ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည်
ပြီးခဲ့သည့် သြဂုတ် ၄ ရက်ကပျဉ်းမနား-ပင်လောင်းလမ်း (ကင်းသာ-
ကိုးကွေ့-ယင်းမှီအပိုင်း)နှင့် ပင်လောင်း- မိုးဗြဲ -လွိုင်ကော်လမ်းတစ်လျှောက် လမ်းပြင်ဆင်ထိန်းသိမ်းသည့် လုပ်ငန်းများအား လည်းကောင်း၊
လွိုင်ကော်မြို့ ခရိုင်ကျန်းမာရေးဦးစီးမှူးရုံး တည်ဆောက်ပြီးစီးမှုအား လည်းကောင်း၊ ဘီလူးချောင်းတံတား(ဒေါ်နိုကူး) တည်ဆောက်မည့် မြေနေရာအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် သြဂုတ် ၅ ရက်တွင် လွိုင်ကော်-ဒီမော့ဆို- ဖားဆောင်း လမ်းတစ်လျှောက်နှင့် သံလွင်တံတား(ဖားဆောင်း)ကြံ့ခိုင် မှုအခြေအနေနှင့် ဖားဆောင်း ဘက်ကမ်းတွင် မြစ်ကမ်းထိန်းနံရံ
တည်ဆောက် ထားမှု အခြေအနေများအား လည်းကောင်း၊ ထိုင်း -မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ဖားဆောင်း-မယ်ဆည်နမ်- မယ်စဲ့-နန့်မန်း-ဘီပီ (၁၃)လမ်းအားလည်းကောင်း၊ ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံ တိုးချဲ့ဆောက်လုပ်မည့် လုပ်ငန်းများအား လည်းကောင်း ကြည့်ရှုစစ်ဆေး သည်။
ထို့အတူ သြဂုတ် ၆ ရက်တွင် လွိုင်ကော် -ပွန်ချောင်း -ရှားတော-တာတမော့လမ်း အားလည်းကောင်း၊ သံလွင်တံတား(တာတမော့) တည်ဆောက်ရန် မြေနေရာရွေးချယ် ထားမှုအား လည်းကောင်း၊ ရှားတောမြို့တွင်း လမ်းအခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
Credit: MOI Webportal Myanmar