တရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်နေသည့် ခေတ်သစ် ပိုး လမ်းမ စီမံကိန်းတွင် မြန်မာနိုင်ငံက တစ်စိတ်တစ်ပိုင်းပါဝင်နေ၍ ယင်းစီမံ ကိန်းကို ဆောင်ရွက်နိုင်ရန်ဝန်ကြီးဌာနအချို့ ပူးပေါင်းကာ သီးသန့်ဌာနတစ်ခု ထားသင့်ကြောင်း အစိုးရကို စီးပွားရေး ပညာရှင် အချို့က အကြံပြုသည်။
တရုတ်၏ ခေတ်သစ်ပိုးလမ်း မစီမံကိန်းသည် နိုင်ငံရေး၊ စီးပွား ရေးနှင့် သက် ဆိုင်နေခြင်းကြောင့် တပ်မတော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့နှင့် စီမံ ကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာနတို့အောက်တွင် ဌာနသီးသန့်ဖွဲ့၍ ပူးေ ပါင်းဆောင် ရွက်သင့်ကြောင်း နိုင်ငံရေးနှင့် စီးပွားရေး လေ့လာ သုံးသပ်သူ ဦးဇေယျသူက ပြောသည်။
နိုင်ငံ ၆၈ နိုင်ငံပါဝင်သည့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်း မသည် တရုတ် အစိုးရ၏ စီမံကိန်း ဖြစ်သောကြောင့် မြန်မာနိုင်ငံ အနေဖြင့် ပူးပေါင်းဆောင် ရွက် မည်ဆိုပါက အစိုးရတွင် ဌာနတစ် ခု သီးသန့်ထားရှိ၍ မဟာဗျူဟာ တစ်ခု ရေးဆွဲထားသင့်ကြောင်း ၎င်းက ပြောသည်။
‘‘တရုတ်ဘက်က စဉ်းစား ရင် မြန်မာကတော့ အကောင်းဆုံး မဟုတ်နိုင်ဘူး။ ဒါကို ဘယ်လို ချဉ်းကပ်မလဲဆိုတာ ကိုယ့်ဘာ သာကိုယ် မဟာဗျူဟာ ဆွဲဖို့လို ပါတယ်’’ ဟု (One Belt, One Road) အပေါင်းလား၊အနုတ်လား ဆိုသည့်ေ ခါင်းစဉ်ဖြင့် သြဂုတ် ၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပ သော ဆွေးနွေးပွဲ၌ ဦးဇေယျသူ က ပြောသည်။
ခေတ်သစ်ပိုးလမ်းမစီမံကိန်း တွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကူမင်းမှ ရခိုင်ပြည်နယ်ကျောက်ဖြူအထိ ကုန်းလမ်းကြောင်း စီမံကိန်း၊ ကျောက်ဖြူမှ သီရိလင်္ကာနိုင်ငံအထိ ရေလမ်းကြောင်း စီမံကိန်းများ ပါဝင်နေသည်။
တရုတ်အစိုးရက ဦးဆောင် သည့် ခေတ်သစ်ပိုးလမ်းမစီမံ ကိန်းသည် အာရှ၊ ဥရောပနှင့် အာဖရိကတိုက်တို့ရှိ နိုင်ငံ၆၈ နိုင်ငံကို တပေါင်းတစည်း ဖြစ်စေ ရန် ကုန်းလမ်း၊ ရေလမ်းဖြင့် ဆက်သွယ်မည့်စီမံကိန်းကြီး တစ် ခု ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အာ ဆီယံအသိုက်အဝန်းတွင်လည်း ပါဝင်ရန် နောက် ကျခဲ့ခြင်းကြောင့် ယခုတစ်ကြိမ်၌ နောက်ကျမှု မရှိစေရန် ကြိုတင်ပြင်ဆင် ထား သင့်ကြောင်း ၎င်းက ရှင်းပြသည်။
ခေတ်သစ်ပိုးလမ်းမစီမံကိန်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေ ဖြင့် သုတေ သနနှင့် ဖွံ့ဖြိုးရေးလုပ် ငန်းများ ကြိုတင်ပြင်ဆင်ထားပြီး ဥပဒေ၊ နည်းဥပဒေ များကို စနစ်တကျ ပြင်ဆင်ထားရန် လိုအပ်ကြောင်း ရန်ကုန်တိုင်း အစိုးရအ ဖွဲ့၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
ခေတ်သစ်ပိုးလမ်းမစီမံကိန်း တွင် မြန်မာနိုင်ငံပါဝင်မှုနှင့်ပတ် သက်၍ အစီရင်ခံစာကိုလာမည့် အမျိုးသား လွှတ်တော်သို့ တင်ပြရန် စီစဉ်နေေ ကြာင်း ပြည် ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးဇော်ဖေဝင်းက ပြောသည်။
ဘေဂျင်းမြို့တွင် ကျင်းပ သော Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး ဖိုရမ်၌ မြန်မာနိုင်ငံနှင့် တရုတ် အကြား ရပ်ဝန်းတစ်ခု၊ လမ်း ကြောင်းတစ်ခု မဟာစီမံချက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာ ချွန်လွှာကို မေလ ၁၄ ရက်တွင် နှစ်နိုင်ငံခေါင်းဆောင်များ လက်မှတ်ရေး ထိုးခဲ့သည်။
OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအတွက် မူလက ၅၆ နိုင်ငံနှင့် သဘော တူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်သော တရုတ်အစိုးရသည် ၂၀၁၇ ဘေဂျင်း တွင် ကျင်းပသော ဖိုရမ်၌ မြန်မာ၊ စင်ကာပူ၊ မလေးရှား၊ တီမောလက်စတေ၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ နီပေါ၊ ခရိုအေးရှား၊ မွန်တီနီဂရိုး၊ ဘော့စနီးယား ဟာဇီဂိုဗီးနား၊ အယ်လ်ဘေးနီးယား နိုင်ငံတို့နှင့် နားလည်မှုစာချွန်လွှာများ ထပ်မံရေးထိုးခဲ့သည်။
Credit: 7DayDaily