ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ

ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ - Property News in Myanmar from iMyanmarHouse.com
11 Aug 2017 11:09 am တွင် တင်ခဲ့သည်
1116 ကြိမ် ကြည့်ရှု့ပြီး
အိမ်ဖြူတော်ဟူသည်ကို ကမ္ဘာပေါ်တွင် လူတိုင်းသိကြသည်။ သို့ရာတွင် ကျန်သည့် ကမ္ဘာ့ခေါင်းဆောင်များ မည်သည့်နေရာ၊ မည်သို့သော အဆောက်အအုံမျိုးတွင် နေထိုင်ကြပါသနည်း။

ကမ္ဘာပေါ်တွင် ဩဇာအရှိဆုံးပုဂ္ဂိုလ်များဖြစ်ကြသည်နှင့်အညီ တန်ဖိုးကြီးဇိမ်ခံအဆောက်အအုံကြီးများတွင် နေထိုင်ကြမည်မှာကား အံ့အားသင့်ဖွယ်မဟုတ်ချေ။ ကမ္ဘာ့ခေါင်းဆောင်များ နေထိုင်ခွင့်ရကြသည့် နန်းတော်ကြီးများ၊ စံအိမ်တော်များတွင် ရဟတ်ယာဉ်ကွင်းမှ အစပြုကာ တန်ဖိုးမဖြတ်နိုင်သော အနုပညာလက်ရာများအထိ အသေးစိတ်မွမ်းမံထားလေ့ရှိကြသည်။

ဂျပန်ဧကရာဇ် အကီဟီတိုနေထိုင်ရာ တိုကျိုရှိ Imperial Palace မှသည် ပြင်သစ်သမ္မတ အီမန်ညူရယ် မက်ခရွန် နေထိုင်ရာ ပဲရစ်မြို့ရှိ Elysee နန်းတော်အထိ ကမ္ဘာ့ခေါင်းဆောင်များနေထိုင်ရာ စံအိမ်တော်များ၊ နန်းတော်များအကြောင်းကို ဖော်ပြအပ်ပါသည်။

ဘရာဇီးသမ္မတနေထိုင်ရာ အယ်လ်ဗိုရာဒါနန်းတော်

ဘရာဇီးနိုင်ငံ၏ မြို့တော်၊ ဘရာစီးလီယာရှိ အယ်လ်ဗိုရာဒါနန်းတော် (Palacio da Alvorada) သည် ၁၉၅၆ ခုနှစ်မှ စတင်ကာ ဘရာဇီးသမ္မတတို့၏ စံအိမ်တော်အဖြစ် အသုံးပြုခဲ့သည်။ ခေတ်သစ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံရှေ့တွင် ခမ်းနားလှသော စံအိမ်ကြီးကို ရောင်ပြန်ပေါ်နေစေသည့် ရေကန်နှင့် ဘရာဇီးအနုပညာရှင် အဲလ်ဖရက်ဒို ဆက်စ်ချီယာတီ၏ ပန်းပုလက်ရာများ တွေ့ရမည်ဖြစ်သည်။

ရိုးရှင်းသည့်ဗိသုကာဟန်အခြေပြုသည့်နန်းတော်ကြီး၏ ဧည့်ခန်းမှာ အလွန်ကျယ်ပြန့်လှပြီး မြေအောက်ခန်းတစ်ခုလည်း ပါဝင်ရာ မြေအောက်ခန်းတွင် ကဇာတ်ရုံ၊ ဂိမ်းကစားသည့်ခန်းမ၊ ဂိုဒေါင်နှင့် မီးဖိုဆောင်တို့ ပါဝင်သည်။

ပြင်သစ်သမ္မတ အီမန်ညူရယ် မက်ခရွန်နေထိုင်ရာ Elysee နန်းတော်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Elysee နန်းတော်သည် ၁၈၄၀ ပြည့်လွန်ကာလများကတည်းကပင် ပြင်သစ်သမ္မတ အိမ်တော်အဖြစ် တရားဝင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်သမ္မတ အီမန်ညူရယ် မက်ခရွန်သည် Elysee နန်းတော်တွင် ၂၀၁၇ ခုနှစ်၊ မေလအတွင်း စတင်နေထိုင်ခဲ့သည်။

Elysee နန်းတော်ကို ၁၇၂၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အတွင်းပိုင်း နံရံများ၊ မျက်နှာကျက်များကို ရွှေသားအစစ်များဖြင့် ပုံဖော်အလှဆင်ထားသည်။ နန်းတော်အတွင်းရှိ Salle des Fetes (ပွဲလမ်းသဘင်ခန်းမဟု အဓိပ္ပာယ်ရ) ခန်းမတွင် ပြင်သစ်သမ္မတအဆက်ဆက် ကျန်းသစ္စာကျိန်ဆိုခဲ့ကြသည်။ အဆိုပါခန်းမသည် ကွန်ဖရင့်များ၊ စားသောက်ပွဲများ ကျင်းပရာခန်းမလည်း ဖြစ်သည်။

