ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း နဝဒေးတံတား မှ ရွှေ ဘုံသာမုနိဘုရားကြားတွင် Tourism Attractive Zone အဖြစ် သတ်မှတ်၍ ခရီးသွားလုပ်ငန်းအတွက် ဟိုတယ်ဇုန်များ ဖော်ဆောင်ရန် စီစဉ်ေ နကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။ အဆိုပါ စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ကောင်အထည်ဖော် ဆောင်ရွက်နို င်ရန် လျာထား ကြောင်း သိရသည်။
“အဲဒီ ဟိုတယ်ဇုန်များဖော်ဆောင်နိုင်ရန် ခန့်မှန်းမြေဧရိယာဧက(၂၀၀)ခန့်ကို လျာထားပြီး ပထမတိုင်းတာမှု များဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းတာမှု
ဆောင်ရွက်ပြီး နောက်ပိုင်း ပြည်သူလူထုကိုချပြ၍ ပုဂ္ဂလိကရင်း နှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။“ ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိ ယဝန်ကြီး ဦးကျော်လင်း ကပြောသည်။ သြဂုတ်(၃)ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်အဝး (၃၈)ရက်ြေ မာက် နေ့တွင် ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်နှင်းသစ်မေးမြန်းရာတွင် ဒုတိယဝန် ကြီးက ယင်းကဲ့သို့ ဖြေဆိုခြင်းဖြစ်သည်။
“နိုင်ငံတော်၏ စီမံကိန်းအသစ်များ၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်မှု များပြုလုပ် ရာ၊ ဆောင်ရွက်ရန် လိုအပ်ချက်များ အထိုက်အလျောက်ရှိပြီး ဖြစ်သည့် ပန်းတောင်းမြို့နယ် အပါအဝင်အခြားဒေသများနှင့် တူညီစွာ ဆောင်ရွက်ရန် အတွက် မေးမြန်းရခြင်းဖြစ်ပါတယ်။”ဟု ပန်းတောင်းမဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်ကသည်။ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေလုံးငွေ ရင်းအသုံးစရိတ်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာေ ရးနှစ်တွင် ပြည်ထာင်စုဘဏ္ဍာရန်ပုံငွေကျပ် (၆၉၅.၄၇၀) သန်းနှင့် တိုင်းဒေ သကြီးဘဏ္ဍာရန်ပုံငွေကျပ် (၂၆၈၆.၀၆၃) တို့ဖြင့် စီမံကိန်းသစ်များ ဆောင် ရွက် ရန် စီစဉ်နေကြောင်း သိရသည်။
Credit: The Yangon Time