ရန်ကုန်မြို့ရဲ့ မိုးရာသီ အိမ်ခြံမြေဈေးကွက်လားရာ

ရန်ကုန်မြို့ရဲ့ မိုးရာသီ အိမ်ခြံမြေဈေးကွက်လားရာ - Property News in Myanmar from iMyanmarHouse.com
10 Aug 2017 9:40 am တွင် တင်ခဲ့သည်
1328 ကြိမ် ကြည့်ရှု့ပြီး
၂ဝ၁၂ ၊ ၂၀၁၃ ခုနှစ် အိမ်ခြံမြေ ရွှေခေတ်ဖြစ်ခဲ့သည့်အချိန်မှ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး အရောင်းအဝယ်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ နှေးလာတဲ့ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်ဟာ အခုဆိုရင် အေးစက်လာခဲ့တာ နှစ်နှစ်ကျော်လောက်ရှိပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တွေနဲ့ အကျိုးဆောင်တွေကတော့ အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာ အခြေအနေပြန်ကောင်းလာမယ်လို့ ခန့်မှန်းချက်တွေ ဆိုခဲ့သော်လည်း ရွှေခေတ်ကိုရောက်တဲ့အထိတော့ မဖြစ်လာသေးပါဘူး။ အရောင်းအဝယ်မရှိလုနီးပါးထိ ဖြစ်ခဲ့တဲ့ အချိန်တွေထက်တော့ ဒီနှစ် ၂၀၁၇ မှာ ရန်ကုန်မြို့ရဲ့ နေရာအချို့က အရောင်းအဝယ်နဲ့ အိမ်ခန်းအငှား ဈေးကွက်တွေကတော့ အနည်းငယ်ပြန်သွက်လာတယ်လို့ သိရပါတယ်။ အခုအချိန်ကလဲ မိုးရာသီကို ရောက် နေပြီဖြစ်တဲ့အတွက် ရန်ကုန်မြို့ရဲ့ မိုးရာသီအိမ်ခြံမြေဈေးကွက်နဲ့ ပတ်သတ်ပြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှာ အတွေ့ကြုံရှိတဲ့ ရွှေကံမြေအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးကို iMyanmarHouse.com က မေးမြန်းထားပါတယ်။

မေး - ၂၀၁၇ ခုနှစ်ရဲ့ မိုးရာသီ အိမ်ခြံမြေ အခြေအနေဘယ်လို ရှိပါသလဲရှင့်။

ဒီနှစ်မိုးရာသီကတော့ အရောင်းအဝယ်က အသွက်ကြီးလိုက်တယ်လို့တော့ မဟုတ်သေးပါဘူး။ စက်မှုဇုန်က မြေ တွေတော့ ပုံမှန်ဈေးနဲ့ အရောင်းအဝယ်လိုက်တယ်။ ကျန်တဲ့နေရာတွေကတော့ အရောင်းအဝယ်ဖြစ်တာ ရှိသလို၊ မဖြစ်တဲ့နေရာတွေလဲ ရှိပါတယ်။ ဒါပေမဲ့ နင်လား၊ ငါလား အရောင်းအဝယ်ဖြစ်တဲ့ အနေအထားမဟုတ်သေးဘူး။

မေး - အရောင်းအဝယ်က အရမ်းမလိုက်သေးဘူးဆိုတော့ နှစ်နှစ်ကျော်လောက် အိမ်ခြံမြေဈေးကွက် အေးခဲ့တဲ့ အခြေအနေကနေ အခုအခြေအနေနဲ့က ဘာကွာခြားမှုတွေ ရှိပါလဲ။

