ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်တက်ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၀၈၀၀၀ ၀န်းကျင်ရှိလာ

ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်တက်ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၀၈၀၀၀ ၀န်းကျင်ရှိလာ - Property News in Myanmar from iMyanmarHouse.com
9 Aug 2017 10:09 am တွင် တင်ခဲ့သည်
744 ကြိမ် ကြည့်ရှု့ပြီး
သြဂုတ် ၈ ရက်တွင် ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်တက်ခဲ့ပြီး ပြည်တွင်းေ ရွှဈေးနှုန်း ကျပ် ၉၀၈၀၀၀ ၀န်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေေ ရာင်းဝယ်သူများထံမှ သိရသည်။

ဇူလိုင်လဆန်းပိုင်းက ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့ခြင်းကြောင့် ဇူလိုင် ၃ ရက်မှ စတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အောက်ပြန်ရောက်ခဲ့ပြီး ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ကျပ် ၈၉၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကာ ဇူလိုင် ၁၂ ရက်တွင် ၈၉၀၀၀၀ အထက်၊ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဇွန် ၁ ရက်တွင် ၁၂၆၆ ဒေါ်လာဝန်းကျင် ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် ဇွန်လအတွင်း အမြင့်ဆုံးနှုန်းအဖြစ် ဇွန် ၆ ရက်တွင် ၁၂၉၄ ဒေါ်လာအထိမြင့်တက်ခဲ့ပြီး ဇွန်လအတွင်း အနိမ့်ဆုံးနှုန်းအြ ဖစ် ဇွန် ၂၆ ရက်တွင် ၁၂၄၀ ဒေါ်လာအထိ ဈေးကျဆင်းခဲ့ကာ ဇွန် ၃၀ ရက် တွင် ၁၂၄၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဇူလိုင်လအတွင်း ဆက်တိုက်အားပျော့ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ၁၂၁၇ ဒေါ်လာ၊ ဇူလိုင် ၇ ရက်တွင် ၁၂၀၅ ဒေါ်လာအထိ ကျဆင်းခဲ့ကာ ဇူ လိုင် ၁၀ ရက်နောက်ပိုင်း ဈေးပြန်တက်မှုကြောင့် ဇူလိုင် ၂၄ ရက်တွင် ၁၂၅၇ ဒေါ်လာအထိရောက်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ၁၂၄၅ ဒေါ်လာ ၀န်း ကျင်အထိ ပြန်ကျခဲ့သည်။ ထို့နောက် ဇူလိုင် ၂၇ ရက်တွင် ၁၂၆၄ ဒေါ်လာ၊ ဇူလိုင် ၂၈ ရက်တွင် ၁၂၆၈ ဒေါ်လာ၊ သြဂုတ် ၂ ရက်တွင် ၁၂၇၁ ဒေါ်လာအ ထိပြန်တက်ခဲ့ပြီး သြဂုတ် ၄၊ ၇ ရက်တွင် ၁၂၅၈ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ ကာ သြဂုတ် ၈ ရက်တွင် ဒေါ်လာ ၁၂၆၀ ၀န်းကျင်ရှိခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လ တစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့်အထိ ကွာခြားလျက်ရှိသည်။ ပြီးခဲ့သည့်ဇွန်လအတွင်း အမြင့်ဆုံးနှုန်းနှ င့် အနိမ့်ဆုံးနှုန်း ကွာဟချက်သည် ဒေါ်လာ ၅၀ ကျော်ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းမှာ ၁၂၆၈ ဒေါ်လာဖြစ်ပြီး အနိမ့် ဆုံးနှုန်းမှာ ၁၂၀၅ ဒေါ်လာဖြစ်ခြင်းကြောင့် ၆၃ ဒေါ်လာဝန်းကျင် ကွာဟခဲ့သ ည်။

ပြီးခဲ့သော ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်သည်။ မေလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၁၂၀၀ (မေ ၅ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၀၀၀ (မေ ၁၈ ရက်) ဖြစ်ခဲ့သည်။

ပြည်တွင်းရွှေဈေးနှုန်းသည် မေ ၁၆ ရက်မှစပြီး ဇူလိုင် ၂ ရက်အထိ ကျပ် ၉၀၀၀၀၀ အထက်သို့ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကြောင့် ဇွန် ၇ ရက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၉၁၃၄၀၀ အထိစံချိန်တင်ခဲ့ပြီးေ နာက် ဈေးပြန်ကျခဲ့ရာ ဇွန် ၂၉ ရက်တွင် ကျပ် ၉၀၄၄၀၀ ဇွန် ၃၀ ရက်တွင် ၉၀၀၆၀၀ အထိကျဆင်းခဲ့ပြီး ဇူလိုင် ၃ ရက်တွင် မေ ၁၆ ရက်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျပ် ၉၀၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကြောင်း သိရသည်။ ထို့နောက် ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက် သို့ရောက်ရှိခဲ့ရာ ဇူလိုင် ၂၇ ရက်တွင် ၉၀၇၀၀၀ ၀န်းကျင်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၅ ရက်တွင် ကျပ် ၉၀၅၃၀၀ အထိ ပြန်လည်ကျဆင်းခဲ့ကာ သြဂုတ် ၈ ရက်တွင် ကျပ် ၉၀၈၀၀၀ အထိမြင့်တက်ခဲ့ခြင်းဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

Infinity@111Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service