ပြင်သစ်စာပို့သမားတစ်ဦးဖြစ်သူ Ferdinand Cheval သည် Hauterives ဒေသတွင် ၃၃ နှစ်ကြာအချိန်ယူကာ ကျောက်တုံးများဖြင့် Ideal Palace
ကို တည်ဆောက်ခဲ့ပြီး ၎င်းနန်းတော်သည် ထူးချွန်ပြောင်မြောက်သောဗိသုကာလက် ရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
Cheval သည် ၁၈၇၉ ခုနှစ် ဧပြီလတွင် နန်းတော်ကိုစတင်တည်ဆောက်ခဲ့သည်။ Chevalက ကလေးဘ၀တွင် နန်းတော် ကြီးတစ်ခုဆောက်လုပ်သည်ဟုအိပ်မက် မက်ခဲ့သော်လည်း အခြားသူများလှောင် ရယ်မည်စိုးသောကြောင့် ထုတ်မပြောဘဲ မျိုသိပ်ထားခဲ့သည်။ ၁၅ နှစ်ကြာပြီးနောက် အိပ်မက်ကိုမေ့လုနီးပါးဖြစ်သွားသည့်အ ချိန်တွင်
စာသွားပို့ရင်းမှတစ်နေရာ
အ ရောက်၌ ကျောက်တုံးကိုခလုတ်တိုက်မိခဲ့ သည်။
ကျောက်တုံးကိုယူကြည့်လိုက်သည့် အချိန်တွင် ပုံသဏ္ဌာန်က
ထူးထူးခြားခြား လှပနေသောကြောင့် အိတ်ထဲထည့်လာခဲ့သည်။ နောက်ရက်တွင် ၎င်းနေရာသို့ထပ် သွားသည့်အခါ ပိုမိုလှပသည့်ကျောက်တုံး များထပ်မံမြင်တွေ့ခဲ့ရသည်။
၎င်းမှာ သဲကျောက်များဖြစ်ပြီး ရေကြောင့်ပုံသဏ္ဌာန် အမျိုးမျိုးဖြစ်ပေါ်နေကာ သက်တမ်းကြာ မြင့်သောကြောင့် မာကျောနေသည်။ Cheval သည် ၃၃ နှစ်လုံးလုံးနေ့စဉ်စာ သွားပို့တိုင်းကျောက်တုံးများကိုကောက်ယူစုဆောင်းခဲ့ပြီး နေအိမ်သို့သယ်သွားကာ Ideal Palace ကိုဆောက်လုပ်ခဲ့သည်။
အပြင်ဘက်နံရံတစ်ခုတည်းနှင့်နှစ်ပေါင်း ၂၀ အချိန်ကုန်ဆုံးခဲ့သည်။အစောပိုင်းတွင် ကျောက်တုံးများကို
ခြင်းနှင့်ကောက်ယူ လေ့ရှိသော်လည်း နောက်ပိုင်းတွင် တစ် ဘီးလက်တွန်းလှည်းဖြင့်လာရောက်သယ် ဆောင်လေ့ရှိသည်။
Ideal Palace ကို အများအားဖြင့် ညဘက်တွင် ရေနံဆီမီး
အိမ်ကိုအသုံးပြုကာ တည်ဆောက်ခဲ့သည်။ Ideal Palace တွင် ခရစ်ယာန်မှ စ၍ ဟိန္ဒူဘာသာများအထိ ဗိသုကာ စတိုင်လ် အမျိုးမျိုးကိုမြင်တွေ့ရပြီး
အင်္ဂ တေကို အသုံးပြုကာ ကျောက်တုံးနန်း တော်ကို တည်ဆောက်ခဲ့သည်။ နန်းတော်ကို အပြီးသတ်ပြီးတစ်နှစ်အကြာ ၁၉၂၄ ခုနှစ်တွင် သေဆုံးခဲ့ပြီး နန်းတော်တွင် မြှုပ်နှံခဲ့သည် ဟု သိရသည်။
Credit: Pyi Myanmar