အလွယ်လမ်းလိုက်ကာ မြေမရောင်းကြပါနဲ့ အငိုလွယ်လို့ အရှိုက်ခက်ပါတယ်

အလွယ်လမ်းလိုက်ကာ မြေမရောင်းကြပါနဲ့ အငိုလွယ်လို့ အရှိုက်ခက်ပါတယ် - Property News in Myanmar from iMyanmarHouse.com
10 Aug 2017 10:00 am တွင် တင်ခဲ့သည်
2931 ကြိမ် ကြည့်ရှု့ပြီး
ယနေ့ နံနက် (၉)နာရီတွင် ရွှေပြည်သာမြို့ ထန်းခြောက်ပင်ရပ်ကွက်သို့ အရောက်သွားရမည် ဖြစ်၍ ကြိုကြိုတင်တင် ပြင်ဆင်မှုပြုလုပ်ကာ Taxi ကားငှားပြီး ရွှေပြည်သာသို့ ခရီးထွက်ခဲ့သည်။ နံနက် (၉)နာရီအရောက်သွားရန် ကြိုးစားသော်လည်း လမ်းခရီးတွင် ကားကြပ်သဖြင့် နံနက် (၁၀)နာရီနီးပါးမှ ထန်းခြောက်ပင်သို့ ရောက်လာခဲ့သည်။

မျှော်သူလောသဖြင့် လာသူမောရသည့် အိမ်ခြံမြေအရောင်း အဝယ်လောက

ဘဏ်ဖွင့်ချိန်အမီ ငွေချေရမည့် ဝယ်သူ 'ကျော့ကျော့' ကလည်း ကျွန်ုပ်အရောက်နောက်ကျသဖြင့် ည/ရပ်ကွက် ထူးကျော် လက်ဖက်ရည်ဆိုင်မှ လည်တဆန့်ဆန့်ဖြင့် မျှော်နေသည်။ ကျွန်ုပ်ကားပေါ်မှ ဆင်းလာသည်ကိုမြင်ရမှ ရင်အေးသွားပုံရ သည်။ "ရှေ့နေကြီးရယ် မျှော်လိုက်ရတာ မောနေတာပဲ။ အခုလို ရောက်လာမှပဲ အပူလုံးကြီးကျသွားတော့တယ်" ဟု နှုတ်ဆက် စကားဆိုသည်။

ရောင်းသူဘက်မှ ရောင်းမည့်အိမ်တွင် အဆင်သင့် စောင့်နေသည်ဆို၍ ကျွန်ုပ်လည်း လက်ဖက်ရည်တစ်ခွက်ကို ကမန်းကတန်း မော့သောက်လိုက်ပြီး ရောင်းမည့်အိမ်ရှိရာ ၁၀ ရပ်ကွက်၊ ရန်ကြီးအောင်လမ်းသို့ လမ်းလျှောက်ခဲ့ကြသည်။ ရောင်းမည့်အိမ်သို့ ကျွန်ုပ်တို့ရောက်သွားချိန်တွင် ရောင်းသူဘက်မှ အိမ်ငှားများအား ဆင်းခိုင်းပြီး၍ အိမ်သော့အပ်ရန် အဆင်သင့် စောင့်နေကြသည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ထိုင်စရာမရှိတော့သဖြင့် ကြမ်းပြင်တွင် ဝိုင်းဖွဲ့၍ ထိုင်လိုက်ကြရသည်။

မြေဝယ်ခြင်းမှာ အရင်းများသဖြင့် အမှားနည်းဖို့ ကျွမ်းကျင်သူ ကို ရှာထားစို့

ရောင်းမည့်မြေကွက်အကျယ်မှာ ပေ ၂၀× ပေ ၆၀ ဖြစ်ပြီး၊ ပါမစ်မြေဖြစ်သည်။ ဝယ်သူ ကျော့ကျော့မှာ စရန်ပေး စာချုပ်စဉ် အခြားရှေ့နေတစ်ဦးခေါ်၍ စာချုပ်ချုပ်ဆိုခဲ့ပြီး၊ ကန့်ကွက်ရန် ရှိမရှိ သတင်းစာတွင်လည်း ကြော်ငြာခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ယနေ့အပြီးအပိုင် အရောင်းအဝယ်စာချုပ် ချုပ်ဆို သည့်နေ့တွင် ထိုရှေ့နေကို မခေါ်တော့ဘဲ ကျွန်ုပ်ထံရောက်လာ၍ လိုက်ပါချုပ်ပေးရန် တောင်းဆိုသဖြင့် ရွှေပြည်သာသို့ လိုက်ပါလာရခြင်းဖြစ်သည်။

