ကမ္ဘာတစ်ဝှမ်း ချမ်းသာကြွယ်ဝသူ ဘီလျံနာသူဌေးကြီးတွေ ဦးရေကတော့ တစ်ဖြည်းဖြည်းချင်း ပိုများလာနေပြီး ကမ္ဘာ့အနှံ့ ဖြန့်ကျက်နေထိုင်နေကြပြီ ဖြစ်ပါတယ်။
ယခုနှစ် Forbes ရဲ့ စာရင်းအရတော့ ကမ္ဘာ့တိုက်ကြီး ခြောက်ခု၊ နိုင်ငံပေါင်း ၇၁ နိုင်ငံ၊ မြို့ပေါင်း ရာကျော်လောက်မှာ နေထိုင်နေကြသူ သူဌေး ၂,၀၄၃ ဦးထိ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာ့ဘီလျံနာသူဌေးကြီးတွေ ကမ္ဘာ့ဘယ်မြို့တွေမှာ အခြေချနေထိုင်နေကြတာလဲ?
၁. New York
ဘီလျံနာဦးရေ - ၈၂ ဦး
စုစုပေါင်း အသားတင်တန်ဖိုး- ဒေါ်လာ ၃၉၇ ဒသမ ၉ ဘီလီယံ
မြို့ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်- David Koch ( ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံ)
New York မှာနေထိုင်နေလျက်ရှိတဲ့ ဘီလျံနာဦးရေကတော့ ကမ္ဘာပေါ်က အခြားမြို့တွေအားလုံးထက် ပိုများနေပါတယ်။ David Koch ကတော့ အချမ်းသာဆုံး မြို့နေတစ်ဦးဖြစ်ပြီး ၎င်းနောက်မှာတော့ မြို့တော်ဝန်ဟောင်း Michael Bloomberg ရှိနေပါတယ်။
၂. Hong Kong
ဘီလျံနာဦးရေ -၇၅ ဦး
စုစုပေါင်း အသားတင်တန်ဖိုး- ဒေါ်လာ ၂၉၇ ဒသမ ၈ ဘီလီယံ
မြို့ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်- Li Ka Shing ( ဒေါ်လာ ၃၁ ဒသမ ၂ ဘီလီယံ)
လူဦးရေ ခုနစ်သန်းကျော်လောက်ပဲ ရှိတဲ့ မြို့မှာတော့ ဘီလျံနာတွေထဲမှာ ၂၅ ဦးကတော့ အိမ်ခြံမြေလုပ်ငန်းတွေကနေ ကြွယ်ဝချမ်းသာလာကြသူတွေဖြစ်ကြပါတယ်။
၃. Moscow
ဘီလျံနာဦးရေ- ၇၃ ဦး
စုစုပေါင်း အသားတင်တန်ဖိုး- ဒေါ်လာ ၂၉၇ ဘီလီယံ
မြို့ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်- Leonid Mikhelson ( ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံ)
ရုရှရဲ့ အကြီးဆုံး မြို့ကြီးမှာ နေထိုင်သူ ဘီလျံနာအများစုကတော့ သံမဏိ၊ သတ္ထု၊ ရေနံ၊ ကျောက်မီးသွေးနဲ သဘာဝဓာတ်ငွေ့ စတဲ့လုပ်ငန်းတွေကနေ ကြွယ်ဝချမ်းသာခဲ့ကြသူတွေဖြစ်ကြပါတယ်။
၎. Beijing
ဘီလျံနာဦးရေ- ၅၄
စုစုပေါင်း အသားတင်တန်ဖိုး- ဒေါ်လာ ၁၆၁ ဒသမ ၃ ဘီလီယံ
မြို့ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်- Wang Jianlin ( ဒေါ်လာ ၃၁ ဒသမ ၃ ဘီလီယံ)
ပေကျင်းမြို့ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် Wang Jianlin ကတော့ ၎င်းရဲ့ အိမ်ခြံမြေလုပ်ငန်းအပြင် theme park လုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်နေသူဖြစ်ပါတယ်။
၅. London
ဘီလျံနာဦးရေ- ၅၀
