ရန်ကုန် စတော့အိတ်ချိန်းတွင် FMI ကုမ္ပဏီ၏ရှယ်ယာအရောင်းအဝယ်ကို သြဂုတ် ၇ ရက်မှ ၁၄ ရက်ထိပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းက ထုတ်ပြန်သည်။
FMI ကုမ္ပဏီ၏ ရှယ်ယာ ၁၀ စုလျှင် အပိုရှယ်ယာတစ်စု ပေးမည်ဖြစ်သဖြင့် ရှယ်ယာအ ရောင်းအဝယ်ခေတ္တရပ်ဆိုင်းထား မည်ဖြစ်ပြီး သြဂုတ် ၁၅ ရက် တွင် ပြန်လည်ရောင်းချမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံးစာရင်းဝင် FMI ကုမ္ပဏီသည် ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်အတွင်း ရရှိသည့်ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းခန့်ကို အမြတ်ဝေစု အဖြစ် ရှယ်ယာရှင်များကို ခွဲဝေပေးမည်ဟု ဇူလိုင် ၁ ရက်၌ ကြေညာခဲ့သည်။ ထိုသို့ပေးရာတွင် Bonus Share (အပိုရှယ်ယာဝေစု)နှင့် အမြတ်ငွေပေး မည်ဟု ဆိုသည်။
FMI အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က စုစုပေါင်းဝင်ငွေ ကျပ် ၁၀၀ ဘီလီ ယံမှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းဝင်ငွေ ကျပ် ၁၆၁ ဒသမ ၃ ဘီလီယံသို့ တိုးတက်ခဲ့ကြောင်း ယင်းကုမ္ပဏီ က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ကုမ္ပဏီ၏ရှယ် ယာတစ်စုဝင်ငွေသည် ၄၀၇ ကျပ် မှ လက်ရှိ ဘဏ္ဍာနှစ်တွင် ၅၁၈ ကျပ်သို့ ၂၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဆိုသည်။
သို့သော် FMI ကုမ္ပဏီသည် လုပ်ငန်းတိုးချဲ့ဆဲဖြစ်၍ အမြတ် ငွေများကို ထပ်မံတိုးချဲ့ အသုံး ပြုရန် ရည်ရွယ်ထား၍ အမြတ်ငွေ များအစား အစု ရှယ် ယာ ၁၀ စုလျှင် ရှယ်ယာတစ်စုထုတ်ပေးမည်ဖြစ် ကြောင်း ကုမ္ပဏီက ထုတ်ြ ပန်ထားသည်။ ထို့အပြင် ရှယ်ယာတစ်စု လျှင် Bonus(ဆုကြေးငွေ) ၁၀၀ ကျပ်ပေးမည်ဟု ဆိုသည်။ FMI ကုမ္ပဏီသည် ယခင်နှစ်တွင် ရှယ် ယာတစ်စု လျှင် အမြတ်ငွေ ၁၃၅ ကျပ်ပေးခဲ့သည်။
‘‘ပြန်ဖွင့်ရင် ရှယ်ယာဈေးအသစ် ပြန်သတ်မှတ်မယ်ကြား တယ်’’ ဟု FMI ရှယ်ယာပိုင်ရှင် တစ်ဦးက ပြောသည်။
FMI ကုမ္ပဏီအုပ်စုအနေဖြင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍ၊ အိမ်ရာဖော် ထုတ် တည်ဆောက်မှုကဏ္ဍနှင့် ကျန်းမာရေးစောင့် ရှောက်မှု ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံမှုများဆောင်ရွက်နေသည့် အပြင် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ် ခရီးသွားလုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများကို ဆောင်ရွက်ေ နသည်။
လက်ရှိ ရန်ကုန်စတော့အိတ် ချိန်းတွင် ကျန်စာရင်းဝင်ကုမ္ပဏီ ဖြစ်သည့် သီလဝါအထူးစီးပွားရေး ဇုန်အများပိုင်ကုမ္ပဏီ(MTSH)က ရှယ်ယာတစ်စုလျှင် ကျပ် ၂၆၀၊ မြန်မာနိုင်ငံသားများဘဏ်က အ မြတ်ဝေစု ၃၀၀ ကျပ်နှင့် ပထမ ပုဂ္ဂလိကဘဏ် အမြတ်ငွေ ကျပ် ၂,၀၀၀ ပေးမည်ဟု ကြေညာထား သည်။
Credit: 7DayDaily