ရှေ့နေဘဝကလည်း မလွယ်လှပါ၊ အရာရာမှာ စေ့စပ်သေချာဖို့ လိုအပ်တာ

ဝယ်သူ "ကျော့ကျော့" အနေဖြင့် ရှေ့နေပြောင်းရခြင်းမှာ အကြောင်းရှိသည်။ စရန်ပေးစာချုပ်စဉ်က ရှေ့နေသည် ပါမစ်အရွယ် စာရွက်စာတမ်းများ စစ်ဆေးရာ၌ ပေါ့ဆသဖြင့် စာချုပ်အဆက်တစ်ခုတွင် အပြီးအပိုင်အရောင်းအဝယ်စာချုပ် မဟုတ်ဘဲ စရန်ပေးအရောင်းအဝယ်စာချုပ်တစ်ခုဖြစ်နေသည် ကို သိပါလျက် 'ဝယ်လို့ရသည်' ဟု ရောင်းသူကိုယ်စား အာမခံခဲ့သဖြင့် ထိုရှေ့နေအပေါ်တွင် အားကိုးယုံကြည်မှုမရှိတော့ဘဲ ကျွန်ုပ်အား လာရောက်ခေါ်ခြင်းဖြစ်သည်။

အမှန်အကန်လား၊ ဝှက်ဖဲလား၊ ဖန်တီးစာချုပ်လား၊ သံသယ ဝင်စရာ

ကျွနု်ပ်နှင့် ယခင်က သိကျွမ်းဖူးခြင်း မရှိသော်လည်း 'ကျော့ကျော့' မှာ ကျွန်ုပ်၏အိမ်ခြံမြေ စာဖတ်ပရိသတ်တစ်ဦးဖြစ် နေသည့်အတွက် မဖြစ်မနေ လိုက်ပါလာရခြင်းဖြစ်သည်။ သို့အတွက် စာရွက်စာတမ်း အဆက်အစပ်ပြည့်စုံမှု ရှိမရှိ စစ်ဆေး ပေးရန် ကျွန်ုပ်တွင် တာဝန်အပြည့်ရှိနေသည်။

ထို့ကြောင့် လူစုံသည်နှင့် ရောင်းသူထံမှ ပိုင်ဆိုင်သူ စာချုပ်စာတမ်းများကို တောင်းယူကြည့်လိုက်ရာ စာချုပ်အဆက် အစပ်များ ပြည့်စုံနေသည်ကို တွေ့ရသည်။ သို့ဖြစ်၍ ဝယ်သူ ကျော့ကျော့အား ထိုစာချုပ်များကို ပြသလိုက်သည်။ ကျော့ကျော့ က (၆)ကျပ်တန် အခွန်တံဆိပ်ခေါင်းနှင့် ချုပ်ဆိုထားသော စာချုပ် တစ်ခုကို ဆွဲထုတ်၍ "ရှေ့နေကြီး ဒီစာချုပ်က စရန်ပေးစာချုပ်စဉ်က ပါမလာဘူး။ ဒီနေ့အပြီးစာချုပ်မှ ပါလာတာ" ဟု ရှင်းပြ သည်။

