မြန်မာနှင့်စင်ကာပူအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ယခုနှစ်အတွင်း အပြီးသတ်ချုပ်ဆို

မြန်မာနှင့်စင်ကာပူအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ယခုနှစ်အတွင်း အပြီးသတ်ချုပ်ဆို - Property News in Myanmar from iMyanmarHouse.com
9 Aug 2017 11:20 am တွင် တင်ခဲ့သည်
1002 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနှင့် စင်ကာပူ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ် နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ် ပေးရေးဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် နှစ်ဖက်ညှိနှိုင်း မှု အားလုံးကို ယခုနှစ်အတွင်းအပြီး သတ်လုပ်ဆောင်သွား
မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ သိရသည်။

လက်ရှိတွင် နှစ်နိုင်ငံသဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ပထမ အကြိမ် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၇ ခုနှစ် သြဂုတ် ၇ ရက်နှင့် ၈ ရက်များ တွင် စင်ကာပူမှ ကိုယ်စားလှယ်များ က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင် လာရောက်ဆွေးနွေးခဲ့ ပြီး ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး ခြင်းကို လာမည့် အောက်တိုဘာလ ဆန်းတွင် ပြုလုပ်ရန်အတွက် နှစ်နိုင်ငံသဘောတူညီခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင် အတွင်းရေးမှူး ဦးအောင်နိုင် ဦးက""ဒီဟာရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အတားအဆီး အဟန့်အတားတွေ ကို နည်းနိုင်သမျှနည်းအောင်၊ ချော ချောမွေ့မွေ့နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်လို့ရအောင် အခွင့်အရေးတွေ ပိုပြီး ပေးနိုင်အောင်၊ ပိုရအောင်လို့ပါ""ဟု သြဂုတ် ၈ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် စင်ကာပူနိုင်ငံနှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာ ချုပ် ချုပ်ဆိုနိုင်ရန် လုပ်ဆောင်နေသ ကဲ့သို့ ဥရောပသမဂ္ဂ(EU)နှင့်လည်း သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများ ကို ငါးကြိမ်အထိ ပြုလုပ်ပြီးဖြစ်ကာ ယခုနှစ်အတွင်း၌ပင် နှစ်ဖက် ညှိနှိုင်း ဆွေးနွေးမှုများကို အပြီးသတ်လုပ် ဆောင်သွားမည်ဟု သိရသည်။

""EUနဲ့လည်း ကျွန်တော်တို့ ညှိနှိုင်းတာတွေအားလုံး ပြီးသွားပါ ပြီ။ သူတို့ဘက်က ဥပဒေပညာရှင် တွေနဲ့ ကျွန်တော်တို့ဘက်က ဥပဒေ ပညာရှင်တွေက ဒီ Agreement အ ပေါ်မှာ ထပ်ပြီးတော့ ဥပဒေရှုထောင့် ကနေ အသေးစိတ် ထပ်ပြီးညှိနှိုင်းပါ မယ်။ အခုက ညှိနှိုင်းတဲ့ သဘောက တော့ ဥပဒေရှုထောင့်ကနေ မပါသေး ဘူးပေါ့။ ပညာရပ်ပိုင်းဆိုင်ရာTechnical ရှုထောင့်ကနေ ညှိနှိုင်းလို့ပြီး သွားတဲ့ သဘောဖြစ်ပါတယ်။ အကြမ်း ဖျင်း ခန့်မှန်းချက်ကတော့ ဒီလုပ်ငန်း စဉ်အားလုံး ၂၀၁၇ ထဲမှာတင်ကို ပြီး သွားမယ်လို့ ခန့်မှန်းထားပါတယ်""ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေး ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ် ဆိုနိုင်ရန်အတွက် ရုရှားနိုင်ငံကလည်း အဆိုပြုထားပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးသော နိုင်ငံအရေအတွက် မှာ ၁၁ နိုင်ငံရှိပြီး၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကူဝိတ်၊ အစ္စရေး၊ ဂျပန်၊ တောင်ကို ရီးယား၊ အင်ဒိုနီးရှား စသည့်နိုင်ငံ များဖြစ်ကြောင်း သိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service