မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌဦးကျော်ကျော်မောင်သည်
သြဂုတ်၎ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော် ဇမ္ဗူသီရိခန်းမ၌ ဒုတိယဥက္ကဋ္ဌများ၊ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များအား တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးစဉ် က္ဘာ့နိုင်ငံများ၌ ငွေရေးကြေးရေး ကဏ္ဍ၌ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အတွက် မိမိတို့ဗဟိုဘဏ်အနေဖြင့်လည်း ငွေရေးကြေးရေးကဏ္ဍတွင် နိုင်ငံတကာအဆင့်အတန်းနှင့်အညီ မိမိနိုင်ငံအခြေအနေနှင့်
ကိုက်ညီသည့် မူဝါဒ၊ နည်းဥပဒေ၊ စည်းမျဉ်းများချမှတ်၍ ငွေရေး ကြေးရေးကဏ္ဍ တိုးတက်ရေးအတွက်ဆောင်ရွက်နေကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ပြည်သူများကိုင်တွယ်သုံးစွဲနေသည့် ငွေကြေးနှင့် ပတ်သက်သည့်ကိစ္စရပ်များကို အဆင်ပြေချောမွေ့ စွာလည်ပတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားစေလို ကြောင်း၊ ငွေရေးကြေးရေးကဏ္ဍတွင် နိုင်ငံတကာအဆင့်မီ ငွေ ကြေးလုပ်ငန်းစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုဘဏ်မှ ဝန်ထမ်းများအနေဖြင့်ကြိုးစား၍ အကြံပြုဆောင်ရွက်စေလို ကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ် ထားသောစည်းမျဉ်း၊ ညွှန်ကြားချက်များကို ဘဏ်များမှတိကျစွာ လိုက်နာဆောင်ရွက်ရန် ကြီးကြပ်ရေး ကိစ္စရပ်များစသည်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Credit: MOI Webportal Myanmar