'မတူ' တူအောင်လုပ်၊ ဖန်တီးစာချုပ်ချုပ်

ထိုအခါ ကျွန်ုပ်က ရောင်းသူဘက်သို့လှည့်၍ "ဒီစာချုပ် နဲ့ပတ်သက်လို့ မှန်ကန်ကြောင်း တာဝန်ယူသလား" ဟု မေးရတော့သည်။ ရောင်းသူကလည်း တာဝန်ယူ အာမခံသည်။ "ဒါဆိုရင် စရန်ပေးစာချုပ်စဉ်က ဘာလို့မပြောတာလဲ" ဟု မေးကြည့် လိုက်သည့်အခါ "မေ့ကျန်သွားခဲ့လို့ပါ" ဟု ပြန်ဖြေသည်။ ထို (၆)ကျပ်တန်စာချုပ်အသစ်ကို ကျွန်ုပ်လည်း မသင်္ကာ၍လက်ရေး လက်မှတ်များအား (၃)ကြိမ်အထိ အပြန်ပြန်အလှန်လှန် စစ်ကြည့်နေမိသည်။ လက်ရေးလက်မှတ်များကို ကြည့်ရသည်မှာ နောက်မှအကြံရ၍ (၆) ကျပ်တန် တံဆိပ်ခေါင်းအဟောင်း ဝယ်၍ လိုအပ်သည့်စာသားများနှင့် လက်ရေးလက်မှတ်များကို ပြန်လည်ဖြည့်သွင်းထားကြောင်း ထင်ရှားနေသည့် လိမ်လည်မှု နှင့် လက်ရေးလက်မှတ်အတုပြုလုပ်မှု (၄၂၀/၄၆၈)ငြိနေသည် ကို မေ့နေသည်ထင်သည်။

မြေဂရန်လျှောက်ထား၍မရခဲ့သော် ပေးထားသမျှ အကုန်ပြန် လျော်ပါ

ထို့ကြောင့် ကျွန်ုပ်က ဝယ်ယူသူ၏အပြီးအပိုင်အရောင်း အဝယ်စာချုပ်တွင် အရှုပ်အရှင်း တစ်စုံတစ်ရာပေါ်ပေါက်ခဲ့၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာနတွင် အနှစ်(၆၀)ဂရန်သစ်လျှောက်ထား ၍ မရခဲ့ပါက ဝယ်သူပေးအပ်ထားခဲ့သော ငွေအားလုံးကို ကာလ ပေါက်ဈေးအတိုင်း တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်ပါမည်ဟု ရောင်းသူက ဝန်ခံကတိပြုပါသည်...ဟူသော စာပိုဒ်ကို ထည့်သွင်း၍ ချုပ်ဆိုလိုက်သည်။

စရန်ငွေပြန်မပေး၊ ကျန်ငွေအကုန်ယူဖို့ လက်မနှေးသူ

ရောင်းသူဘက်ကလည်း လွန်ခဲ့သော ၂၀ဝ၀ ပြည့်နှစ် ကပင် မြေကွက်ဝယ်ပြီး အိမ်ဆောက်နေထိုင်လာခဲ့ခြင်းဖြစ်၍ အရှုပ်အရှင်းမရှိကြောင်း ဝန်ခံလက်မှတ်ရေးထိုးပေးကြသည်။ သို့သော် အရောင်းအဝယ်ပွဲပျက်မည်စိုးသဖြင့် စာချုပ်အဆက်အစပ်ပါစေရန် ဖန်တီးထားသည့် စာချုပ်ကို ယခုကဲ့သို့ အသစ်ပြင်ဆင်ထားဟန်တူပါသည်။ ဤစာချုပ်အသစ်ကို ဝယ်သူ ကျော့ကျော့အနေဖြင့် ယုံကြည်မှုမရှိသော်လည်း ရောင်းသူ ဘက်မှ ငွေလိုနေသဖြင့် စရန်ငွေပြန်အမ်းကြပါ။ အရှုပ်အရှင်းမရှိ တာဝန်ယူသည်ဆိုပြန်တော့လည်း ဝယ်သူဘာမှမတတ်နိုင်။ အပြီးအပိုင်စာချုပ် ချုပ်၍ ကျန်ငွေပေးချေလိုက်ရတော့ သည်။

စာချုပ်အဆက်အစပ်များလှသည့် မြေချပါမစ်ကိုဝယ်လျှင် သတိယှဉ်

အိမ်ခြံမြေပါမစ်အရောင်းအဝယ်လောကတွင် ယခုကဲ့သို့ စာချုပ်အဆက်အစပ်မမိသဖြင့် ရောင်းသူဘက်မှ နှစ်ဟောင်းမှထုတ်ဝေခဲ့သော စာချုပ်အဟောင်းများကို ရှာဖွဝယ်ယူ ၍ စာချုပ်အဆက်အစပ်မိစေရန် ဖန်တီးပြီး ရောင်းတတ်ကြလေ့ရှိသည်။ သို့သော် ဤသို့သော စာချုပ်ပါ လက်ရေးလက်မှတ် များမှာ ပိုင်ဆိုင်မှုအရှုပ်အရှင်း တစ်စုံတစ်ရာမပေါ်ပေါက်ပါက အမှန်တကယ်ချုပ်ဆိုခဲ့သကဲ့သို့ အသက်ဝင်နေသည်ကို တွေ့ရသည်။

