မြန်မာနိုင်ငံ၏ သဘာဝအခြေခံ ခရီးသွားဒေသ ၂၂ ခုမြောက်အဖြစ် သတ် မှတ်ထားသော ပဲခူးရိုးမတောအတွင်း အပန်းဖြေစခန်း တစ်ခုကို ဇူလိုင် ၂၉ ရက်က စတင် ဖွင့်လှစ်ခဲ့သည်။
သဘာဝအခြေခံ ခရီးသွား ဒေသ၏ ၂၂ ခုမြောက် ဖြစ်သော် လည်း တော တွင်းအပန်းဖြေစခန်း အနေဖြင့် ပထမဆုံးစခန်းတစ်ခု ကို ပဲခူးရိုးမဖြတ်လမ်း တစ်ခုဖြစ် သည့် ပြည်-ပေါက်ခေါင်း-အုတ်တွင်းလမ်းပေါ်ရှိ ဖြိုးစည်သူကျော် ကုမ္ပဏီပိုင် သစ်တောစိုက်ခင်း အနီး သဘာဝတောအတွင်း တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ပေါက်ခေါင်းမြို့နယ် တောင် နဝင်း သစ်တောကြိုးဝိုင်းအတွင်း တည်ရှိသော အဆိုပါ ပဲခူးရိုးမ Eco Resort ကို ကျွန်းစိုက်ခင်းအနီး ကာကွယ်စောင့်ေ ရှာက်တောအတွင်း မြေအကျယ် ကိုးဧကကျော်ပေါ်တွင် တည်ဆောက် ထား ခြင်းဖြစ်သည်။
ယင်းအပန်းဖြေစခန်းကို လွန်ခဲ့သော သုံးနှစ်ခန့်ကပင်စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ကာ လာ ရောက်အပန်းဖြေသူများအနေဖြင့် သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်ရေး ရည်ရွယ် ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ Resort အုပ် ချုပ်မှုဒါရိုက်တာ ဦးရန်နိုင်လွင်က ပြောသည်။
လာရောက်လည်ပတ်သူများ ကို ပြည်တွင်းခရီးသွား ဧည့်သည်၊ ပြည်ပ ခရီး သွားဧည့်သည်ဟူ၍ ခွဲ ခြားထားခြင်းမရှိဘဲ မည်သူမဆို လာရောက်လည် ပတ်နိုင်ကာ ဖွင့်လှစ်သည့် အပန်းဖြေစခန်းသည် အောင်မြင်မည်ဟု ထင်မြင် ကြောင်း ဦးရန်နိုင်လွင်က ဆို သည်။
မြန်မာ့ခရီးသွားလုပ်ငန်း၏ လက်ရှိအခြေအနေသည် Culture Tourism ဟု ခေါ်ဆိုသော ယဉ် ကျေးမှု အမွေအနှစ်များပေါ်တွင် အခြေခံသည့် ခရီး သွားလုပ်ငန်းအ ပေါ် များစွာမှီခိုနေရပြီး ပြည်ပမှ လာရောက်သော နိုင်ငံခြား သား ခရီးသွားများလည်း မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများသို့သာ သွား ရောက်မှုများပြားနေကြောင်း ခရီး သွား လုပ်ငန်းအချို့က ပြောသည်။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာ ကပင် ပုဂံ၊ မန္တလေး၊ အင်းလေး အပါအဝင် ယဉ်ကျေးမှုအမွေအ နှစ် စေတီပုထိုးများ၊ အဆောက် အအုံများ၊ အနုလက်ရာ များ တည် ရှိသည့် ဒေသခရီးစဉ်များကိုရောင်း ချနေခဲ့သည်မှာ ယခုခေတ်ကာ လ အထိ ဖြစ်နေသဖြင့် ခရီးစဉ်အမျိုး အစားအသစ်များကို ပြောင်းလဲချဲ့ ထွင် ရန်လိုကြောင်း ခရီးသွားလုပ် ငန်းရှင်အချို့က ပြောသည်။
ထို့ကြောင့် ခရီးသွားလုပ်ငန်း နယ်ပယ်အသစ် ချဲ့ထွင်ရန်နှင့် ပြည်တွင်း၊ ပြည် ပခရီးသွားများ ပိုမိုစိတ်ဝင်စားလာစေရန်ဟိုတယ် နှင့် ခရီးသွားလာရေး ဝန် ကြီးဌာန က သက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူး ပေါင်းကာ ခရီးသွားလုပ်ငန်းအမျိုး အစားသစ်များ၊ နယ်ပယ်အသစ် များကို စီမံချက်များ ချမှတ်လုပ် ဆောင်လျက်ရှိသည်။
