ဘက်စုံစီးပွားရေးလုပ်ငန်းများတည်ရှိရာမှာ အဆင့်မြင့်နေထိုင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ကမ္ဘာ့အဆင့်မီ KANTHRYAR CENTRE

ဘက်စုံစီးပွားရေးလုပ်ငန်းများတည်ရှိရာမှာ အဆင့်မြင့်နေထိုင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ကမ္ဘာ့အဆင့်မီ KANTHRYAR CENTRE - Property News in Myanmar from iMyanmarHouse.com
11 Aug 2017 10:49 am တွင် တင်ခဲ့သည်
995 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ အဓိက အချက်အချာကျတဲ့ နေရာမှာတည်ရှိပြီး ကမ္ဘာပေါ်တွင် တစ်ဆူတည်းသာရှိသော ရွှေတိဂုံဘုရားနဲ့ လှပတင့်တယ်တဲ့ ကန်တော်ကြီးဥယျာဉ်အနီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့်ရှိ မြေဧက (၃ ဒသမ ၅၃) ဧက အကျယ်အဝန်းရှိ မြေပေါ်မှာတည်ဆောက်ထားတဲ့ KANTHARYAR CENTRE ကတော့ ကမ္ဘာ့အဆင့်မီ အဆောက်အအုံတစ်ခုကို ရန်ကုန်မြို့က လက်ဆောင်ရလိုက်တယ်လို့တောင် ပြောလို့ရပါတယ်။

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင်ပြုချက်နဲ့ AMCD ကုမ္ပဏီလီမိတက်နဲ့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ဒီ CENTRE ကြီးကို ကမ္ဘာ့ထိပ်တန်း စွမ်းအားမြင့် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Asia Myanmar Consortium Development Co.,Ltd , Hong Kong Shining Star Investment Co.,Ltd တို့ ပူးပေါင်းတည်ဆောက် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း (၂၀ဝ) ရင်းနှီးမြှုပ်နှံကာ တည်ဆောက်ခဲ့တာဖြစ်ပြီး အခြားအဆောက် အအုံများထက် သဘာဝဘေးနဲ့ ငလျင်ဒဏ်ကို ပိုခံနိုင်တဲ့ Steel Structure နဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး တည်ဆောက်တဲ့ အဆောက်အအုံလည်း ဖြစ်ပါတယ်။

ဒီကမ္ဘာ့အဆင့်မီ KANTHARYAR CENTRE ကြီးမှာ Paradise Residence (Phase-1), 5-A Office Building (Phase-2) , Service Apartment Building (Phase-3) , Wyndham 5-Star Hotel (Phase-3) , Shopping Centre (Phase-3) တို့ပါဝင်မှာ ဖြစ်ပါတယ်။

Paradise Residence (Phase-1)

စုစုပေါင်းဧရိယာအကျယ်အဝန်း ၃၁၇၀ဝ၀ စတုရန်းပေပေါ်မှာ အထပ်ပေါင်း (၂၅) ထပ်နဲ့ ဆောက်လုပ်ထားတဲ့ Paradise Residence မှာဆိုရင် အခန်းပေါင်း (၁၃၂)ခန်း ပါဝင်ပါတယ်။ ကွန်ဒိုအခန်းတွေကို လမ်းမျက်နှာပြင်အထက် (၁၂)မီတာအမြင့်ကနေ ဆောက်လုပ်ထားလို့ အခန်းတိုင်းက နေ ရန်ကုန်မြို့ရဲ့အလှအပကို အပြည့်အဝခံစားနိုင်ပါတယ်။ အထပ်တစ်ထပ်မှာ အမြင့် (၃.၂)မီတာ အမြင့်ရှိတဲ့ အခန်း(၆)ခန်းစီနဲ့ တည်ဆောက်ထားပြီး အိပ်ခန်း(၂) ခန်းနှင့် အိပ်ခန်း (၃) ခန်းပါ အခန်းများအဖြစ် ပုံဖော်တည်ဆောက်ထားကာ အကျယ်အဝန်းအနေဖြင့် (၁၄၈၅) စတုရန်းပေ မှ (၁၆၀၈)စတုရန်းပေအထိ ကျယ်ဝန်းပါတယ်။ အခန်းတိုင်းကို အိပ်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း စသည်ဖြင့် အသုံးပြုရအဆင် ပြေစေရန် လှပစွာဖွဲ့စည်းထားပြီး လေအေးပေးစက်အပြင် သဘာဝအလင်းရောင် မျှတစွာရရှိနိုင်ရန် အသေးစိတ် ဒီဇိုင်းရေးဆွဲ ဖန်တီးထားပါတယ်။

