တိုင်းဒေသကြီးခြောက်ခုရှိ လယ်မြေဧက ၉၉ ဒသမ ၆၃ ဧကကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မူလတောင်သူများထံ ပြန်လည် စွန့်လွှတ်ပေး မည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
သြဂုတ် ၄ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအ ဝေးတွင် ပြည် သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်မာမာခိုင်က အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင်လယ် မြေများ၊ စားကျက်မြေများကို လယ် မြေအဖြစ်ဌာနက အသုံးပြုနေသည့် မြေမည်မျှ ရှိပြီး မည်သို့စီမံခန့်ခွဲထား ပါသနည်းနှင့် အဆို ပါမြေများအား မြေမဲ့ယာမဲ့ဒေသခံများအတွက် ပြန်လည် စွန့်လွှတ်ေ ပးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြည်ထဲရေး ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
နေပြည်တော်နှင့်တိုင်းဒေသကြီးပြည်နယ်များတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် လယ်မြေ၂၁၉၂ ဒသမ ၈၆ ဧကရှိပြီး ရှေး ယခင်ကတည်းက ဌာနမှာစိုက်ပျိုးခဲ့သည့်ဌာနပိုင်မူလလယ်မြေ ၁၂၇၆ ဒသမ ၆၈ ဧက၊ တောင် သူများအသုံးမပြုသောလယ်ယာမြေများဖြစ်၍ဌာနမှတာဝန်ယူစိုက်ပျိုးထားသည့် လယ်ယာမြေ ၉၉ ဒသမ ၆၃ ဧက၊ မြေလွတ်မြေရိုင်းများကို ဌာနအစီ အစဉ်ဖြင့် ခုတ်ထွင် အသုံးပြုထားသည့် လယ်မြေ ၁၇၆ ဒသမ ၂၈ ဧကနှင့် စားကျက်မြေကိုလယ်ယာမြေအဖြစ် ပြောင်းလဲအသုံးပြုထားသောလယ် မြေ ၆၄ဝ ဒသမ ၂၇ ဧကရှိကြောင်း သိရသည်။ ''တောင်သူများအသုံးမပြုလို့ ဌာနက တာဝန်ယူစိုက်ပျိုးလျက်ရှိတဲ့ တိုင်းဒေသကြီးခြောက်ခုမှာရှိတဲ့ လယ်ြေ မဧက ၉၉ ဒသမ ၆၃ ဧကကို မူလတောင်သူများသို့လုပ်ထုံးလုပ် နည်းနှင့်အ ညီ ပြန်လည်စွန့်လွှတ် ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်''ဟုဆိုသည်။
ဌာန၏မူလပိုင်လယ်မြေနှင့် တောရိုင်းခုတ်ထွင်ရှင်းလင်းထားသည့်စိုက်ပျိုးဧက ၂ဝ၉၃ ဧကမှာ တစ်စုံတစ်ဦးထံမှ သိမ်းယူထားခြင်း မဟုတ်သဖြင့် ပြန်လည် စွန့်လွှတ်ပေးရန်အစီအစဉ်မရှိကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကစိုက်ပျိုးလုပ်ကိုင်လျက်ရှိ သောလယ်ယာမြေများမှအကျိုးအ မြတ်များကို ဝန်ထမ်းမိသားစုများ၏ သာရေး၊ နာရေးနှင့် ပညာသင် ထောက်ပံ့ကြေးများအဖြစ် ဦးစီးဌာန၏အစီအမံဖြင့် ဆောင်ရွက်ေ ပး လျက်ရှိကြောင်းသိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစိုက်ပျိုးလုပ်ကိုင်မှုတွင် သီးစားလုပ်ပိုင်ခွင့် ချထားခွင့်မရှိကြောင်း သီးစားချထားမှုများရှိပါက ဖော်ထုတ် အရေးယူသွား မည်ဖြစ်ကြောင်းလည်း ပြည်ထဲရေးဒုတိယဝန်ကြီးကထပ် လောင်းပြောသည်။
Credit: Democracy Today