အခုလက်ရှိအခြေအနေကတော့ အရင်နှစ်တွေကထက်တော့ ဟိုတစ်ကွက်၊ ဒီတစ်ကွက် တစ်စွန်းတစ်စ အရောင်းအဝယ် လိုက်လာတာရှိပါတယ်။ ဒါပေမဲ့ ကြီးကြီးမားမားတော့ မဟုတ်သေးပါဘူး။ တစ်ချို့နေရာတွေ၊ စီမံကိန်းနေရာတွေတော့ နည်းနည်း အဝယ်လိုက်ဖို့မေးတာတွေများတယ်။ ဒါပေမဲ့ တစ်ကယ်တမ်းမှာ ဈေးတွေက အမြင့်ဈေးတွေဖြစ်နေတော့ အရောင်းအဝယ်က တစ်ကယ်ဖြစ်မလာဘူး။ အဲဒီလိုတွေကြောင့် ကြီးကြီးမားမား အရောင်းဝယ်တွေ မဖြစ်တာပါ။ အိမ်ခြံမြေ ဈေးနှုန်းတွေက မြင့်နေတုန်းပဲ။

မေး - ဈေးနှုန်းတွေက အခုထိ မြင့်နေတုန်းဆိုတော့ ကျဆင်း သွားဖို့ကော အခြေအနေရှိလား။

အိမ်ခြံမြေ ဈေးနှုန်းတွေကတော့ အရင်အဆမတန် မြင့်ခဲ့တဲ့ အချိန်တွေနဲ့ယှဉ်ရင်တော့ ကျတယ်လို့ ပြောလို့ရတယ်။ သုံးဆယ် ရာခိုင်နှုန်းလောက်ထိ ကျသွားတယ် ဒါပေမဲ့ ဒီထက်တော့ ထက်ကျစရာ အခြေအနေမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ခန်းဈေးတွေကို အခြေခံနေတာဆိုတော့ တိုက်ခန်းဈေး တွေက ထပ်ကျတာမတွေ့ဘူး။

မေး - ပုံမှန်ဆို အိမ်ခြံမြေအရောင်းအဝယ်တွေက မိုးရာသီဆိုရင် အေးတတ်တော့ ဒီနှစ်မိုးရာသီကကော ခါတိုင်းနှစ်တွေလိုပဲလား။ တောက်လျှောက်ကလည်း အေးလာတာဆိုတော့ ပိုဆိုးနိုင်လား။

အရင်နှစ်တွေထက် ပိုဆိုးတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တောက်လျှောက်ဝင်လာတဲ့ သတင်းတွေ ကြားနေရပါတယ်။ ဒါကြောင့် အိမ်ငှားတဲ့ ဈေးကွက်တွေကတော့ ကောင်းနေဦးမှာပဲ။ အငှားဈေးကွက်က အိမ်ခြံမြေ အရောင်းအဝယ်ကျနေတဲ့ အချိန်မှာတောင် သူကကောင်းတုန်းပဲ။ အဲတော့ အခုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တစ်ကယ်ဝင်လာမယ်ဆိုရင် အငှားဈေးကွက်က ပိုကောင်းလာမှာပါ။

မေး - အခုအစိုးရသစ် စီမံကိန်းနေရာတွေက အိမ်ခြံမြေ အရောင်းအဝယ်တွေကို ဘယ်လိုအခြေအနေရှိပါလဲ။ အရင်အစိုးရတုန်းကတော့ စီမံကိန်းနေရာဆို စုပြုံပြီး ရောင်းကြဝယ်ကြတဲ့ အခြေအနေတွေ အရမ်းဖြစ်ခဲ့တော့ အခုကော ဘယ်လိုအခြေအနေ ရှိပါလဲ။

ဘယ်လိုအခြေအနေရှိလဲဆိုတော့ အခုစီမံကိန်းနေရာတွေက အရင်ကစီမံကိန်းတွေကိုပဲ ဆက်အကောင်အထည်ဖော်တာဆိုတော့ ဒီနေရာတွေက ဈေးတွေက မြင့်ပြီးသားတွေ ဖြစ်နေတယ်။ ဒလမြို့က မြေတွေဆို အခုချိန်မှာဆို မဝယ်နိုင်တော့ဘူး။ အခုမှ စပြီးရင်းနှီးမြှုပ်နှံမှုစမယ့် သူတွေအတွက်ဆို ဈေးကမလိုက်နိုင်တော့တဲ့ ဈေးတွေဖြစ်နေတယ်။ အဲဒီအနေအထားတွေကြောင့်လဲ စီမံကိန်းနေရာတွေက အရောင်းအဝယ်မဖြစ်တဲ့ သဘောတွေ ဖြစ်သွားတာပေါ့။