Residence တွင် အဆင့်မြင့်ဓာတ်လှေကား (၃) စင်းအပြင် အရေးပေါ်လှေကား (၂)စင်းပါ ထည့်သွင်းတပ်ဆင် ပေးထားပါတယ်။ နေထိုင်သူများအတွက် ထူးခြားလှပတဲ့ ရေကူးကန်၊ ရေကူးပြီး အပန်းဖြေအနားယူရန်အတွက် ဧရိယာ၊ ကလေးကစားကွင်း၊ အားကစားခန်းမ၊ လှပတဲ့ပန်းဥယျာဉ်၊ အဆင့်မြင့် ရှုခင်း စတာတွေ ထည့်သွင်းတည်ဆောက်ထားတဲ့အပြင် မီးဘေး အန္တရာယ်အတွက်လည်း မီးသတ်ဦးစီးဌာနက သတ်မှတ်ချက်အတိုင်း Fire Protectiom System များကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဒါအပြင် အမှိုက်နဲ့ အခြားစွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်ဖို့ အတွက်ကိုလည်း Centralized Refuse Disposal စနစ်ကို အသုံးပြုထားလို့ နေထိုင်သူတွေအတွက် သန့်ရှင်း လွယ်ကူစေမှာ ဖြစ်ပါတယ်။

5-A Office Tower (Phase - 2)

စုစုပေါင်း ဧရိယာအကျယ်အဝန်း ၃၇၅၉၁၉ စတုရန်းပေပေါ်မှာ မြေအောက်ထပ် (၂)ထပ်နဲ့ မြေပေါ်(၂၂)ထပ်နဲ့ ဆောက်လုပ်ထားတဲ့ 5-A Office Tower မှာဆိုရင် အခန်းပေါင်း (၁၆၈)ခန်း ပါဝင်ပါတယ်။ CCTV တပ်ဆင်ထားတဲ့ ဂျပန်နိုင်ငံထုတ် ဖူဂျီအမျိုးအစား ဓာတ်လှေကား (၆) စင်းပါဝင်ပြီး ခေတ်မီတဲ့ ဗိသုကာဒီဇိုင်းကြောင့် 5-A Office Tower ဟာ ကန်တော်ကြီးရေပြင်ရဲ့ ရောင်ပြန်ဟပ်တဲ့အပိုင်းမှာ တည်ရှိတာကြောင့် အလှတစ်မျိုး ပိုတိုးစေပါတယ်။ ရုံးခန်းများအတွက် ခေတ်မီတဲ့ အသုံးအဆောင်အပြင်အဆင်ကိုလည်း စံနှုန်းမီထည့်သွင်းတပ်ဆင်ထားလို့ ရုံးခန်းတွင် ခန့်ညားမှုကလည်း အဆင်သင့်ရှိပြီးသား ဖြစ်စေပါတယ်။ ဒီလို အဆင့်မြင့် အသုံးအဆောင်ပစ္စည်းအပြင် အဆင့်မြင့် ဝန်ဆောင်မှုများအနေနဲ့ကလည်း ၁၀ဝ ရာခိုင်နှုန်း မီးပေးစနစ်၊ မီးစက်၊ အခန်းတိုင်းအတွက် ကိုယ်ပိုင်မီတာ၊ အလို အလျောက် မီးအချက်ပေးစနစ်၊ အရည်အသွေးပြည့် Golden Key Service ၊ (၁၂)နာရီ ဧည့်ကြိုကောင်တာ၊ ငှားရမ်းသူများရဲ့ အချက်အလက်နဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းပေးခြင်း၊VIP ဝန်ဆောင်မှုဖြင့် စနစ်တကျ ထိန်းသိမ်းမှုနဲ့ လုံခြုံရေးဝန်ဆောင်မှုစနစ်၊ သန့်ရှင်းရေးဝန်ဆောင်မှုပေးခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးပေးခြင်းနှင့် ပြုစုကာကွယ်ထိန်းသိမ်းပေးခြင်း၊ အထူးရက် ချိန်းကိစ္စများ ဝန်ဆောင်မှုပေးခြင်းတို့ အပါအဝင် office service (၈)မျိုးဖြင့် ဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စတုရန်းမီတာ (၄၂၀)ကျယ်ဝန်းတဲ့ ဧည့်ခန်းဆောင်၊ ကားအစီးရေ (၈၀ဝ) ရပ်နားနိုင်တဲ့ ကားပါကင်တွေကိုပါ ထည့်သွင်းတည် ဆောက်ထားလို့ ဒီ Tower မှာ အလုပ်လုပ်သူတွေနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ပါတနာတွေအတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Service Apartment (Phase-3)

