ကမ္ဘာပေါ်တွင် အဏုမြူဗုံးဒဏ်ကို ကိုယ်တွေ့ခံစားခဲ့ဖူးပြီး ပြည်သူ ၂၅၀၀၀၀ ခန့် သေကျေပျက်စီးခဲ့ရဖူးသည့် ဂျပန် နိုင်ငံကလတ်တလောမြောက်ရီးယားနိုင်ငံ ၏ နျူကလီးယားခြိမ်းခြောက်မှုများနှင့် လည်း ထပ်မံရင်ဆိုင်နေရသည်ဖြစ်ရာ ဂျပန်နိုင်ငံတွင် တန်ဖိုးမြင့်ကတုတ်ကျင်း များ ဝယ်ယူမှုများပြားနေကြောင်း
သိရ သည်။
ဂျပန်ပင်လယ်ပြင်သို့ အသံထက် ၁၅ဆပိုမိုမြန်ဆန်သည့် ဒုံးကျည်ဖူးများ လည်း မြောက်ကိုရီးယားမှ ပစ်လွှတ်စမ်း သပ်မှုများရှိခဲ့ရာ ဂျပန်ပြည်သူများအနေ ဖြင့် ၎င်းတို့ အသက်အန္တရာယ်ကို အကာ အကွယ်ပေးနိုင်မည့် ကတုတ်ကျင်းများ ကို ဝယ်ယူမှုများပြားလာခဲ့ခြင်းဖြစ်သည်။
ဂျပန်ပြည်သူများက အမေရိကန်နိုင်ငံရှိ ကတုတ်ကျင်းထုတ်လုပ်သူများထံ ဆက်သွယ်စုံစမ်းမှုများရှိလာခဲ့ပြီး ကယ်လီဖိုးနီးယားအခြေစိုက် Atlas Survival Sheltersကုမ္ပဏီသို့လည်းဆက်သွယ်ခဲ့ကြပြီးကုမ္ပဏီ၏ရောင်းအားအကောင်းဆုံးဒေါ်လာ၁၈၉၉၉တန်တန်ဖိုးမြင့်ကတုတ်ကျင်းများကိုဝယ်ယူလာခဲ့ကြကြောင်း သိရသည်။
တက္ကဆက်ပြည်နယ်အခြေစိုက် Rising S ကုမ္ပဏီတွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝယ်လိုအား နှစ်ဆတိုး မြင့်ခဲ့ပြီး ၈၀ရာခိုင်နှုန်းမှာ ဂျပန်မှဝယ်ယူ သူများဖြစ်ကြောင်းသိရသည်။
၎င်းတို့ ထုတ်လုပ်သည့် Aristocrat ကတုတ် ကျင်း တစ်ခုလျှင် ဒေါ်လာ ၈ဒသမ ၃၅ သန်းဖြင့်ရောင်းချနေပြီး လူ၅၀ဦးခန့် နေထိုင်နိုင်ကြောင်းသိရသည်။
မြောက်ကိုရီး ယား၏နျူကလီးယားခြိမ်းခြောက်မှုများ ကြောင့် ဂျပန်နိုင်ငံတွင်းပြည်သူများ နျူကလီးယားလက်နက်အန္တရာယ်ကျရောက် လာမည်ကိုစိုးရိမ်ထိတ်လန့်နေခဲ့ရာမှ ယခု ကဲ့သို့ တန်ဖိုးမြင့်ကတုတ်ကျင်းများ ရောင်းအားတက်လာနေခဲ့ခြင်းဖြစ်သည် ဟု Rising Sကုမ္ပဏီအထွေထွေမန်နေဂျာ ဂယ်ရီလင့်ခ်ျက ပြောကြားခဲ့သည်။
Credit: Pyi Myanmar