မြေချပါမစ်မှန်လျှင် ဂရန်အသစ်ထုတ်ပေး/ စာချုပ်မှန်မမှန် လျှောက်ထားသူတာဝန်

ထိုပြင် အဆိုပါ မြေကွက်ပါမစ်ကို အနှစ်(၆၀)ဂရန် သစ် လျှောက်ထားလျှင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ မြေချပါမစ် အမည်ပေါက်မှန်ကန်မှုနှင့် စာရွက်စာတမ်းပြည့်စုံမှုကိုသာ အဓိကထား စစ်ဆေးပြီး ပါမစ်မှန်ကန်၍ စာချုပ်အဆက်အစပ် ပြည့်စုံလျှင် အနှစ်(၆၀)ဂရန်သစ် လျှောက်ထားခွင့်ပြုသည်ကို တွေ့ရသည်။ စာချုပ်စာတမ်းပါ ရောင်းသူဝယ်သူနှင့် သက်သေ တို့၏ လက်ရေးလက်မှတ်များမှာ မှန်ကန်မှုရှိမရှိ ရောင်းသူ ဝယ်သူတို့၏တာဝန်သာဖြစ်သည်ဟု သတ်မှတ်ထားကြဟန်တူ သည်။
မြေချပါမစ်လက်ဝယ်ရှိသူသာ ပိုင်ရှင်/ အမှားလုပ်ခဲ့လျှင် ကိုယ့်အပြစ်ကိုယ်ခံ အမှန်ဆိုရလျှင်လည်း ရန်ကုန်မြို့တော်စည်ပင်၊ မြေ စီမံဌာန၏ ဆုံးဖြတ်ချက်မှာ မှန်ပါသည်။ အရောင်းအဝယ်လုပ် သည့် အရပ်ကတိစာချုပ်ပါ လက်ရေးလက်မှတ်တို့ကို လိမ်လည် အတုပြုလုပ်လျှင် ပြုလုပ်သူတို့၏တာဝန်သာ ဖြစ်သည်။ ပြဿနာ ပေါ်ပေါက်လာခဲ့လျှင်လည်း ဥပဒေကြောင်းအရ ဖြေရှင်းကြရန် သာ ဖြစ်သည်။ ဂရန်သစ်ထုတ်ပေးခြင်းနှင့် မသက်ဆိုင်ပါ။ လျှောက်ထားသူလက်ဝယ်ပိုင်ဆိုင်သည့် မြေချပါမစ် မှန်ကန်ပြီး စာချုပ်အဆက်အစပ်ပြည့်စုံလျှင် ဂရန်သစ်ထုတ်ပေးမည်။ မရိုး မဖြောင့်သော စာချုပ်စာတမ်းများဖြစ်ခဲ့လျှင် တရားရုံး၏ အဆုံး အဖြတ်သာခံယူပေတော့ဟု ဆိုလိုရာရောက်ပေသည်။

နိဂုံးချုပ်အနေဖြင့် အကြံပြုလိုသည်မှာ ပါမစ်မြေကွက် ဝယ်လျှင်ဖြစ်စေ၊ ဂရန်မြေကွက်ဝယ်လျှင်ဖြစ်စေ၊ ဘိုးဘွားပိုင်မြေ ဝယ်လျှင်ဖြစ်စေ၊ ဆက်စပ်စာချုပ်များသည်လည်း အရေးကြီးလှသဖြင့် မြေဝယ်လျှင် သေသေချာချာ စိစစ်ဝယ်ယူကြစေလိုကြောင်း တိုက်တွန်းလိုက်ရပါသည်။

Credit : လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com Property Website အတွက် အထူးရေးသားဖော်ပြသည်။

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
imyanmarmarket
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service