Elysee နန်းတော်ရှိ သမ္မတရုံးခန်းကို Salon Dore (ရွှေခန်းမ) ဟု ခေါ်ကြသည်။ ယင်းသို့ အမည်ပေးရခြင်းမှာ တစ်ခန်းလုံးတွင် ရွှေအတိပြီးနေခြင်းကြောင့်ဖြစ်ပြီး နံရံများ၊ တံခါးများ၊ စားပွဲများအပြင် ကုလားထိုင်များတွင်ပါ ရွှေအနားဖြင့် ဘောင်ကွပ်ထားသည်။

ဂျပန်ဧကရာဇ်တို့ စံမြန်းရာ Imperial Palace

တိုကျိုမြို့လယ်တွင် ဂျပန်ဧကရာဇ် တို့ စံမြန်းရာ Imperial Palace တည်ရှိသည်။ နန်းတော်ကို ထူထဲသော ကျောက်တုံးနံရံအပြင် ကျုံးပတ်လည် ဝန်းပတ်ထားသည်။ ထိုနေရာသည်ကား ဂျပန်ဧကရာဇ် အကီဟီတိုနှင့် တော်ဝင်မိသားစုနေထိုင်ရာ နေရာပင် ဖြစ်လေသည်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်သည်ကား ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး သမ္မတအိမ်တော်ပင်ဖြစ်ပြီး အဆိုပါအိမ်တော်ရှိ အခန်းများအနက် Oval Office ဟု ခေါ်သော သမ္မတ၏ရုံးခန်းမှာ နာမည်အကျော်ဆုံးအခန်း တစ်ခန်း ဖြစ်သည်။ အဆိုပါအခန်းတွင် သမ္မတဒေါ်နယ်ထရမ့်သည် နိုင်ငံတကာသံတမန်များ၊ ဝန်ထမ်းများ၊ နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံလေ့ရှိသည်။

ရုရှားသမ္မတများနေထိုင်ရာ ကရင်မလင်နန်းတော်

ကရင်မလင်ဟူသော စကားလုံးမှာ 'မြို့တွင်းမှ ခံတပ်' ဟု အဓိပ္ပာယ်ရသည်။ ကရင်မလင်ကို ၁၄ ရာစုမှ ၁၇ ရာစု အကြား ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ကရင်မလင်နန်းတော်ကို ရုရှားသမ္မတများနေထိုင်ရာအဖြစ် အစဉ်အဆက်အသုံးပြုခဲ့ကြသည်။ ကရင်မလင်နှင့်စပ်လျဉ်း၍ ဝေါဟာရတစ်ခုရှိရာ "Kremlinology" ဟုဖြစ်ပြီး ရုရှားနိုင်ငံရေးလေ့လာခြင်းကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ သမ္မတနန်းတော်

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ သမ္မတနန်းတော်ကို အင်ဒိုချိုင်းနားဘုရင်ခံချုပ်က ၁၉၀ဝ ပြည့်နှစ်မှ ၁၉၀၆ ခုနှစ်အထိ ၆ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့သည်။ ယနေ့ကာတွင်ကား ဧည့်ခံပွဲများအတွက်သာ အသုံးပြုတော့သည်။ အီတာလျံ ရီနေးဆင်းဗိသုကာဟန်များ ကဲထားရာ ဗီယက်နမ်မြေပေါ်တွင်ရှိသည်ဟူသော သဲလွန်စမှာ နန်းတော်ဝန်းအတွင်းရှိ သရက်ပင် များသာရှိသည်။ ၁၉၅၄ ခုနှစ်တွင် ဗီယက်နမ် လွတ်လပ်ရေးရခဲ့ပြီးနောက် ဟိုချီမင်းက အဆိုပါနန်းတော်ကြီးတွင် နေထိုင် ရန် ငြင်းဆန်ခဲ့ပြီး နိုင်ငံတကာဧည့်သည်များကို လက်ခံတွေ့ဆုံခြင်းသာ ပြုလုပ်ခဲ့သည်။

တူရကီနိုင်ငံ၊ အင်ကာရာမြို့ရှိ အက်ခ်ဆာရေးနန်းတော် (နန်းတော်ဖြူ)

တူရကီနိုင်ငံ၊ အင်ကာရာမြို့တွင် တူရကီဘာသာအားဖြင့် အက်ခ်ဆာရေး (နန်းတော်ဖြူဟုအဓိပ္ပာယ်ရ) ဟူသော နန်းတော်အဆောက်အအုံတည်ရှိပြီး လက်ရှိတူရကီသမ္မတ ရီဆက်ပ် တာယစ် အာဒိုဂန်နေထိုင်လျက်ရှိသည်။ အဆိုပါ နန်းတော် ဆောက်လုပ်ရာတွင် ဒေါ်လာ ၆၁၅ သန်းခန့် ကုန်ကျခဲ့ပြီး အခန်းပေါင်း ၁၁၀ဝ ကျော်ပါဝင်သည်။ နန်းတော်ဖြူသည် အမေရိ ကန်ပြည်ထောင်စုရှိ အိမ်ဖြူတော်နှင့် ပဲရစ်မြို့ အနောက်တောင်ဘက် ၁၂ မိုင်အကွာရှိ ဗာဆိုင်းနန်းတော်တို့ထက် ပိုမိုကြီးမားသည်။

Credit : အိအိအေးအောင် မှ iMyanmarHouse.com Property Website အတွက် အထူးရေးသားဖော်ပြသည်။
ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ခေါင်းဆောင်တို့၏ စံအိမ်တော်များ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service