စုစုပေါင်းဧရိယာအကျယ်အဝန်း ၂၅၃၃၆၇ စတုရန်းပေပေါ်မှာ မြေအောက်ထပ် (၂)ထပ်နဲ့ မြေပေါ် (၂၃)ထပ်နဲ့ ဆောက်လုပ်ထားတဲ့ Service Apartment မှာဆိုရင် အခန်းပေါင်း (၁၇၁)ခန်းပါဝင်ပါတယ်။ ဒီ Apartment မှာတော့ အိပ်ခန်း တစ်ခန်းကနေ သုံးခန်းအထိ မိမိစိတ်ကြိုက် ရွေးချယ်ငှားရမ်းနိုင်တဲ့ အခန်းအမျိုးအစား (၉)မျိုး ပါဝင်ပါတယ်။ အခန်းတိုင်းမှာ လက်ရာမြောက်တဲ့ ပရိဘောဂပစ္စည်းအပြည့်အစုံကို ထည့်သွင်း ပေးထားတာကြောင့် အသင့်နေထိုင်နိုင်ပါတယ်။ အဆင့်မြင့် ဓာတ်လှေကား (၆)စင်းပါဝင်ပြီး အရေးပေါ်လှေကား၊ အရေးပေါ် မီးသတ်စနစ်တို့လည်း ပါဝင်ပါတယ်။ Service Apartment မှာ နေထိုင်သူတွေအတွက် ရေကူးကန်၊ အားကစားခန်းမ၊ F&B Specialities ကုန်စုံဆိုင်များ၊ စူပါမားကတ်များ၊ ကုန်တိုက်ကြီးများ၊ အဝတ်လျှော်၊ သန့်ရှင်းရေးအပြင် ကားငှားဝန်ဆောင်မှုများပါ ပါဝင်ပါတယ်။

အနောက်မြောက်ဘက်တွင် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမျှော်နိုင်ပြီး၊ မြောက်ဘက်မှာရှိတဲ့ ကန်တော်ကြီးနဲ့ ရေပြင်က တိုက်ခတ်တဲ့ လေပြေလေညှင်းနဲ့ ရှုမျှော်ခင်းကို ခံစားနိုင်ပါတယ်။ အိမ်ခေါင်မိုးပေါ်မှာ တည်ဆောက်ထားတဲ့ လှပတဲ့ဥယျာဉ်တို့ ရှိတာကြောင့် တစ်နေကုန်အလုပ်မှာ မောပန်းပြီး အိမ်ပြန်လာချိန် လှပတဲ့နေဝင်ချိန်ရှုခင်းနဲ့အတူ ရန်ကုန်မြို့ရဲ့အလှကို ကြည့်ပြီးတော့လည်း အပန်းဖြေနိုင်မယ့် နေရာကောင်းတစ်ခုပါ။

Wyndham 5 Star Hotel (Phase-3)

ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စုကြီးရဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်တဲ့ ဟိုတယ်ဖြစ်ပါတယ်။ Wyndham Hotel နဲ့ Resort များဟာ ကမ္ဘာအနှံ့ စီးပွားရေးအချက်အခြာကျတဲ့ နေရာနဲ့ ခရီးသွားများ အများဆုံးရှိတဲ့နေရာများမှာ တည်ရှိပြီး ဝန်ဆောင်မှုမှာ ထိပ်တန်းဖြစ်တယ်လို့နာမည်ကျော်တဲ့ အုပ်စုကြီးဖြစ်ပါတယ်။ နိုင်ငံပေါင်း (၇၀)မှာ ဟိုတယ်ပေါင်း(၇၄၉၀) နဲ့ အခန်းပေါင်း (၆၄၅၄၀ဝ) ဖွင့်လှစ်ထားပါတယ်။ အခု ရန်ကုန်က ဒီ Wyndham ဟိုတယ်မှာလည်း ကမ္ဘာ့အဆင့်မီ ဟိုတယ်တစ်ခုရဲ့ အင်္ဂါရပ်များအပြင် လှပစွာပြင်ဆင်ထားတဲ့ အများသုံးနေရာများ၊ အသေးစိတ် ဒီဇိုင်းပြုလုပ်ထားတဲ့ ဧည့်ဆောင်များ နဲ့ အဆင့်မြင့်စားသောက်ဆိုင်များ ပါဝင်ပါတယ်။

