ရွှေဝယ်ရင် တစ်ရာခိုင်နှုန်း အခွန် ဆောင်ရတာကြောင့် ရွှေဆိုင်တွေ ရောင်းအားထက်ဝက်ကျ

ရွှေဝယ်ရင် တစ်ရာခိုင်နှုန်း အခွန် ဆောင်ရတာကြောင့် ရွှေဆိုင်တွေ ရောင်းအားထက်ဝက်ကျ - Property News in Myanmar from iMyanmarHouse.com
11 Aug 2017 11:51 am တွင် တင်ခဲ့သည်
2516 ကြိမ် ကြည့်ရှု့ပြီး
ရွှေဝယ်ရင် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ဝယ်သူက တစ် ရာခိုင်နှုန်းကို မဖြစ် မနေဆောင်နေရတာကြောင့် ရွှေဆိုင်အများစု ရောင်းအားထက်ဝက်ကျဆင်းနေတယ်လို့ သိရပါတယ် ။

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးမော်က ‘ဝယ်သူက တစ်ဝက်လောက် ကို လျော့သွားတာ ၊ ပုံမှန်အားဖြင့် ဒီရာသီဥတုက အေးတာလဲ ပါတာပေါ့နော် ၊ တချို့ customer တွေက အခွန်ဆောင်ရင် မဝယ်ဘူးဆိုပြီး ပြန်သွားတဲ့ သူတွေလဲ ရှိတယ်’ လို့ ပြောပါတယ် ။

အဲသည်လို့ ရွှေဝယ်သူတွေက အခွန်ပေးဆောင်ရာမှာ ရွှေချိန်အနည်းငယ်ပဲ ဝယ်တဲ့သူတွေ အခွန်နှုန်းပေးရတာ မသိသာပေမဲ့ ရွှေချိန် တစ်ဆယ်ကျပ်သား နဲ့အထက် ဝယ်တဲ့သူတွေအတွက် ပေးဆောင်ရတဲ့ အခွန်နှုန်းထားမှာ သိန်း ဂဏန်းရှိလာတာကြောင့် အခွန်ရှောင်ရင်း အရောင်းအဝယ်မဖြစ်တာတွေ လည်း အများကြီး ရှိတယ်လို့ သိရတယ် ။

အလုပ်မဖြစ်

နာမည်ကြီးရွှေဆိုင်အများစုထံမှာ အော်ဒါမှာပြီး ရွှေထည်ပစ္စည်းတွေအများဆုံး ပြုလုပ်ကြပေမဲ့လည်း အခွန်ဆောင်ရမယ်ဆိုတဲ့နောက်ပိုင်း ကစပြီး ရွှေအ ထည်ာကီးပစ္စည်းတွေ အပ်တဲ့သူလျော့ကျသွားတယ် ။

ဦးမော်က ‘အရောင်းအဝယ်အေးတော့ ပန်းထိမ်သမားတွေပြဿနာရှိတာပေါ့ ၊ ဦးတို့ဆိုင်မှာဆို အထည်ကြီးလုပ်တဲ့ ပန်းထိမ်တွေ ထိုင်နေရပြီလေ ၊ ဆိုင်မှာ က ပန်းထိမ်ဆရာတစ်ယောက် နှစ်ယောက်တည်းမဟုတ်ဘူးလေ ၊ ရာချီပြီးရှိ တယ်’ လို့ ပြောပါတယ် ။

ယခင်က ပုံမှန်လုကပ်နေကျ ရွှေခါးပတ် ၊ သရဖူ ၊ ဘယက် အစရှိတဲ့ ရွှေ ထည်တွေကို ရွှေချိန်တစ်ဆယ်ကျပ်သား ပတ်ချာလည်နဲ့ လုပ်ပေးရပေမဲ့လည်း အခုနောက်ပိုင်းမှာ လာရောက်အပ်တဲ့သူတွေ လျော့ကျနေတယ်လို့ သိရပါ တယ်။

