လုပ်ငန်းအတွက် ပြည်ပချေးငွေရယူလိုတဲ့ ပြည်တွင်းစီးပွားရေး
လုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေယူခွင့်ကို ဥပဒေအရ ဗဟိုဘဏ်မှ
ခွင့်ပြုချက်ရယူရမယ်လို့ ဗဟိုဘဏ်မှ သိရပါတယ်။
လက်ရှိမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှု ၊
လုပ်ငန်းတိုးချဲ့မှုတို့အတွက် နိုင်ငံခြားဘဏ်မှ ပြည်ပချေးငွေ
ရယူလိုတယ်လို့ တင်ပြမှုတွေရှိနေပါတယ်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ ပြည်ပချေးငွေပေးမယ့်သူရှိ
ပါက ချေးယူခွင့်ကို ဗဟိုဘဏ်သို့ တင်ပြပြီး ခွင့်ပြုချက်ယူရမှာ
ဖြစ်ပါတယ်။
ပြည်ပမှ ချေးငွေမယ့်မယ့် အဖွဲ့အစည်းက ငွေကြေးခ၀ါချသူ
မဖြစ်အောင် စိစစ်မှာဖြစ်ပြီး လုပ်ငန်းရှင်ဘက်မှာလည်း ဗ
ဟိုဘဏ်မှ သတ်မှတ်ထားသော အချက်များနဲ့ ကိုက်ညီမှုရှိ၊မရှိကို
စိစစ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်/ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တင်ပြထားတဲ့
မတည်ရင်းနှီးငွေရဲ့ ၃ ဆ-၄၁ အထိသာ ချေးယူခွင်ပြုမှာ
ဖြစ်တယ်လို့ ဗဟိုဘဏ်မှ သိရပါတယ်။
ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရရှိမှသာ ပြည်ပချေးငွေရရှိမှာဖြစ်ပြီး
ခွင့်ပြုချက်မရရှိပါက ချေးငွေရရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လုပ်ငန်းရှင်များတွေအနေနဲ့ သိရှိလိုတဲ့အချက်အလက်တွေကို
ဗဟိုဘဏ်သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဗဟိုဘဏ်မှ
တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားပါတယ်။
Credit: SFJ Strategy First