သီလ၀ါအထူးစီးပွားရေးဇုန် Zone A ၌ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအတွက် မြေနေရာများ ရောင်းချပေးရန် ကျန်နေသေးကြောင်း သိရ

သီလ၀ါအထူးစီးပွားရေးဇုန် Zone A ၌ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအတွက် မြေနေရာများ ရောင်းချပေးရန် ကျန်နေသေးကြောင်း သိရ - Property News in Myanmar from iMyanmarHouse.com
8 Aug 2017 10:10 am တွင် တင်ခဲ့သည်
643 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါအထူးစီးပွားရေးဇုန် Zone A ၌ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအ တွက် မြေနေရာများ ရောင်းချပေးရန် ကျန်နေသေးကြောင်း မြန်မာ-ဂျပန်သီ လ၀ါဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် (MJTD) မှ သတင်းရရှိသည်။

သီလ၀ါအထူးစီးပွားရေးဇုန်မှာ ၂၀၁၂ ခုနှစ်တွင် မြန်မာ-ဂျပန် နှစ်နိုင် ငံအစိုး ရများမှ လက်မှတ်ရေးထိုး အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့နှင့် ၂၃ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသည့် သီလ၀ါအထူး စီးပွားရေးဇုန် ဧရိယာ စုစုပေါင်းသည် ၂၄၀၀ ဟက်တာရှိပြီး လက်ရှိတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စတင်လည်ပတ်နေပြီဖြစ်သည့် အကျယ် ၀န်း ဟက်တာ ၄၀၀ ရှိသည့် Zone A နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ဆဲဖြစ်သည့် (Zone B Phase 1) ဟူ၍ ခွဲခြားဆောင်ရွက်နေခြင်း ဖြစ် သည်။

ဟက်တာ ၄၀၀ ကျယ်ဝန်းပြီး စက်ရုံ၊ အလုပ်ရုံများ စတင်လည်ပတ်နေပြီဖြစ် သည့် သီလ၀ါအထူးစီးပွားရေးဇုန် Zone A တွင် လက်ရှိနိုင်ငံတကာကုမ္ပဏီ ၇၉ ခုက လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။ ယင်းကဲ့သို့ ကုမ္ပဏီ ၇၉ ခု လာရောက် ရင်းနှီးမြုပ်နှံထားပြီးဖြစ်သော်လည်း မြေနေရာလွတ်များ ကျန်ရှိနေသေးကြောင်း သိရသည်။

“(Zone B Phase 1) ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက် ဆဲဖြစ်ပြီး မြေ ကွက်တွေစပြီး ရောင်းချနေပြီဆိုပေမယ့် Zone A မှာပဲလာပြီး ရင်းနှီးမြုပ်နှံချင် တယ်ဆိုရင်လည်း မြေနေရာတွေ ရောင်းချပေးဖို့ ကျန်နေပါသေးတယ်။ ကျွန်တော့်စိတ်ထင် ကုမ္ပဏီ ၁၀ ခုလောက်ကို ရောင်းချပေးဖို့ မြေနေရာ ကျန်နေပါသေးတယ်” ဟု မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက် (MJTD) မှ President & CEO YANAIT Takashi က ပြောကြားသည်။

သီလ၀ါအထူးစီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ၁၀၀ ဟက်တာ စီမံ ကိန်းအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးရန် ဆောင်ရွက်နေပြီး လက်ရှိတွင် စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်နေဆြဲ ဖစ်ကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအား ၂၀၁၂ ခုနှစ်တွင် မြန်မာ-ဂျပန်နှစ်နိုင်ငံအစိုးရ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်တွင် မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက် (MJTD) အား မြန် မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ပါဝင်ခဲ့ပြီး စတင် တည်ထောင်ခဲ့သည်။ အဆိုပါ မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးမှု ကုမ္ပဏီလီမိ တက်တွင် မြန်မာဘက်မှ မြန်မာအစိုးရ၊ မြန်မာကုမ္ပဏီကိုးခုနှင့် တစ်ဦးချင်း အစုရှယ်ယာပိုင်ရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုတွင် JICA မှ ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီများဖြစ်သည့် Mitsubishi၊ Marubini၊ Sumitomo Corporation နှင့် ဂျပန်နိုင်ငံမှ ဘဏ်သုံးခုတို့က ပူးပေါင်းပါဝင်ထားခြင်ြး ဖစ်ကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းတွင် ဂျပန်နိုင်ငံသည် မြန်မာနိုင် ငံအား ချေးငွေ၊ ထောက်ပံ့ငွေနှင့် နည်းပညာပူးပေါင်းမှု စသည့် အထောက် အပံ့သုံးမျိုးစလုံး ပူးပေါင်းပါဝင် ကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service