ဒါ့အပြင် အစည်းအဝေးခန်းများ၊ Business Center များ ၊ Fitness Center ၊ အဆင့်မြင့်ဇိမ်ခံခန်း၊ အားကစားခန်းမ၊Spa ခန်း၊ ရေကူးကန်အပြင် အခြားအဆင့်မြင့်ဟိုတယ်ကြီးများ မှာ ပါဝင်တဲ့အချက်များကို ပါဝင်အောင်ထည့်သွင်း တည်ဆောက်ထားတာဖြစ်ပါတယ်။

စုစုပေါင်းဧရိယာအကျယ်အဝန်း ၄၁၂၆၉၁ စတုရန်းပေပေါ်မှာ မြေအောက်ထပ် (၂) ထပ်နဲ့ မြေပေါ် (၂၀)ထပ်နဲ့ ဆောက်လုပ်ထားတဲ့ Wyndham 5 Star Hotel မှာဆိုရင် အခန်းပေါင်း (၂၅၈)ခန်းပါဝင်ပါတယ်။

Shopping Centre (Phase-3)

Shopping Centre ကို စုစုပေါင်းကြမ်းခင်းဧရိယာ (၅၆၂၇၀) စတုရန်းပေအကျယ်မှာ အထပ်(၂)ထပ်နဲ့ တည်ဆောက်ထားပါတယ်။ ဒီစင်တာမှာတော့ Chinese Restaurant (Contion Cuisine) , Coffee House , High End Grocery , Supermarker , Souvenir Shop , APA , Fashion Shop , Fitness Gym , Beauty Salon & Phar-marceutical Care & Dental Clinic စတာတွေကို ထည့်သွင်းပြီး ဖွင့်လှစ်သွား မယ်လို့ သိရပါတယ်။

ဒီ KANTHARYAR CENTRE စီမံကိန်းကြီး တစ်ခုလုံးမှာတော့ ယာဉ်အစီးရေ (၈၀ဝ)ခန့် ရပ်နားနိုင်မယ့် နေရာရှိနေတဲ့အပြင် တည်နေရာသည် အစိုးရအဖွဲ့အစည်းများ၊ နာမည်ကြီး အဆောက်အအုံကြီးများ၊ ဘဏ်များ၊ နိုင်ငံခြား သံရုံးကြီးများအနီးမှာ တည်ရှိတာကြောင့် အလွန်အချက်အချာ ကျပြီး သွားရေးလာရေးလွယ်ကူတဲ့နေရာဖြစ်ပါတယ်။ လှပတင့်တယ် ကြည်ညိုဖွယ်ကောင်းတဲ့ ရွှေတိဂုံဘုရားကို နေ့စဉ်ဖူးမျှော် မြင်တွေ့နိုင်ပြီး မျက်စိပသာဒ ရှုခင်းလှတွေ ပိုင်ဆိုင်ထားတဲ့ ကန်တော်ကြီးဥယျာဉ်တို့ဟာ စင်တာအနီးမှာရှိတဲ့အပြင် ကန်သာယာစင်တာရဲ့ အဆင့်မြင့် အသုံးအဆောင်ပစ္စည်းများ၊ ကမ္ဘာ့အဆင့်မီဝန်ဆောင်မှုများလည်း အဆင်သင့် ပါဝင်တာကြောင့် ရင်နှီးမြှုပ်နှံထားလိုသူများနဲ့ အဆင့်မြင့်မြင့်နေထိုင်လိုသူများအတွက် ရွေးချယ်သင့်တဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။

ဤစီမံကိန်းကို ဝယ်ယူလိုပါက ဖုန်း 09455294841~5 များသို့ ဆက်သွယ်နိုင်ပါသည်။

Credit : iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service