ယခုနှစ် ၂၀၁၇ ပထမနှစ်ဝက်တွင်း ကမ္ဘာ့ရွှေဝယ်လိုအားပိုင်းမှာ ၁၄ ရာခိုင်နှုန်း ကျဆင်းထားခဲ့ကာ ယင်းဟာ ရှစ်နှစ်တာအတွင်း အနိမ့်ဆုံးလယ်ဗယ်တစ်ခုကို ရောက်ရှိနေခဲ့တာဖြစ်တယ်ဆိုပြီး ကမ္ဘာ့ရွှေလုပ်ငန်းကောင်စီ WGC က
ထုတ်ပြန်ပြောကြားပါတယ်။
အမေရိကန်ကုန်သည်တွေရဲ့လုပ်ငန်းတွင်းရင်းနှီးမြှုပ်နှံမှုအားနည်းနေခဲ့ခြင်းအတူ ယခုလို ရွှေဝယ်လိုအား ကျဆင်းနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကမ္ဘာ့ရွှေဝယ်လိုအားဟာ ယခင် ၂၀၁၆ ရဲ့ ပထမနှစ်ဝက်ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ယခုနှစ်၂၀၁၇ ပထမနှစ်ဝက်အတွင်းမှာ တန်ချိန်စုစုပေါင်း ၂,၀၀၄ ကို ကျဆင်းခဲ့တယ်ဆိုပြီး WGC က ယင်းရဲ့
နောက်ဆုံးထုတ်ပြန်ထားခဲ့တဲ့ သုံးလပတ်အစီရင်ခံစာ
ထဲမှာ ဖော်ပြထားပါတယ်။
" ခုနောက်ဆုံးအကြိမ် နှစ်ဝက် ၀ယ်လိုအားကတော်တော်နည်းပါးနေခဲ့ပါတယ်၊ တန်ချိန်ပေါင်း ၁,၈၅၃ ရှိခဲ့တဲ့ ၂၀၀၉ နောက်ပိုင်း အနည်းဆုံးလို့ ပြောလို့ရပါတယ်" လို့ WGC ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
ဝယ်လိုအား ကျဆင်းမှုအများစုကတော့ ယခုနှစ်ရဲ့ ဒုတိယသုံးလပတ်အတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ယခင် ၂၀၁၆ ဧပြီ-ဇွန် ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင်
တန်ချိန်ပေါင်း ၉၅၃ ဒသမ ၄ တန်အထိ ၁၀ ရာခိုင်နှုန်း
ကျဆင်းခဲ့တယ်လို့လည်း WGC က ဖြည့်စွက်ထုတ်ပြန်
ထားပါတယ်။
Credit: SFJ Strategy First