ကမ္ဘာပေါ်တွင် ခရီးသွားအ များစု စိတ်ဝင်စားသည့် Eco Tourism ခေါ် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အဓိကမြှင့် တင် ဆောင်ရွက်မည့်ခရီးသွားလုပ်ငန်း များ၌ တစ်ခုအပါအဝင်အဖြစ် သတ် မှတ်ထားကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူ များက ပြောကြား ထားသည်။
‘‘အခု ၂၀၁၇-၁၈ မှာ ရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT)၊ အဏ္ဏဝါခရီးသွားလုပ်ငန်း (Marine Tourism)၊ သဘာဝအခြေပြု ခရီးသွား လုပ်ငန်း (Eco Tourism)တွေကို မြှင့်တင်ဖို့ ဝန် ကြီးဌာနအနေနဲ့ မူဝါဒတွေ ချမှတ် ထားပါတယ်’’ဟု ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိ ယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး က ပြောသည်။
သဘာဝအတိုင်း တည်ရှိ သော နေရာများအတွင်း ခရီးသွား လာခြင်း၊ စွန့် စားခရီးသွားလာခြင်း စသည့် ခရီးသွားလာမှုအမျိုးအစား များကို ရည်ညွှန်း သည့် သဘာဝအ ခြေခံခရီးသွားလုပ်ငန်းသည် မြန် မာနိုင်ငံ၏ ရေမြေသဘာ ဝနှင့် အ ကိုက်ညီဆုံး ခရီးသွားလုပ်ငန်းတစ် ခုဖြစ်ပြီး လက်ရှိအခြေအနေတွင် လျင်မြန်စွာ အကောင်အထည် ဖော် ဆောင်ရွက်သင့်သည့် ခရီး သွားလုပ်ငန်း တစ်ခုဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် အချို့က ပြောသည်။
သို့သော် အဆိုပါ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အောင်မြင်စေရန် စိန်ေ ခ်ါမှုများရှိနေပြီး နှစ်အနည်းငယ်အတွင်း အောင် မြင်နိုင်ရန် ခက်ခဲနေေ သးကြောင်း ၎င်းလုပ်ငန်းရှင်အချို့က ပြော ကြားသည်။
မြန်မာနိုင်ငံတွင် သဘာဝအ ခြေခံခရီးသွားလုပ်ငန်းနှင့် ပတ် သက်၍ အား သာချက်၊ အားနည်း ချက်များရှိနေသည်။ အားသာချက် အနေဖြင့် သဘာဝ အခြေခံခရီး သွားနယ်မြေဒေသများ ပေါများ ခြင်း၊ အများစုသည် သွားလာရန် လွယ်ကူသောဒေသများတွင်တည် ရှိခြင်းနှင့် ခရီးသွားနယ်မြေဖော် ဆောင် ရန် မြန်ဆန်နိုင်ခြင်းစသည့် အချက်များဖြစ်ကြောင်း ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူအချို့က သုံးသပ်သည်။
သို့သော် တစ်ဖက်တွင် သ ဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆောင်ရွက် မည့် နေရာများကို လူသိများစေရန် ကြော်ငြာခြင်း၊ ယင်းနေရာဒေသများတွင် လိုအပ် သည့် အခြေခံအဆောက်အအုံများ ဖန်တီးပေးခြင်း၊ ဆက်စပ်သည့် ခရီးစဉ်များ ဖန်တီးပေးနိုင်သည့် အခြေအနေများ အားနည်းခြင်း စသည့် လိုအပ်ချက်များ ရှိနေကြောင်း ခရီးသွားအသိုင်းအ ဝိုင်းမှ ပုဂ္ဂိုလ်အချို့က ပြော သည်။
