သြဂုတ် ၉ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၀ ဒေါ်လာကျော် ဆက်လက်မြင့်တက် ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၀၀၀၀ ကျော် အထိရောက်ရှိခဲ့ေ ကြာင်း ဈေးကွက် အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ဇူလိုင်လဆန်းပိုင်းက ကမ္ဘာ့ရွှေဈေးကျ ဆင်းခဲ့ခြင်းကြောင့် ဇူလိုင် ၃ ရက်မှ စတင် ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အောက်သို့ရောက်ခဲ့ပြီး ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ကျပ် ၈၉၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကာ ဇူ လိုင် ၁၂ ရက်တွင် ၈၉၀၀၀၀ အထက်၊ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်၊ သြဂုတ် ၉ ရက်တွင် ၉၁၀၀၀၀ ခန့်အထိ ပြန်ရောက် ခဲ့ သည်။ ကမ္ဘာ့ ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဇွန် ၁ ရက် တွင် ၁၂၆၆ ဒေါ်လာ ၀န်းကျင်ရှိသော ကမ္ဘာ့ ရွှေဈေးနှုန်းသည် ဇွန်လအတွင်း အမြင့်ဆုံး နှုန်းအဖြစ် ဇွန် ၆ ရက်တွင် ၁၂၉၄ ဒေါ်လာ အထိ မြင့်တက်ခဲ့ပြီး ဇွန်လအတွင်း အနိမ့် ဆုံး နှုန်းအဖြစ် ဇွန် ၂၆ ရက်တွင် ၁၂၄၀ ဒေါ်လာ အထိ ဈေးကျဆင်းခဲ့ကာ ဇွန် ၃၀ ရက်တွင် ၁၂၄၂ ဒေါ် လာဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ဇူလိုင်လအတွင်းဆက်တိုက် အားပျော့ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ၁၂၁၇ ဒေါ်လာ၊ ဇူလိုင် ၇ ရက်တွင် ၁၂၀၅ ဒေါ်လာ အထိကျဆင်းခဲ့ကာ ဇူ လိုင် ၁၀ ရက်နောက် ပိုင်း ဈေးပြန်တက်မှုကြောင့် ဇူလိုင် ၂၄ ရက် တွင် ၁၂၅၇ ဒေါ်လာအထိ ရောက်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ၁၂၄၅ ဒေါ်လာ ၀န်း ကျင်အထိ ပြန်ကျခဲ့သည်။ ထို့နောက် ဇူလိုင် ၂၇ ရက် တွင် ၁၂၆၄ ဒေါ်လာ၊ ဇူလိုင် ၂၈ ရက်တွင် ၁၂၆၈ ဒေါ်လာ၊ သြဂုတ် ၂ ရက်တွင် ၁၂၇၁ ဒေါ်လာ အထိပြန်တက်ခဲ့ပြီး သြဂုတ် ၄၊ ၇ ရက်တွင် ၁၂၅၈ ဒေါ်လာဝန်းကျင်၊ သြဂုတ် ၈ ရက်တွင် ဒေါ်လာ ၁၂၆၀ ၀န်းကျင်၊ သြ ဂုတ် ၉ ရက်တွင် ၁၂၆၈ ဒေါ် လာဝန်းကျင်ရှိခဲ့ သည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ် လ အတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့် အထိကွာ ခြားလျက်ရှိသည်။ ပြီးခဲ့သည့်ဇွန်လအတွင်း အမြင့်ဆုံးနှုန်းနှင့် အနိမ့်ဆုံးနှုန်းကွာဟချက် သည် ဒေါ်လာ ၅၀ ကျော်ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းမှာ ၁၂၆၈ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၂၀၅ ဒေါ်လာဖြစ်ခြင်းကြောင့် ၆၃ ဒေါ်လာ ၀န်းကျင်ကွာဟခဲ့သည်။
ပြီးခဲ့သော ဧပြီလအတွင်း ပြည်တွင်း ရွှေဈေးအနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်သည်။ မေလအတွင်း ပြည်တွင်းရွှေဈေးအနိမ့်ဆုံး နှုန်းသည် ကျပ် ၈၉၁၂၀၀ (မေ ၅ ရက်) ဖြစ် ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၀၀၀ (မေ ၁၈ ရက်) ဖြစ်ခဲ့သည်။
ပြည်တွင်းရွှေဈေးနှုန်းသည် မေ ၁၆ ရက်မှစပြီး ဇူလိုင် ၂ ရက်အထိ ကျပ် ၉၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကြောင့် ဇွန် ၇ ရက်တွင် ပြည် တွင်းရွှေဈေး ကျပ် ၉၁၃၄၀၀ အထိ စံချိန် တင်ခဲ့ပြီးေ နာက် ဈေးပြန်ကျခဲ့ရာ ဇွန် ၂၉ ရက်တွင် ကျပ် ၉၀၄၄၀၀ ဇွန် ၃၀ ရက်တွင် ၉၀၀၆၀၀ အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၃ ရက် တွင် မေ ၁၆ ရက် နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျပ် ၉၀၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကြောင်း သိရသည်။ ထို့နောက် ဇူလိုင် ၈ ရက်မှစတင် ကာ ကျပ် ၈၉၀၀၀၀ အောက်ေ ရာက်ခဲ့ပြီး ဇူ လိုင် ၁၂ ရက်တွင် ပြန်တက်ခဲ့ကာ ဇူလိုင် ၁၇ မှ ၂၀ ရက်အ တွင်း ကျပ် ၈၉၆၀၀၀ မှ ၈၉၉၀၀၀ ၀န်းကျင် ဖြစ် ပေါ်ခဲ့ပြီး ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့ရာ ဇူလိုင် ၂၇ ရက်တွင် ၉၀၇၀၀၀ ၀န်းကျင်ဖြစ်ပေါ်ခဲ့ ပြီး သြဂုတ် ၅ ရက်တွင် ကျပ် ၉၀၅၃၀၀ အထိ ပြန်လည် ကျဆင်းခဲ့ကာ သြဂုတ် ၈ ရက်တွင် ကျပ် ၉၀၈၀၀၀၊ သြဂုတ် ၉ ရက်တွင် ကျပ် ၉၁၀၂၀၀ ၀န်းကျင်အထိ ရောက်ရှိခဲ့ပြီး စံချိန်တင် ဈေးနှုန်း ကို လိုက်မီရန် ကျပ် ၃၀၀၀ ကျော် အလိုကို ပြန်လည်ေ ရာက်ရှိ လာခြင်ြး ဖစ်ကြောင်း သိရသည်။
Credit: Eleven Media Group