ဇူလိုင်လအတွက် ပြည်ပရင်းနှီးမြှပ်နှံမှု ၁၉ခုကို ခွင့်ပြု

ဇူလိုင်လအတွက် ပြည်ပရင်းနှီးမြှပ်နှံမှု ၁၉ခုကို ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
10 Aug 2017 11:00 am တွင် တင်ခဲ့သည်
733 ကြိမ် ကြည့်ရှု့ပြီး
ဇူလိုင်လအတွက် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ၁၉ခုကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက် ကြောင်း သတင်းရရှိသည်။

ဇူလိုင်လအတွင်းခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း(၁၉)ခုတွင် စက်မှုလုပ်ငန်း(၁၂)ခု၊မွေးမြူရေးနှင့်ရေလုပ်ငန်း(၁)ခု၊အခြားဝန်ဆောင်မှုကဏ္ဍလုပ်ငန်း(၃)ခု၊အိမ်ယာအဆောက်အအုံတည်ဆောက်ရေးဖွံ့ဖြိုးမှုကဏ္ဍ(၁)ခု၊လျှပ်စစ်ဓါတ်အားကဏ္ဍ(၁)ခုနှင့်ဟိုတယ်နှင့်ခရီးသွားကဏ္ဍ(၁)ခုကို MIC အစည်း အဝေးတွင်ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ၂၀၁၇အတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုနေမှုမှာ ၁၁၂ခုရှိသွားပြီဖြစ်ကာ ရင်းနှီးမြုပ်နှံမှုပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ(၃၄၈၇)သန်းကျော်ရှိကြောင်း MICမှထုတ်ပြန်သည်။

ယခု ဘဏ္ဍာနှစ်တွင် နိုင်ငံ တကာမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ခြောက်ဘီလီယံ ၀င် ရောက်မည်ဟု မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်က ခန့်မှန်းထား သော်လည်း ဧပြီမှ ဇူလိုင် ၁၀ ရက်အထိ သုံးလကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မူလခန့် မှန်းထားသည်ထက် ထက်ဝက် ကျော်ရရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောသည်။

‘‘တိုင်းနဲ့ ပြည်နယ်တွေက ခွင့်ပြုမယ့်ဟာတွေရော အားလုံး ပေါင်းလိုက်မယ်ဆိုရင် ဒီနှစ်က ရင်းနှီးမြှုပ်နှံမှု အလားအလာအ များကြီး ကောင်းပါတယ်’’ဟု ဦးဆန်းမြင့်က ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဲ့သို့ ပင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံ မှုပမာဏကလည်း သုံးလကျော်အတွင်း ကျပ်၈၃၉ ဘီလီယံကျော်ရှိသည်။

ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် မြန်မာ့စီးပွားရေး တွင်
အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီးနည်းပညာရရှိရေး၊
အလုပ်အကိုင်အခွင့်အလမ်းများရရှိ ရေးအတွက် အရေးကြီးသည်
ဟု စီးပွားရေးပညာရှင်အချို့ကပြော ကြားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

CarsDB
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service