မြန်မာနိုင်ငံ၏ တည်နေရာသည် ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံများ နှင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်ခုအကြား ကုန်စည် စီးဆင်းမှုပြုလုပ်နိုင်သည့် မဟာဗျူဟာအချက်အချာကျသည့် နေရာတစ်ခုဖြစ်သည်။
အာရှတိုက်၏ ကုန်စည်သယ်ယူ ပို့ဆောင်ရေးကို ပိုမိုအဆင်ပြေအောင် မြှင့်တင်ပေးနိုင်သည့် ဆုံမှတ်တစ်ခုလည်းဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်သည့် သယံဇာတများ၊ လူသားအရင်းအမြစ် ဖြစ်သည့် လူငယ်လူရွယ်ဦးရေ များပြားစွာရှိနေခြင်းသည် ရင်းနှီးမြှုပ်နှံလိုသူနိုင်ငံများအတွက် အားသာချက်တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ အဓိကရင်းနှီးမြှုပ်နှံ လျက်ရှိသည့် နယ်ပယ်များမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ သတင်းအချက် အလက် ဆက်သွယ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် အိမ်ခြံ မြေလုပ်ငန်းများဖြစ်ပြီး ယင်းနယ်ပယ်များတွင် ဈေးကွက်များ ပိုမိုရရှိရန်လည်း အလားအလာများစွာရှိနေသည်။ ထိုကဲ့သို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ရရှိနေ သကဲ့သို့ အခြားရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်၊ ကဏ္ဍများစွာ လည်း ကျန်ရှိနေခြင်းမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ အတွက် အားသာချက်များဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကြား ခိုင်မာသောဆက်ဆံရေးတစ်ခုမှာ စီးပွားရေးတိုးတက် မှုဆိုင်ရာ ရေရှည်မြင့်မားသည့် လမ်းကြောင်းကို ရရှိစေနိုင် ခြင်းဖြစ်သည်။ ယင်းကြောင့်ပင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် မောင်းနှင်အား သည် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများဟု နားလည် သဘောပေါက်သဖြင့် မြန်မာနိုင်ငံသားများနှင့် ပြည်သူတို့၏ ပတ်ဝန်းကျင်အတွက် အပြုသဘောသက်ရောက်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးကူညီရန် ခိုင်မာသည့် ဆုံးဖြတ် ချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိနေသည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု များ မြှင့်တင်ရာတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုမှာ ပထမ ဆုံးနှင့် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်သည်။ ရေရှည်တည်တံ့ သည့် ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် ပင်လုံစိတ်ဓာတ်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်း၊ ယင်းဆွေးနွေးပွဲများ မှ ထွက်ပေါ်လာသည့် ရလဒ်များအရ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် ထူထောင်နိုင်ရန်ရည်ရွယ်ပြီး တိုင်းရင်း သားများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး မှုများကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သည်။
၂ဝ၁၇ ခုနှစ် မေ ၂၉ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံတွင် ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များအနက် (၃၇) ချက်ကို အောင်မြင်စွာ သဘောတူနိုင်ခဲ့ခြင်းသည် နိုင်ငံတော် အစိုးရနှင့် အခြားပါဝင်ပတ်သက်သူများအနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အတူတကွ အကောင် အထည်ဖော်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ဖော်ဆောင်ကြရန်ဖြစ်သည်။
ယင်းအပြင် နိုင်ငံတော်အနေဖြင့် ရင်းနှီးမြှုပ်နှံသူများ အတွက် အဆင်ပြေစေမည့် အခင်းအကျင်းကိုလည်း ဖန်တီး လျက်ရှိရာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
ဥပဒေတွင် ထင်ရှား သည့်အချက်များမှာ ရင်းနှီးမြှုပ်နှံသူများအပေါ် အကာအကွယ် ပြုသည့်အချက်များနှင့် အဆင်မပြေမှုများရှိပါက တိုင်ကြား နိုင်သည့်ယ္တရားများ ထည့်သွင်းထားသည်။၊ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများနှင့် တည်နေရာလိုက်ပြီး ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်း များကို ပြဋ္ဌာန်းပေးခဲ့သည်။
ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် အခွန်ကောက်ခံရေး၊ ကုန်သွယ်မှုဖြေလျှော့ရေး၊ ကုန်သွယ်မှု လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပညာပေးအစီအစဉ် များနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များ ဆောင်ရွက်ခဲ့သည်။ ယင်းကြောင့်ပင် ယခင်အစိုးရ၏ နောက်ဆုံးဘဏ္ဍာနှစ်ဖြစ်သော ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၈ ဘီလီယံရှိခဲ့ရာမှ သမိုင်းအလှည့်အပြောင်းဖြစ်ခဲ့ သော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံသာ ဝင်ရောက်ခဲ့သဖြင့် လက်ရှိ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် လေးလတာကာလ မပြည့်မီမှာပင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံရရှိနေသဖြင့် ယခင် နှစ်ထက် ၅ဝ ရာခိုင်နှုန်းကျော် ရရှိနေခြင်းဖြစ်ရာ လျာထား ချက်ပမာဏရရှိရန်မှာ သေချာနေပြီဖြစ်သည်။