‘ ရွှေချိန်နည်းနည်း ဝယ်တဲ့သူက ပြဿနာမရှိပေမဲ့ များများဝယ်တဲ့သူကျတော့ ဥပမာ တစ်ဆယ်ကျပ်သားဝယ်မယ့်သူက သိန်းဂဏန်းဆောင်ရမယ်ဆိုတော့ မဆောင်ချင်တော့ဘူး ၊ မဆောင်ချင်တော့ မဝယ်ကြတော့ဘူးလေ’ လို့ ဦးေ မ်ာက ပြောပါတယ် ။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ရွှေထည် လက် ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမည်ဆိုတဲ့အချက်နဲ့ ကောက်ခံခဲ့တာဖြစ်ပါတယ် ။

အခွန်နှုန်းထား သုံးရာခိုင်နှုန်းဟာ ပြည်သူများမပေးဆောင်နိုင်တဲ့ အခွန်နှုန်း ထားဖြစ်တာကြောင့် ရွှေလုပ်ငန်းရှင်အသင်းမှ ပြန်လည်တင်ပြမှုကြောင့် တစ် ရာခိုင်နှုန်းသာ ပေးဆောင်ဖို့အတွက် လွှတ်တော်မှာ ပြန်လည်တင်ပြကြပြီး တစ်ရာခိုင်နှုန်းဆောင်ဖို့ကို အတည်ပြု ပြဌာန်းလိုက်တာဖြစ်ပါတယ် ။

အဲသည်ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ဝယ်သူက ပေးချေရတဲ့ တစ်ရာခိုင်နှုန်း မှာ ဇွန်လ ၁ ရက်နေ့ကစပြီး မဖြစ်မနေ အခွန်အနေနဲ့ ပေးချေရတာ ဖြစ်ပါ တယ် ။

ငွေကံ့ကော်ရွှေဆိုင်မှာ တာဝန်ရှိသူတစ်ဦးကလည်း ‘ရွှေဆိုတာက စားေ သာက်ကုန်လို မရှိမဖြစ် ဝယ်နေရတဲ့ ပစ္စည်းမျိုးမဟုတ်တော့ ပိုဆိုးတယ် ၊ အခုဆို အဝယ်ကို မရှိဘူး ၊ အပေါင်တွေပဲ များနေတယ်’ လို့ ပြောပါတယ် ။

စုံစမ်းပြီးမှဝယ်

ရွှေလာဝယ်တဲ့ customer အများက ရွှေဝယ်မယ်ဆိုရင် အလေးချိန်တွက်ခိုင်း ၊ ငွေပမာဏ ဘယ်လောက်ကျမလဲကို တွက်ပြီးမှ ဝယ်တာဖြစ်တာကြောင့် ရွှေ ချိန်ဖိုးအပြင် ကျသင့်ငွေပမာဏရဲ့ တစ်ရာခိုင်နှုန်းကို ဆောင်ရမှာဖြစ်တာေ ကြာင့် ဝယ်မယ့်သူက တခြားဆိုင်တွေကိုပါ စုံစမ်းပြီးမှ ဝယ်တာဖြစ်ပါတယ် ။

‘ဈေးဝယ်သူက တစ်ဆိုင်ထဲဝင်ပြီး တန်းဝယ်တာမဟုတ်ဘူး ၊ သူတို့တွေကြေ ပာတာ ဟိုဆိုင်က အခွန်မဆောင်ရလို့ ဟိုဆိုင်မှာပဲ သွားဝယ်မယ်ပြောတော့ ဒါဟာရွှေဆိုင်အချင်းချင်း ပဋိပက္ခ ဖြစ်စေတာပဲ’ လို့ ဦးမော်က ပြောပါတယ် ။

တချို့ရွှေဆိုင်တွေက ပေးဆောင်ရမယ့် အခွန်နှုန်းထားတွေမကောက်ဘဲ ဆိုင်ကပေးချေတာမျိုး လုပ်တာကြောင့် ရွှေဈေးနှုန်း မငြိမ်သက်မှုတွေ ဖြစ် လာနိုင်တယ်လို့လည်း ရွှေလုပ်ငန်းရှင်အသင်းက သုံးသပ်ပြောကြားထား ပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service