မန္တလေးတိုင်းအတွင်း၌ စီးပွားရေးလုပ်ငန်းများ အချင်း ချင်းအွန်လိုင်းမှ ချိတ် ဆက်ကာ လုပ်ငန်းဆောင်ရွက်နိုင်စေရန်နှင့် လုပ်ငန်းအမျိုးအစားများအလိုက် အချက်အလက်များကို စစ်တမ်း ကောက်ယူနိုင်မည့် e-Office တစ်ခုတည်ေ ထာင်ရန် ဂျာမနီ နိုင်ငံရှိ Reutlingen ကုန်သည် ကြီးများအသင်းက ထောက် ပံ့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘e-Office ကို Reutlingen ကုန်သည်ကြီးများအသင်းကနေ ထောက်ပံ့ပေး တာဖြစ်ပါတယ်။ ကုန်ကျစရိတ်အတွက် ငွေကြေး ထောက်ပံ့မှုအပြင် ပညာ ရှင်တွေ ကိုယ်တိုင်ဒီမှာလိုအပ်တာတွေ လာပြီးတော့ လုပ်ပေးမှာဖြစ်ပါ တယ်’’ ဟု မန္တလေးတိုင်း ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း (MRCCI) ဒု ဥက္ကဋ္ဌဦးကျော်မင်းက ပြောသည်။
e-Office တည်ဆောက်နိုင် ရန် လိုအပ်သည့် ကုန်ကျစရိတ် ကျပ်သိန်း ၂၇၀ ကျော် (ကန် ဒေါ်လာနှစ်သောင်း)ကို Reutlingen ကုန်သည် အသင်း က ထောက်ပံ့မည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ၏ အချက်အလက် များ သိမ်း ဆည်းမည့်ဆာဗာတစ်ခု ကို မန္တလေး တိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI)ရုံးတွင် ထားရှိ ဆောင်ရွက်မည်ဖြစ်သည်။
‘‘လုပ်ဆောင်ချက်တွေက တော်တော်များမယ်။ ဘယ်သူက ဘယ်လုပ်ငန်းတွေ လုပ်တယ်ဆို တဲ့ လုပ်ငန်းအမျိုးအစားတွေကအ စ အကုန်စစ်တမ်းကောက် ပြီးသား ဖြစ်သွားမယ်။ ဥပမာနိုင်ငံတော် ကဆီစက်တွေလုပ်နေတာ ဘယ် နှ ဦးဖြစ်နေလဲဆိုရင် ဒီမှာတစ်ခါ တည်း တန်းကြည့်လို့ရရမယ်။ အ စည်းအေ ၀းခေါ်တယ်ဆိုရင် လည်း မကျန်တော့ဘူးပေါ့။ အ ချက်အလက်တွေ ရတယ် ဆိုရင် လည်း တစ်ခါတည်းတန်းဖြန့်ရုံပဲ’’ ဟု ဦးကျော်မင်းကဆိုသည်။
မန္တလေးတိုင်းကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင်လုပ်ငန်း ရှင် ၂,၄၀၀ ကျော်ရှိပြီး ၎င်းတို့ကို လုပ်ငန်း အမျိုးအစား အလိုက် အချက်အလက်များကို ဆာဗာ ထဲ၌ထည့်သွင်းမည်ဖြစ်ပြီး MRCCI ၀က်ဘ်ဆိုက်ဖြစ်သည့် www.mr cci.org.mm နှင့် ချိတ်ဆက်ကာ e-Office လုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်သည်။
Credit: 7DayDaily