ယင်းပမာဏ ကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လုပ်ငန်းပေါင်း ၉၅ ခုမှ ရင်းနှီး မြှုပ်နှံခဲ့ခြင်းကြောင့် ပြည်တွင်းလုပ်သား သုံးသောင်းကျော် အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့ဖန်တီး ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံအတွင်းသို့ လက်ရှိဘဏ္ဍာနှစ်တွင် ရင်းနှီး မြှုပ်နှံမှုအများဆုံးဖြင့် ဝင်ရောက်လာသည့် ငါးနိုင်ငံမှာ စင်ကာပူ၊ တရုတ်ပြည်သှူသမ္မတနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဟောင်ကောင်တို့ ဖြစ်သည်။
ယင်း တို့သည် စက်မှုကဏ္ဍ၊ အိမ်ရာနှင့် အဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတို့တွင် အများဆုံးရင်းနှီးမြှုပ်နှံကြသည်။ ရင်းနှီးမြှုပ်နှံ မှုအများဆုံး နိုင်ငံစာရင်းတွင်မူ တရုတ်ပြည်သှူသမ္မတ နိုင်ငံသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းဖြင့် ဦးဆောင်လျက်ရှိရာ ယင်းနောက်တွင် စင်ကာပူနှင့် ထိုင်း နိုင်ငံတို့က အစဉ်လိုက်ရှိနေပြီး နိုင်ငံပေါင်း ၄၉ နိုင်ငံမှ လုပ်ငန်းပေါင်း ၁၃၁၂ ခုက ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်(ဇွန်လ)နှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် (ဇွန်လ)အထိ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ' နှိုင်းယှဉ်ချက်ပြဇယား (ဇယား-၂) ၂၁ ဇူလိုင်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေ အနေပြဇယား ' ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်တွင် ရန်ကုန်တိုင်းဒေသကြီးသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ယင်းနောက်တွင် မ္တလေးတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့ဖြစ်သည်။ သို့သော်လည်း ယခု ဘဏ္ဍာနှစ်အတွင်း ဝင်ရောက်မှုမရှိသေးသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့ဖြစ်နေ ခြင်းကြောင့် သိသာထင်ရှားသည့် စီးပွားရေးဆိုင်ရာ ဖြေလျှော့ မှုများနှင့် အထောက်အကူဖြစ်စေမည့် ဥပဒေဆိုင်ရာပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေပြဇယားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာမှု နည်းပါးနေသေးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကော်မတီခွဲများကို ယခုနှစ် ဇူလိုင် ၇ ရက်တွင် ဖွဲ့စည်းခဲ့ပြီးလည်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မ္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် လုပ်ငန်းကော်မတီရုံးခွဲများ ဖွင့်လှစ်ပေးပြီးဖြစ်ပြီး ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ယခုနှစ်အတွင်းဖွင့်လှစ် သွားတော့မည်ဖြစ်သည်။
အခွန်ကင်းလွတ်သက်သာခွင့် လျှောက်ထားခြင်းမှ မြေအသုံးပြုခွင့် စည်းမျဉ်းများအပြင် မတည်ရင်းနှီးငွေ ဒေါ်လာငါးသန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း ၆ဝဝဝ အထိ ရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများကိုယ်တိုင် ခွင့်ပြုမိန့်ထုတ်ပေးနိုင်မည်ဖြစ်သည်။
ယင်းအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များသည်လည်း စက်မှုဇုန် များ ထပ်မံတည်ထောင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေး ခြင်းများ လုပ်ဆောင်လျက်ရှိနေခြင်းကြောင့် မကြာမီကာလအတွင်း အဆိုပါ ဒေသများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာတော့မည်ဖြစ် သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်လည်း နိုင်ငံတော်၏ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူစေရန် ကမ္ဘာ့ဘဏ်က စံထားသောအချက်များဖြင့် ထိ ရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိနေပြီဖြစ်သည်။
မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံသားရင်းနှီး မြှုပ်နှံသူများကို တန်းတူအခွင့်အရေးပေးခြင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံလိုသူများကို အချိန်မ လင့်စေဘဲ တစ်နေရာတည်း၌ တစုတစည်းတည်း အလုံးစုံဝန်ဆောင်မှုများပေး နိုင်ရန် ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် လမ်းòန်ချက်ပေးခြင်းနှင့် လိုအပ်သည့် လျှောက်လွှာများကို အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ ကိုယ်စားလက်ခံပေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းများအပြင် နစ်နာဆုံးရှုံးမှုများကို ထောက်ပံ့ကူညီ ပေးခြင်းများစသည်တို့ကို ဆောင်ရွက်လျက် ရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိ ရေးသည် နိုင်ငံတကာ စီးပွားရေးအသိုက်အဝန်းများနှင့် ချိတ်ဆက်ပြီး ဈေးကွက်စီးပွားရေးစနစ်တစ်ရပ် ကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်သည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာအကူအညီများစွာသည် အရေးတကြီးလိုအပ်လျက်ရှိ သည်။
ယင်းကြောင့်ပင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ကိုင်နိုင်စေရန်၊ ပြည်တွင်းနှင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက် ဆောင်ရွက်နိုင်စေရန် လိုအပ်သည့် ဖြေလျှော့မှုများကို နိုင်ငံတော်အစိုးရအဖွဲ့အစည်းများအားလုံး ပူးပေါင်း၍ အားသွန်ခွန်စိုက်ဆောင်ရွက်နေကြပြီဖြစ်ရာ မနှေးသော အနာဂတ်မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာဖွယ်ရှိပြီး မြန်မာပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် အလားအလာကောင်းများရှိလာတော့မည် ဖြစ်သည်။
Credit: MOI WebPortal Myanmar