယ်ဆိုရင်လည်း အခွန်ရှောင်မှုတွေဖြစ်လာနိုင်ပါတယ်''ဟုပြောသည်။

ထိုမျှသာမက ရာဖြတ်တန်ဖိုးစံ နှုန်းသတ်မှတ်ချက်များကိုတစ်ဧက စံနှုန်းဖြင့်ထုတ်ပြန်ခဲ့ရာ အိမ်ခြံမြေ ဈေးကွက်တွင်ဧကအလိုက်ရောင်း ဝယ်ခြင်းမဟုတ်သည့်အတွက်ဧကအလိုက်သတ်မှတ်ခြင်းကိုပြင်ဆင်ရန်
လိုအပ်နေကြောင်း လည်းသိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအိမ်ခြံမြေဈေးကွက်၏ အရောင်း အဝယ်မှာအေးစက်လျက်ရှိပြီးကျပ် သိန်း ၁ဝဝဝ အောက်အကွက်ငယ်များ သာအရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

Infinity@111Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service