မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ရှိစင်ကာပူနှင့်ရေပြင်နယ်နမိတ်ချင်းထိစပ်နေသော နေရာတွင်တည်ဆောက်မည့် Forest city စီမံကိန်းကိုမြန်မာနိုင်ငံတွင် လာရောက်မိတ်ဆက်ရောင်းချနိုင်ရန် စိတ်ဝင်စားနေကြောင်းသတင်းရရှိသည်။
၎င်းစီမံကိန်းကိုတည်ဆောက်မည့် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီက မြန်မာနိုင်ငံတွင်အရောင်းပြခန်းဖွင့်လှစ်ခြင်းနှင့်ဈေးကွက်မိတ်ဆက်ခြင်းကို ယခုနှစ်အတွင်းလာရောက်လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။
စက်ယန္တရားများဖြင့် ပင်လယ်ပေါ်တွင်ဖြေဖို့ကာ ကျွန်းကြီး၎ကျွန်းပြုလုပ်ပြီး အထပ်မြင့်လူနေအိမ်နှင့်အရောင်းစင်တာ များအပန်းဖြေဧရိယာများပြုလုပ်
မည့် ရင်းနှီးမြှပ်နှံမှုကြီးမားသောစီမံကိန်းကို ဟောင်ကောင်အခြေစိုက် Country garden ကုမ္ပဏီက လုပ်ဆောင်နေခြင်းဖြစ်သည်။
အရှေ့တောင်အာရှတွင် အကြီးမားဆုံး မြို့ပြစီမံကိန်းတစ်ခုဖြစ်လာမည့် Forest city တွင် စင်ကာပူရောက်မြန်မာနိုင်ငံသား အများစုက စတင် ၀ယ်ယူမှုများလည်းရှိနေပြီဖြစ်ကြောင်း သိရသည်။
မြေအောက်လမ်းများတွင်သာ မော်တော်ယာဉ်များကိုအသုံးပြုခွင့်ပေးမည်ဖြစ်ပြီး စင်ကာပူနှင့် မလေးရှားနိုင်ငံသို့ ကျွန်းမှတဆင့် ချိတ်ဆတ်မည့် မီးရထားလမ်းပါဝင်သာ Forest city စီမံကိန်းသည်အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ကျော်ကုန်ကျမည်ဟုခန့်မှန်းတွက်ချက်ထားသည်။
လက်ရှိတွင် မြေဖို့ပြီး အထပ်မြင့်များတည်ဆောက်မည့် မလေးရှားနိုင်ငံဂျိုဟိုးပြည်နယ်ပင်လယ်ပြင်နယ်နမိတ်နှင့်ဆက်စပ်နေသော Forest city သည်လက်၇ှိတွင်အခန်းပေါင်း ၁၅၀၀၀ ကျော်ကို ရောင်းချထားပြီဖြစ်သည်။
အရှေ့တောင်အာရှဈေးကွက်ကိုပစ်မှတ်ထားပြီး ရောင်းချမည့် Forest Cityသည် လက်ရှိတွင် Phoenix hotel ကိုလည်းဖွင့်လှစ်ပြီးဖြစ်သည်။
မလေးရှားအစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခွင့်ရထားသည့် Country garden ကုမ္ပဏီသည် ကျွန်းလေးကျွန်းလုံးတွင် လမ်းများစတင်ဖောက်လုပ်နေပြီးအခြေခံအဆောက်အအုံအချို့လဲစတင်
တည်ဆောက်နေပြီဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com