စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ကူးတံတား တည်ဆောက် ရန် တရုတ်ကုမ္ပဏီ တစ်ခုက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာေ ရာက်ကမ်း လှမ်းကြောင်း သတင်းရရှိသည်။
ဧရာဝတီ မြစ်ကူးတံတား (ကသာ)နှင့် ချင်းတွင်းမြစ်ကူးတံ တား (ဖောင်းပြင်) တို့ကို တည် ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် တရုတ်နိုင်ငံရှိ ဆောက် လုပ်ရေးကုမ္ပဏီတစ်ခုက စစ် ကိုင်းတိုင်းအစိုးရအဖွဲ့ တာဝန် ရှိသူများနှင့် ဇူ လိုင် ၃၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြော သည်။ ‘‘တရုတ်ကုမ္ပဏီတစ်ခုက လာပြီး ကမ်းလှမ်းတာပဲ ရှိပါသေး တယ်။ ဘာမှ အတိအကျမရှိသေး ပါဘူး။ ခန့်မှန်းကုန်ကျစရိတ်တွေ က အရင် စစ် တမ်းကောက်ယူ ထားတဲ့ဟာကို တင်ပြထားတာပါ။ အသေးစိတ် မဟုတ်သေး ဘူး။ တိုင်းဒေသကြီးအစိုးရအနေနဲ့ လို အပ်နေတဲ့ တံတားနှစ်စင်းကို တင်ပြ တာပေါ့လေ။ ဒီတံတားတွေရဲ့ အရှည်ပေနဲ့ ခန့်မှန်းကုန်ကျငွေ ဘယ်လောက် ရှိတယ်။ အဲဒီတံ တားတည်ဆောက်ဖို့ ကုန်ကျငွေ ကို သူတို့(တရုတ်ကုမ္ပဏီ) လည်း စိုက်ထုတ်တည်ဆောက်မှာ မ ဟုတ်ဘူး။ တိုင်းအစိုးရက ထောက်ခံ လို့ နိုင်ငံခြားက အကူအညီရရင် သူတို့ဆောက်ချင်တဲ့အကြောင်း လာပြီး ကမ်းလှမ်းတာပါ’’ဟု ဦး သန်းညွန့်ဝင်းက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ကုန်သွယ်မှုလမ်းကြောင်းအတွက် ချင်းတွင်းမြစ်ကူး တံတား (ဖောင်းပြင်) နှင့် ဧရာဝတီ မြစ်ကူးတံတား (ကသာ)တို့ကို ဦးစားေ ပးဆောင် ရွက်လိုပြီး ပြည်ပချေးငွေနှင့် ရင်း နှီးမြှုပ်နှံမှုစီမံကိန်းများ သည် ပြည်ထောင်စုအဆင့်ကသာ အဓိက ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။
ချင်းတွင်း မြစ်ကူးတံတား (ဖောင်းပြင်) သည် အရှည်ပေ ၄,၀၀၀ ခန့်၊ ခန့်မှန်း ကုန်ကျငွေ ကျပ်သန်း ၃၄,၀၀၀ ခန့်ကုန်ကျ မည်ဖြစ်ပြီး တံတားတည်ဆောက် ပြီး စီးပါက နာဂဒေသအပါအဝင် အိန္ဒိယ-မြန်မာ နယ်စပ်အထိ သွားလာနိုင် မည်ဖြစ်သည်။ ဧရာဝ တီမြစ်ကူးတံတား(ကသာ)သည် အရှည်ပေ ၁၅,၀၀၀ ခန့်၊ ခန့်မှန်း ကုန်ကျငွေသန်း ၁၂,၇၅၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဗန်းမော်မြို့မှ တစ်ဆင့် တရုတ်-မြန်မာနယ်စပ် သို့ သွားရောက်နိုင်မည် ဖြစ် ကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးမှ သိရသည်။
Credit: 7DayDaily