စီမံကိန်းပြီးစီးရန်တစ်နှစ်ကျော်ကျန်ရှိနေသည့်သီလဝါအထူးစီးပွားရေးဇုန်zoneB၏ပထမအဆင့်တွင်နိုင်ငံတကာမှကုမ္ပဏီငါးခုလာရောက်ရင်းနှီးမြုပ်နှံထားပြီးဖြစ်ကြောင်း မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် (MJTD)မှ ပြော ကြားကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန် zone B ၏ ပထမအဆင့် ၁၀၀ ဟက်တာ စီမံကိန်းအား၂၀၁၇ ခုနှစ်ဖေဖော်ဝါရီတွင် စတင်ခဲ့ခြင်းဖြစ်ပြီးလာမည့် ၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် စီမံကိန်းလုပ်ငန်းများပြီးစီးရန်ဆောင်ရွက်နေပြီး ယခုတွင် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်နေ ဆဲဖြစ်ေ ကြာင်း သိရသည်။
Zone B အား စတင်နေပေမဲ့ zone A တွင်လည်း ကုမ္ပဏီများအား ရောင်းချနို င်မည့်မြေနေရာများ ကျန်နေသေး ကြောင်းသိရသည်။
ယခု Zone A တွင် နိုင်ငံတကာကုမ္ပဏီ ၇၉ခု၊ Zone B တွင် နိုင်ငံတကာ ကုမ္ပဏီငါးခု စုစုပေါင်း ကုမ္ပဏီ ၈၄ခု လာရောက်ရင်းနှီမြုပ်နှံထားကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းအား၂၀၁၂ခုနှစ်တွင်မြန်မာ-ဂျပန်နှစ်နိုင်ငံ အစိုးရလက်မှတ်ရေးထိုးဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး၂၀၁၃ခုနှစ်တွင်မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်(MJTD)အားမြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှု န်း၊ ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ပါဝင်ခဲ့ပြီး စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။
ယင်းမြန်မာဂျပန်သီလဝါဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်တွင်မြန်မာဘက်မှမြန်မာအစိုးရ ၊မြန်မာကုမ္ပဏီကိုးခုနှင့်တစ်ဦး ချင်းအစုရှယ်ယာရှင်များ ပါဝင်ရ င်းနှီြး မှုပ်နှံထားကြောင်း သိရသည်။
ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုတွင် JICA မှ ၁၀ ရာခိုင်နှုန်း ၊ဂျပန်ကုမ္ပဏီများဖြစ်သော Mitsubishi, Marubeni, Sumitomo Corporationနှင့် ဂျပန်နိုင်ငံမှဘဏ်သုံးခုတို့မှ ပူးပေါင်းပါဝင်ထားခြင်ြး ဖစ်ကြောင်း သိရ သည်။
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းလုပ်ငန်းတွင်ဂျပန်နိုင်ငံသည်မြန်မာနိုင်ငံအားချေးငွေ၊ထောက်ပံ့ငွေနှင့်နည်း ပညာပူးပေါင်းမှုစသည့် အထောက်အပံ့ သုံးမျိုးလုံးပူးပေါင်းပါဝင်ကူညီပေးနေခြင်းဖြစ်ကြောင်းသိရသည်။
သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် အဓိကကျသော လမ်းပိုင်းဖြစ်သည့် သန်လျင်တံတား အဆင်းမှ သီလဝါအထူးစီးပြားေ ရးဇုန္ထိေ လးလမ်းသွားလမ်းမသစ်ကြီးအား ဂျပန်အိုဒီအေချေးငွေဒေါ်လာ ၄၁ဒသမ၅၆သန်း(ဂျပန်ယန်း၎ဒသမ၆ဘီလျံ)အသုံးပြုပြီယခုနှစ်အတွင်းစတင်တည်ဆောက်မည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးေ အဂျင်စီ(JICA)မှ သိရသည်။
Credit: Daily Eleven