‘‘Eco Tourism ဆိုတာနေရာ ဒေသတွေပဲ သတ်မှတ်ထားရုံနဲ့ မရဘူး။ အဲဒီေ နရာတွေကို သေ သေချာချာစီမံခန့်ခွဲပြီးတော့ ဖော် ထုတ်ရမှာဖြစ်ပါတယ်။ အဲဒါတွေ အကောင်အထည် ဖော်ပေးမှ သွားရောက်လည်ပတ်ကြမှာ ဖြစ် ပါ တယ်။ လက်ရှိမှာ Eco Tour-ism ဒေသတွေကို လာရောက် လည်ပတ်တဲ့ ခရီးသည်တွေ ရှိပေ မယ့် အုံနဲ့ကျင်းနဲ့ အများကြီးတော့ မရှိသေးဘူးပေါ့။ ဒါပေ မဲ့ ဒါမျိုး သဘာဝပတ်ဝန်းကျင်ခရီးသွားဆို တာမျိုးကလည်း ဘုရားဖူးတွေလို မျိုး အုပ်စုလိုက်လာတဲ့ ဟာမျိုး တော့ မဟုတ်ဘူး’’ဟု ဝါရင့်ခရီး သွားလုပ်ငန်း ရှင် ဦးဖြိုးဝေရာဇာကပြောသည်။
သဘာဝအခြေခံ ခရီးစဉ်ဒေ သများကို သတ်မှတ်ပေးရာတွင် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ ဟိုတယ်နှင့် ခရီး သွားလာ ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ သတ်မှတ်ပေးလျက်ရှိပြီး လက်ရှိ တွင် သဘာဝအခြေခံခရီးသွားဒေသအဖြစ် သတ်မှတ်ဒေသ ၂၂ ခု ရှိသည်။
အဆိုပါ ဒေသများထဲတွင် ပထမဆုံး တောတွင်းအပန်းဖြေ စခန်းသည် ပဲခူး ရိုးမ Eco Resort ဖြစ်ပြီး လာရောက်သောခရီးသွား များမှာ တောတွင်း ငှက် ကြည့်ခြင်း၊ ဆင်စီးခြင်း၊ တောတွင်းလမ်း လျှောက်ခြင်းများကို ဆောင် ရွက် နိုင်မည်ဖြစ်သည်။
အလားတူ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများကို ဆောင် ရွက်နိုင်ရေး ဟိုတယ်၊ ခရီးဝန်ကြီး ဌာနအနေဖြင့် စီမံချက်များချမှတ် ဆောင်ရွက်နေကာ လက်ရှိတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ ၌ ဆောင်ရွက်နိုင်ရေးေ ဆွးနွေး ညှိနှိုင်းနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ေ ထာင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။
‘‘နိုင်ငံတကာမှာ ခရီးသွား တွေက တိုက်တာတွေမှာနေပြီး သူတို့သွားတာက မြို့ပြတွေပဲဖြစ် နေတယ်။ အခုနောက်ပိုင်း လူငယ် လူလတ်ပိုင်းတွေက ခရီး သွားရင် သူတို့ကိုယ်၌က ပင်ပင်ပန်းပန်း သွားရတာကို သဘောကျလာကြ တယ်။ ဒါကြောင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် တောင် တက် ခရီးစဉ်တွေ လုပ်ဖို့ရှိတယ်။ ချင်းပြည်နယ်ကလည်း Eco Tourism လုပ်လို့ေ ကာင်းတယ်။ အဲဒီနေရာတွေမှာ လုပ်နိုင်ရင် ဂျပန်တို့၊ ဥရောပဘက်က ခရီး စဉ် တွေ ဝင်လာနိုင်တယ်’’ဟု ပြည် ထောင်စုဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံရှိ သာယာလှပ သော နေရာဒေသများအနက် နိုင် ငံတကာ ခရီး သွားဧည့်သည်အချို့ စိတ်ဝင်စားသည့် သဘာဝအခြေခံ ခရီးသွားနေ ရာေ ဒသများအနက် ရေခဲများဖုံးလွှမ်းနေသည့် ခါကာ ဘိုရာဇီတောင်လည်း တစ်ခု အပါအဝင်ဖြစ်သည်။
‘‘ကျွန်တော် မြန်မာနိုင်ငံကို လာချင်တယ်။ မြန်မာနိုင်ငံမှာ စိတ်အဝင်စား ဆုံးနေရာက ရေခဲ တောင်ပဲ။ ခါကာဘိုရာဇီရေခဲ တောင်ကို အရမ်းရောက် ဖူးချင် တယ်။ ရေခဲတောင် တက်ချင် တယ်’’ဟု အင်ဒိုနီးရှားနိုင်ငံမှ သတင်း စာ ဆရာတစ်ဦးက ပြော သည်။