စုစုပေါင်း အသားတင်တန်ဖိုး- ဒေါ်လာ ၂၁၇ ဒသမ ၃ ဘီလီယံ
မြို့ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်- Len Blavatnik ( ဒေါ်လာ ၂၀ ဘီလီယံ)
ဘီလျံနာမောင်နှံ Philip နဲ့ Cristina Green တို့ကတော့ လန်ဒန် မြို့ခံတွေမှာ ပါဝင်နေလျက်ရှိပါတယ်။
၆. Mumbai
ဘီလျံနာဦးရေ- ၄၁
စုစုပေါင်း အသားတင်တန်ဖိုး- ဒေါ်လာ ၁၄၉ ဒသမ ၁ ဘီလီယံ
မြို့ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်- Mukesh Ambani ( ဒေါ်လာ ၂၃ ဒသမ ၂ ဘီလီယံ)
၂၀၁၃ Forbes ဘီလျံနာစာရင်းဝင်ခဲ့ပြီးကတည်းက နှစ်စဉ်နှစ်တိုင်း အချမ်းသာဆုံးသော မွမ်ဘိုင်းမြို့ခံဖြစ်လာနေခဲ့ပါတယ်။
၇. Shanghai
ဘီလျံနာဦးရေ- ၄၀
စုစုပေါင်း အသားတင်တန်ဖိုး- ဒေါ်လာ ၉၁ ဒသမ ၉ ဘီလီယံ
မြို့ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်- Liu Yongxing ( ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ)
တရုတ်ရဲ့အကြီးဆုံးမြို့ကြီးအနေနဲ့ ယမန်နှစ်တုန်းက မြို့နေ ဘီလျံနာအသစ် ၁၄ ဦးထိ ပေါင်းထည့်နိုင်ခဲ့ပေမယ့် ယခုစာရင်းမှာလည်း အဆင့်ခုနစ်နေရာမှာပဲ ဆက်ရှိနေဆဲဖြစ်ပါတယ်။
၈. Seoul
ဘီလျံနာဦးရေ- ၃၇
စုစုပေါင်း အသားတင်တန်ဖိုး- ဒေါ်လာ ၉၁ ဒသမ ၄ ဘီလီယံ
မြို့ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်- Kun- Hee Lee ( ဒေါ်လာ ၁၅ ဒသမ ၁ ဘီလီယံ)
ဆိုးလ်မြို့ကတော့ ကိုရီးယားရဲ့ အကြီးဆုံးနဲ့ အကျော်ကြားဆုံး လုပ်ငန်း Samsung ရဲ့ ဥက္ကဌ Lee Kun-Hee နေထိုင်ရာ မြို့ဖြစ်ပါတယ်။
၉. Shenzhen
ဘီလျံနာဦးရေ- ၃၅
စုစုပေါင်း အသားတင်တန်ဖိုး- ဒေါ်လာ ၁၂၉ ဒသမ ၄ ဘီလီယံ
မြို့ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်- Ma Huateng ( ဒေါ်လာ ၂၄ ဒသမ ၉ ဘီလီယံ)
ယင်းမြို့မှာတော့ ယခုနှစ်အတွင်း အသစ်ထပ်ပေါင်းနိုင်ခဲ့တဲ့ ဘီလျံနာသူဌေး ခြောက်ဦးထိ ရှိလာခဲ့ပြီး စုစုပေါင်း ၃၅ ဦးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
၁၀. San Francisco
ဘီလျံနာဦးရေ- ၃၂
စုစုပေါင်း အသားတင်တန်ဖိုး- ဒေါ်လာ ၈၆ ဒသမ ၆ ဘီလီယံ
မြို့ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်- Dustin Moskovitz ( ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံ)
San Francisco မြိုရဲ့ လက်ရှိ ဘီလျံနာ ၃၂ ဦးတို့ကတော့ နည်းပညာလုပ်ငန်းပိုင်းအားကောင်းမှုနဲ့အတူ ၎င်းတို့ရဲ့ ကြွယ်ဝမှု ပိုတိုးလာတာ သို့မဟုတ် ယမန်နှစ်အတိုင်း ဆက်လက်ရပ်တည်နိုင်နေဆဲဖြစ်ကြပါတယ်။
Credit: SFJ Strategy First