လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန်

လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
11 Aug 2017 11:56 am တွင် တင်ခဲ့သည်
1330 ကြိမ် ကြည့်ရှု့ပြီး
လန်ဒန်တွင် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက်က ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်းနေရာပေါင်း ၄ နေရာရှိ အဆောက်အအုံများတွင် အက်ကြောင်းများ တွေ့ရှိမှုကြောင့် နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန်လိုက်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပြောင်းရွှေ့ရန် ညွှန်ကြားထားသည့် လေးနေရာမှာ Peterchurch၊ Bromyard၊ Skenfirth နှင့် Sarnsfield ဘလောက်များဖြစ်ပြီး ဓာတ်ငွေ့လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့်အခြေအနေများရှိခြင်းကြောင်း ပြောင်းရွှေ့စေခြင်းဖြစ်သည်ဟု ဆိုသည်။

လန်ဒန်အရှေ့တောင်ပိုင်းရှိ အဆိုပါလေးနေရာတွင် နေထိုင်သူများမှာ ရာပေါင်းများစွာရှိပြီး လာမည့်ရက်သတ္တပတ်များအတွင်း ပြောင်းရွှေ့ရမည်ဖြစ်သည်။

Old Kent လမ်းအနီးရှိ Ledbury Estate အဆောက်အအုံကြီးသည် ၃၃ ထပ်အဆောက်အအုံဖြစ်ပြီး အခန်းပေါင်း ၂၄၂ ခန်း ပါဝင်သည်။
ယခုအခါ အဆိုပါအဆောက်အအုံသို့ ဓာတ်ငွေ့ပို့လွှတ်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်ရာ နေထိုင်သူများအနေဖြင့် ချက်ပြုတ်စားးသောက်ရန်၊ ရေနွေးတည်ရန်၊ အပူပေးစနစ်ဖွင့်ရန် မဖြစ်နိုင်တော့ချေ။

ယခုပြောင်းရွှေ့စေသည့် အဆောက်အအုံများတွင် ကြီးမားသည့်အက်ကြောင်းများ တွေ့ရှိခြင်းကြောင့် ယခုအခါ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

မြို့တော်ကောင်စီက ပေးပို့သောစာအတွင်း ဖော်ပြထားရာတွင် “Ledbury တွင် တွေ့ရှိခဲ့ရသော အက်ကြောင်းများနှင့် စပ်လျဉ်း၍ ရတက်မအေးဖြစ်ရမှုများကို တုံ့ပြန်သောအားဖြင့် အက်ကြောင်းများ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန် အင်ဂျင်နီယာများအား ညွှန်ကြားခဲ့ပြီး ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။

Bromyard အဆောက်အအုံ ၁၂ လွှာတွင် သားသမီး ၃ ဦးနှင့်အတူ နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောကြားရာတွင် အဆောက်အအုံတွင် ဖြစ်ပေါ်နေသော ကြီးမားသည့် အက်ကြောင်းကြီးများနှင့် ပတ်သက်၍ နေထိုင်သူများမှာ များစွာရတက်မအေး ဖြစ်လျက်ရှိကြကြောင်း ပြောကြားသည်။

“အက်ကြောင်းတွေက အခြေအနေတော်တော်ဆိုးနေတယ်။ အပေါ်ခန်းတွေကနေ အောက်ခန်းတွေဆီ ရေတွေကျတယ်။ အက်ကြောင်းထဲကနေ စာအုပ်တစ်အုပ်တောင် ချလို့ရတယ်” ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service