လတ်တလောတွင် ကချင် ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ အခြေအနေများ အရ ခါကာဘိုရာ ဇီရေခဲတောင်ကို နိုင်ငံခြားသား များအား သွားလာခွင့်မပြု သည့် ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း ယင်းနေရာဒေသ သာ ပြန်လည်သွားလာခွင့်ပြုပါက ခရီးသွားလုပ်ငန်းများ အဆင်သင့်ဖြစ်ေ နစေရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန က ဆွေးနွေးပွဲများပြုလုပ် ကာ အစီအမံများ ချမှတ်ဆောင်ရွက် လျက်ရှိသည်။
‘‘လောလောဆယ်မှာ ပူတာ အိုကတော့ ကန့်သတ်ချက်ရှိ တယ်။ မြို့ပေါ်နဲ့ ၂ မိုင်အတွင်းပဲ သွားလို့ရတာပေါ့။ ရေခဲတောင် နေရာတွေက သွားလို့မရသေး ဘူး။ ဒါပေမဲ့ နောက်ပိုင်း နယ်မြေလုံခြုံ ရေးအခြေအနေ နဲ့ ဒေသငြိမ်းချမ်းေ ရးတွေရှိလာရင် ခရီးသွားလုပ် ငန်းတွေ အဆင်သင့်လုပ်လို့ရ အောင် ဒီအ လုပ်ရုံဆွေးနွေးပွဲကို လုပ်ခဲ့တာပါ’’ဟု ဟိုတယ်/ခရီး ဝန်ကြီးဌာန ဒုတိယညွှန် ကြားရေး မှူးချုပ် ဒေါ်ခင်သန်းဝင်းက ဆို သည်။
သဘာဝအခြေခံ ခရီးသွား လုပ်ငန်း အပန်းဖြေစခန်းဆောင် ရွက်ရန် လာေ ရာက်ဆွေးနွေးမှု များ သုံးခုရှိသည့်အနက် ခါကာဘိုရာဇီတွင် နှင်းေ လျှာစီးနိုင်မည့် စကိတ်စခန်းတစ်ခု တည်ဆောက် နိုင်ရေး သြစတြေးလျနိုင်ငံ က လာ ရောက်ဆွေးနွေးမှုရှိနေပြီး ရေရှည် အစီအမံဖြစ်၍ စဉ်းစားဆောင် ရွက်နေကြောင်း ဦးအုန်းမောင်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတစ်ဝန်း သ ဘာဝထိန်းသိမ်းရေး နယ်မြေအ ဖြစ် သတ်မှတ် ထားသော နေရာ ၄၀ ရှိသည်။ ယင်းနေရာများတွင် သဘာဝအခြေခံ ခရီး သွားစခန်း များ ဆောက်လုပ်ခြင်း၊ ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ရန် လာ ရောက်ကမ်းလှမ်းပါက သတ်မှတ် ချက်များနှင့်ကိုက်ညီလျှင်လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်ပေးမည်ဖြစ် ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ကချင်၊ ရှမ်း၊ မွန်နှင့် ချင်း ပြည်နယ် စသည့် ပြည်နယ်နှင့် တိုင်း ၁၁ ခု၌ သဘာဝအခြေခံခရီး စဉ် ဒေသ ၂၂ ခုကို အကောင်အထည်ဖော်ေ ဆာင်ရွက်နေကြောင်း ဟိုတယ်/ခရီး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တောတောင်ရေမြေသဘာဝ အလှအပများကို ခံစား၍ သစ် တောများအတွင်း လှည့်လည်သွား လာခြင်း၊ တောင်တက်ခြင်း၊တော တွင်းလမ်းလျှောက်ခြင်း၊ ငှက် ကြည့်ခြင်း၊ စွန့်စားသွားလာခြင်း များ ပြုလုပ်ရသည့် သဘာဝအ ခြေခံ ခရီးသွားခြင်းများကို အောင် မြင်မှုရရှိစေရေး အဓိကအရေး ကြီးသည့်အချက် သည် လူသိများ စေရန် အစိုးရက ဦးဆောင်ကာ ဈေးကွက်မြှင့် တင်ရေးေ ဆာင် ရွက်ရန်လိုကြောင်း ခရီးသွားလုပ် ငန်းရှင်အချို့က ထောက်ပြပြော ဆိုသည်။
