ပေါ်တူဂီနိုင်ငံမြောက်ပိုင်း Celorico de Basto ဒေသနှင့် Fafe ဒေသကြား တွင်မြင်တွေ့ရသည့် Casa do Penedo ကျောက်တုံးရဲတိုက်သည် ကျောက်တုံး ကြီးလေးခုပေါ်တွင်အခြေတည်ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။
ကျောက်တုံးကြီးလေးခုကြားတွင် နံရံများနှင့်မျက်နှာကြက်များထပ်မံဖြည့် သွင်းကာ ဗိသုကာလက်ရာမြောက်စွာ ဆောက်လုပ်ထားသည့်အဆောက်အအုံ ပုံစံကြောင့် ကျောက်တုံးအိမ်ကြီးဟုလည်း ခေါ်ဆိုကြသည်။ ၁၉၇၂ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး နှစ်နှစ်အကြာ ၁၉၇၄ ခု နှစ်တွင် ပြီးစီးခဲ့သည်။ကျောက်တုံးရဲတိုက်ကိုဆောက်လုပ်ခဲ့သည့်ဗိသုကာပညာရှင်သည် Guimaraes ဒေသမှဖြစ်သည်ဟု သာ သိရသည်။
အစောပိုင်းတွင် ပိုင်ရှင် များက အားလပ်ရက်အပန်းဖြေစံအိမ်အ ဖြစ်အသုံးပြုခဲ့သော်လည်း ယနေ့ခေတ် တွင် Casa do Penedo ကျောက်တုံးရဲတိုက်၏သမိုင်းကြောင်းဓာတ်ပုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုပြသထား ရာပြခန်းငယ်တစ်ခုအဖြစ် မြင်တွေ့ရသည်။
ကျောက်တုံးရဲတိုက်ကြီးသည် လေ အားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံကြီးတစ် ခုအနီးတွင်တည်ရှိသော်လည်း နေအိမ်အတွင်း လျှပ်စစ်မီးမရရှိသည်ကို မြင်တွေ့ရ သည်။
ကျောက်တုံးရဲတိုက်၏ထူးခြားသော ပုံပန်းသွင်ပြင်နှင့်ပတ်ဝန်းကျင်အလှအပများကြောင့် Casa do Penedoကျောက် တုံးရဲတိုက်ကြီးသည် ပေါ်တူဂီနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်နိုင် သည့်နေရာတစ်ခုဖြစ်လာခဲ့သည်ဟု သိရ သည်။
Credit: Pyi Myanmar