နိုင်ငံတကာ အတွေ့အကြုံကောင်းများ ရှိသော International Hotel Operator ဖြစ်သည့် Marriott International နှင့် Sule Square Hotel ကုမ္ပဏီတို့ ပူးပေါင်းပြီး Countyard by Marriot,Hotel Sule Square တည်ဆောက်ရန် သဘောတူလက်မှတ် ရေးထိုးခြင်းကို ပြုလုပ်ခဲ့ပြီးပြီဖြစ်ေ ကြာင်း သိရသည်။
ယင်းဟိုတယ်သည် ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားလမ်းနှင့် အနော်ရထာ လမ်းထောင့်တွင် တည်ရှိပြီး ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်အခန်းပေါင်း ၁၈၆ခန်းနှင့် အမျိုးမျိုးသော Function များကို ပြုလုပ်နို င်သည့် ၄၀၀ စတုရန်းမီတာ ကျယ်ဝန်း သော အစည်းအဝေးခန်းလေး ခန်းပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။
ဒေသအစားအစာများနှင့် နိုင်ငံတကာ အစားအစာများကို ရရှိနိုင် မည့်Three- meal Restaurant နှင့် Mo Mo To Go Restaurant တစ်ခုလည်း ပါဝင် မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Recreational Facilities များဖြစ်သော Roof Top Swimming Pool,Fitness Center and Treatment Room များကို တည်းခိုနေထိုင် သူများအတွက် ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုဟိုတယ်အား၂၀၁၄ ခုနှစ်နိုဝင်ဘာတွင် စတင်ခဲ့ပြီး၂၀၁၈ ဒီဇင်ဘာ ၃၀ ရက်တွင် အပြီးတည်ဆောက်သွားရန် စီစဉ်ထားပြီး၂၀၁၉နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း သိရသည်။
ယင်းဟိုတယ်ကို အမေရိကန်ဒေါ်လာသန်း ၆၀ခန့် ရင်းနှီးမြှုပ်နှံတည်ဆောက် ထားကြောင်း သိရသည်။
Credit: Pyi Myanmar