မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကြားတွင် တည်ဆောက်လျက် ရှိသော သာကေတ တံတားသစ်ကို လာမည့်နှစ် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါ ရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းေ ဆာင်ရွက်ရေး အေဂျင်စီမှ သိရသည်။
တံတားကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ)၏ အကူအညီဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ဂျပန်ယန်း သန်း ၃,၃၆ဝ ကျော် အကုန်အကျခံ တည်ဆောက်မည်ဖြစ်သည်။
လေးလမ်းသွားတံတားအဖြစ် တည်ဆောက်ထား သော ယင်းတံတားသစ်မှာ ၂၅၃ မီတာ ရှည်လျားမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသော သာကေတ တံ တားထက် ခံနိုင်ဝန်အား ပိုခံနိုင်မည်ဖြစ်သည်။ တံတားဒီဇိုင်းသည် မြင့်မား သည့် တာဝါတိုင်များ၌ သံနန်းကြိုးများ ဆိုင်းထားသော Extra dosed အမျိုး အစားဖြစ်ကာ အဆိုပါ အမျိုးအစားနှင့် ပုံစံသည် မြန်မာနိုင်ငံတွင် ပထမဆုံြး ဖစ်လာမည် ဖြစ်သည်။
သာကေတတံတား တည်ဆောက်ရန် ၂ဝ၁၄ ခုနှစ် ဇွန်လကတည်းက မြန် မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးေ ပါင်း ဆောင်ရွက်ရေး အေဂျင်စီတို့ သဘောတူလက်မှတ်ထိုးခဲ့ ကြခြင်းဖြစ်ပြီး တည်ဆောက်ချိန် ၃၅ လ အချိန်ယူ တည်ဆောက်မည်ဖြစ်ကာ လက်ရှိအချိန် တွင် ၆ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။
အဆိုပါ တံတားသစ် တည်ဆောက်ပြီးပါက လက်ရှိအသုံးပြုနေသော သာကေတ တံတားဟောင်းကို ဖျက်သိမ်းသွားမည်ဖြစ်ေ ကြာင်း ဆောက် လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအသုံးပြုနေသော သာကေတတံတားမှာ သက်တမ်း ၄၇ နှစ်ရှိနေပြီ ဖစ်ပြီး နေ့စဉ်ဖြတ်သန်းသွား လာမှု များပြားလာနေသော ကားများကြောင့် တံတား၏ခံဝန်အား ကျဆင်းလာသည့်အတွက် တံတားသစ် တည်ဆောက်ရြ ခင်းဖြစ်ကြောင်း သိရသည်။
ယခု စီမံကိန်းသည် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းရန်၊ ပို့ဆောင် ဆက်သွယ်ရေး ချောမွေ့လာစေရန်နှင့် စီးပွားရေးအရ ဆက် သွယ်ဆောင် ရွက်မှုများ ပိုမိုအဆင်ပြေစေရန် ဖြစ်သည်။
Credit: Myanmar Time