‘‘သူများနိုင်ငံတွေမှာ ဒါတွေ အောင်မြင်တယ်ဆိုတာ ဥပမာ ထိုင်းဆို Tourism အရမ်းအောင် မြင်နေတယ်။ သူတို့အစိုးရက လည်း အဲဒီဘက်မှာ ငွေေ ကြးမြှုပ်နှံမှု အများကြီးလုပ်ပေးတဲ့အတွက် နောက်ပိုင်း ထိုင်းက သဘာဝ အ ခြေခံခရီးသွားလုပ်ငန်းတွေက အ ရမ်းအောင်မြင်တယ်။ ဒီမှာကျ တော့ သဘာဝအခြေခံခရီးသွား နယ်မြေတွေ သတ်မှတ်ထားပေ မယ့် တကယ်က အခြေခံလိုအပ် ချက်တွေ အရမ်းကိုနည်းနေတယ်။ လူသိလည်းနည်းတယ်။ ဒါကြောင့် အောင်မြင်မှုရဖို့ဆိုတာ အလှမ်း ဝေးနေနိုင်ပါသေးတယ်’’ဟု ခရီး သွားလုပ်ငန်းရှင် ဒေါ်ဝင်းသိင်္ဂီက ပြောသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသော အိမ်နီးချင်းနိုင်ငံ ထိုင်းနှင့်အာဆီယံ ဒေသ တွင်း နိုင်ငံအချို့တွင် သဘာ ဝအခြေခံ ခရီးသွားလုပ်ငန်းလုပ် ဆောင်ရေးေ ဆာင်ရွက်ရာ၌ သက်ဆိုင်ရာ အစိုးရများက ကမကထပြု ဆောင်ရွက်ြ ခင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်အချို့ ကပြောသည်။
၂၀၁၇ နှစ်ဆန်းက ထုတ် ပြန်ချက်အရ အာဆီယံဒေသတွင်း နိုင်ငံများ တွင် မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းကျဆင်းမှုအများ ဆုံးနိုင်ငံဖြစ်နေပြီး ၂၀၁၆ အတွင်း ခရီးသွားလုပ်ငန်း ၃၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့ သည်။ ၂၀၁၅ တွင် မြန်မာနိုင်ငံသို့ နိုင်ငံ ခြားသား ခရီးသွားဧည့်သည် ၄ ဒသမ ၆ သန်းကျော် ဝင်ရောက်ခဲ့ သော်လည်း ၂၀၁၆ တစ်နှစ်လုံး တွင် ၂ ဒသမ ၉ သန်းကျော်သာ ဝင်ရောက်ကြောင်း၊ သို့သော် ယခု ၂၀၁၇ တွင် ငါးလအတွင်း နိုင်ငံ ခြားသားခရီးသွားဝင်ရောက်မှု ၁ ဒသမ ၅ သန်းကျော်ရှိပြီး ၂၀၁၆ ကထက် ၂၅ ရာခိုင်နှုန်းတိုးတက် လာကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။ မြန်မာနိုင်ငံသို့ လာေ ရာက်လည်ပတ်သည့် ပြည်ပခရီး သွားများအနက် အာရှမှ ထိုင်းနိုင်ငံ သား အများဆုံးဖြစ်ပြီး တရုတ်က ဒုတိယလာရောက်သည်။ အ နောက်နိုင်ငံများ တွင် အမေရိကန်က လာရောက်လည်ပတ်မှုအများ ဆုံးဖြစ်ကြောင်း ခရီးသွား ထုတ်ပြန် ချက်များတွင် ဖော်ပြထားသည်။
‘‘Eco Tourism ဆိုတာ နေ ရာဒေသတွေပဲ သတ်မှတ်ထားရုံ နဲ့မရဘူး။ အဲဒီနေရာတွေကို သေ သေချာချာစီမံခန့်ခွဲပြီးတော့ ဖော် ထုတ်ရမှာဖြစ်ပါ တယ်။ အဲဒါတွေ အကောင်အထည်ဖော်ပေးမှ သွား ရောက်လည်ပတ်ကြ မှာ ဖြစ်ပါ တယ်။ ဥပမာ-ပုပ္ပားဆိုရင် ဒီအတိုင်းသာ လုပ်ထားတာ။ ပုပ္ပားနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဖော် ဆောင်ထားတာ ဘာမှမရှိဘူး လေ။ ဟိုတယ်တစ်ခုရှိမယ်။ ပုဂ္ဂ လိကဟိုတယ် လေးငါးခုလောက် ရှိမယ်။ အဲဒါတွေ ရှိတာက ရှိတာ ပဲ။ အဲဒီမှာ သွားပြီး အကောင်အ ထည်ဖော်ဖို့ Operator လိုသေး တယ်လေ။ တောင်တက်မှာလား။ စက်ဘီးစီးမှာလား။ အဲဒါမျိုးတွေ ကို ဘယ်သူကနေ ဖော်ဆောင်မှာ လဲ။ ဘယ်သူကနေ ဝန်ဆောင်မှု ပေးမှာ လဲ။ ဒါမျိုးတွေ အကုန်လုံး လိုပါတယ်’’ဟု မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ ချုပ် တွဲဖက်အ ထွေထွေအတွင်းရေးမှူးလည်းဖြစ် သူ ဦးဖြိုးဝေရာဇာက သဘာဝအ ခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် သူ၏အမြင်ကို အကြံပြုသည်။
Credit: 7DayDaily