ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့သည် အေးချမ်းသာယာပြီး သဘာဝ အလှအပများစွာ တည်ရှိသည့်အတွက် ခရီးသွားအများ စု နှစ်ခြိုက်သည့် ဒေသ ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ မိုးတွင်းကာလအတွင်း ခရီးသွားလုပ်ငန်းများ အနည်းငယ်ပါးချိန်တွင် ခရီးသွားဝန်ဆောင်မှုနှင့် ဟိုတယ်ဝန်ဆောင်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် သင်တန်းများပေးအပ်ခြင်းတို့ ပြုလုပ်ကာ လာမည့်ခရီးသွား ရာသီအတွက် ပြင်ဆင်နေကြောင်း သိရသည်။
သြဂုတ် ၉ ရက်ကလည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးကြပ် ၍ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်)မှ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ကာ ဒေသခံ လူငယ်များ၏ အလုပ်အကိုင်အခွင့် အလမ်းများအတွက် ပြင်ဆင်ပေးလျက် ရှိသည်။ အခမ်းအနားကို ကလောမြို့ရှိHill Top Villa Hotel ၌ ကျင်းပခြင်းဖြစ်ပြီး တောင်ကြီးရုံးခွဲမှ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် လုပ်ငန်းရှင်များ၊ အသင်း တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များ၊ ညီနောင်အသင်းများနှင့် ဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။
ယခုဖွင့်လှစ်မည့် သင်တန်းတွင် ဝါရင့်ဆရာများ သင်ကြားပေး မည် ဖြစ်သောကြောင့် သင်တန်းကို မပျက် မကွက်တက်ရောက်ကြရန်နှင့် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို တက်ရောက်လျှင် အဆင်ပြေစေရန် အတွက် ယခုလို မိုးတွင်းကာလ ဧည့်သည်နည်းပါးချိန် တွင် ဖွင့်လှစ် ပေးရခြင်း ဖြစ်ပါကြောင်း၊ ကလောဒေသ သည် မြန်မာနိုင်ငံခရီးစဉ် ဒေသများ အနက် အရေးပါသည့် ဒေသတစ်ခုဖြစ် သည့်အားလျော်စွာ ခရီးစဉ်ဒေသဖွံ့ဖြိုး ရေးအတွက် ယခင်က ဒေသဆိုင်ရာ ဧည့်လမ်းòန် (အခြေခံ) သင်တန်း သုံးကြိမ်အထိ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ ကာ သင်တန်းသား၊ သင်တန်းသူ ၃၃၁ ဦးအထိ လေ့ကျင့်သင်ကြားနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လည်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် တွန်းအားပေး ဆောင်ရွက် လျက်ရှိပါကြောင်း ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောကြားသည်။
အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင် ရာ သင်တန်းသုံးမျိုးသို့ ကလောမြို့နှင့် ပတ်ဝန်းကျင်ရှိ ဒေသများမှ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည့် သင်တန်းသား၊ သင်တန်းသူ ၉၂ ဦး တက်ရောက်ကြမည် ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းများ ပေးအပ်ခြင်းအပြင် ကလောမြို့အတွင်းရှိ ဟိုတယ်များကို အဆင့်မြှင့်တင်ခြင်း၊ ဟိုတယ်ဝန်ထမ်း များအား ဝန်ဆောင်မှုအတွက် ပြင်ဆင် ပေးခြင်းနှင့် ခရီးစဉ်နေရာများ မြှင့်တင် ပေးခြင်းတို့ကို ဝန်ကြီးဌာနနှင့် လုပ်ငန်း ရှင်များက ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ဒေသ္တရခရီးသွား လုပ်ငန်းများ၊ ရှုခင်းကြည့်၊ လေ့လာရေး စသည့် ခရီးစဉ်များအပြင် နောက်ပိုင်း တွင် တောတွင်းခရီးတိုများကြောင့် ပွင့်လင်းရာသီတွင် ကလောဒေသသို့ ခရီးသည်ဝင်ရောက်မှုမှာ ရှမ်းပြည်နယ် အတွင်း ဒုတိယအများဆုံး လာရောက် သည့် နေရာတစ်ခုအဖြစ် ရှိနေကြောင်း သိရသည်။
Credit: MOI Webprotal Myanmar