မေး - အဲဒီနေရာတွေက အရင်ကတည်းက စီမံကိန်းလုပ်ဖို့လျာထားခဲ့ ရှိခဲ့တုန်းက မြေတွေ အရမ်းဝယ်ခဲ့ကြတဲ့ နေရာတွေက အခုအရောင်းအဝယ် သိပ်မရှိတော့တာလား။

အဲဒီနေရာတွေက အရင်တုန်းက အရမ်းဝယ်ခဲ့တဲ့ နေရာတွေ။ အဲ့လို အဝယ်များခဲ့ပြီး တစ်ဆင့်၊ နှစ်ဆင့်၊ သုံးဆင့် လောက်ထိ ပြန်ရောင်းပြီး ပြောင်းသွားတဲ့အခြေအနေတွေ ဖြစ်ကုန်ပြီဆိုတော့ ဈေးတွေကလဲ မြင့်ပြီးသားတွေဖြစ်ပြီး အခုချိန်မှာ ပြန်ဝယ်ပြီး ရင်းနှီးမြှုပ်နှံဖို့ မလိုက်နိုင်တော့တဲ့ အနေအထားတွေ ဖြစ်နေတာပေါ့။

မေး - အဲဒါဆို ဒီလိုကြုံနေရာတာတွေက အရင်က အမြင့်ဈေးတွေနဲ့ဝယ်ထားတဲ့ အခြေအနေတွေကြောင့် အခု အရောင်းအဝယ်သိပ်မဖြစ်တာကို ကြုံနေရာတာပေါ့နော်။

ဟုတ်ပါတယ်။ ပြီးတော့ မြို့သစ်ဧရိယာတွေမှာ ကြိုပြီး ဝယ်ယူထားတဲ့ စုထားတဲ့သူတွေကလဲ ရှိပြီးသားတွေရှိနေတော့ အခု စီမံကိန်းတွေထပ်လုပ်မယ်ဆိုတဲ့ အချိန်မှာ အရင်တုန်းကလို စီမံကိန်းနေရာတွေ ဆိုပေမယ့် ရုတ်ရုတ်သဲသဲ အပြိုင်အဆိုင် အရောင်းအဝယ်တွေ မဖြစ်တော့တာပါ။

မေး - အဲဒါဆို နှစ်နှစ်ကျော်လောက် ငြိမ်နေတဲ့ အိမ်ခြံမြေ ဈေးကွက်က နေ အခုအိမ်ခြံမြေဈေးကွက်က ပိုကောင်းလာနိုင်မယ့် အနေအထားပြန်ဖြစ်မလား။ ပိုဆိုးမယ့်အနေအထား ဖြစ်မလား။

ပိုကောင်းလာမယ့်အနေအထားပဲ ပြန်ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကယ်လုပ်မယ့် စီမံကိန်းတွေ ရှိနေပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေလဲ ဝင်လာနိုင်မယ့်အနေ အထားတွေလဲရှိနေတယ်။ ဈေးနှုန်းတွေကလဲ အဆမတန်ကနေ ပြန်ကျပြီးနေတဲ့ အနေထားဖြစ်နေပြီဆိုတော့ ပြန်တော့ကောင်း လာမယ့် အနေအထားမှာရှိမယ်လို့ သုံးသပ်ပါတယ်။

Credit : MIA မှ iMyanmarHouse.com Property Website အတွက် အင်တာဗျူး၍ ရေးသားဖော်ပြသည်။
ရန်ကုန်မြို့ရဲ့ မိုးရာသီ အိမ်ခြံမြေဈေးကွက်လားရာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service