ကမ္ဘာပေါ်တွင် တိုက်ကြီး ၇ တိုက်ရှိသော်လည်း ၉၈ ရာခိုင်နှုန်းက ရေခဲ လွှမ်းနေသည့် အန္တာတိကတိုက်သည် ပြင်းထန်သော ရာသီဥတု ပတ်ဝန်း ကျင်နှင့် ရင်းမြစ်များ လွယ်ကူစွာ ရရှိထုတ်ယူနိုင်မှုမရှိခြင်းတို့ကြောင့် ၁၉ ရာစုနှောင်းပိုင်းကတည်းက လူသားတို့၏ လျစ်လျူရှုခံခဲ့ရသည်။
ထို့ကြောင့် ကျန်တိုက်များဖြစ်သော အာရှတိုက်၊ အာဖရိကတိုက်၊ တောင် အမေရိကတိုက်၊ မြောက်အမေရိကတိုက်၊ ဥရောပတိုက်နှင့် သြစတြေးလျ တိုက် တို့၏ အရောင်းဈေးကွက်များရှိ ဈေးအကြီးဆုံးအိမ်များ (တနည်း ဆိုရသော် ငွေရှိပါက ချက်ချင်းဝယ်ယူပြောင်းရွှေ့နေထိုင်နိုင်သော
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်များ) ကို ဖော်ပြပေးပါမည်။
၁။ အာရှတိုက်၏ ရောင်းချရန် ဈေးကွက်ထဲရှိ ဈေးအကြီးဆုံးအိမ်
- ခေါ်ဈေး - အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇ သန်း
- တည်နေရာ - ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ် ဖူးခက်မြို့
- အမျိုးအစား - အိပ်ခန်း ၇ ခန်းပါ ဗီလာအိမ်အမျိုးအစား
- ဤထိုင်းအိမ်နှင့် ၎င်း၏ ဇိမ်ခံဝန်းကျင်ကြောင့် သန်းကြွယ်သူဌေးတစ်ဦး၏
ဘ၀နေထိုင်မှုဖြင့် နေထိုင်နိုင်မည်ဖြစ်သည်။ ခြံအကျယ်အ၀န်း စတုရန်းမီတာ
၁၆,၀၀၀ ပေါ်တွင် တည်ရှိပြီး ဖန်ငါးပင်လယ်အော်၏ ရင်သပ်ရှုမောဖွယ်ရာ
မြင်ကွင်းရှုခင်းများကို ခံစားနိုင်သည်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း FazWaz
မှတစ်ဆင့် ရောင်းချနေသည်။
၂။ အာဖရိကတိုက်၏ ရောင်းချရန် ဈေးကွက်ထဲရှိ ဈေးအကြီးဆုံးအိမ်
- ခေါ်ဈေး - အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း
- တည်နေရာ - မော်ရိုကိုနိုင်ငံ မာရာကက်ရှ်မြို့
- အမျိုးအစား - အိပ်ခန်း ၁၀ ခန်းပါ ဗီလာအိမ်အမျိုးအစား
- အလျား မီတာ ၅၀၊ စတုရန်းမီတာ ၅,၀၀၀ ရှိသည့် လူလုပ်ရေကန်တု ပါဝင်ပြီး
ဒီဇိုင်းအားဖြင့် ကျစ်လျစ်ကာ ခေတ်ပေါ်ဒီဇိုင်းဖြစ်သည်။ အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်း Kensington Luxury Properties မှတစ်ဆင့် ရောင်းချနေသည်။
၃။ တောင်အမေရိကတိုက်၏ ရောင်းချရန် ဈေးကွက်ထဲရှိ ဈေးအကြီးဆုံးအိမ်
- ခေါ်ဈေး - အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်း
- တည်နေရာ - ဘရာဇီးနိုင်ငံ ဆော်ဝ်ပိုလိုမြို့
- အမျိုးအစား - အိပ်ခန်း ၆ ခန်းပါ အိမ်ကြီးရခိုင်
- အိပ်ခန်းထက် ရေချိုးခန်း အရေအတွက် ပိုမိုများပြားစွာပါဝင်သော အိမ်ကြီးရခိုင်။
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း List Globally Brazilမှတစ်ဆင့်ရောင်းချနေသည်။
၎။ မြောက်အမေရိကတိုက်၏ ရောင်းချရန် ဈေးကွက်ထဲရှိ ဈေးအကြီးဆုံးအိမ်
- ခေါ်ဈေး - အမေရိကန်ဒေါ်လာ ၈၄ သန်း
- တည်နေရာ - အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဘီဗာလီဟေးလ်မြို့
- အမျိုးအစား - အိပ်ခန်း ၁၁ ခန်းပါ အိမ်ကြီးရခိုင်
- ၁၆ ဧက ကျယ်ဝန်းသော ခြံတွင် တည်ရှိသည်။ ပင်မအိမ်သည် စတုရန်းပေ
၂သောင်း ကျယ်ဝန်းပြီး တင်းနစ်ကွင်း၊ မြင်းပြိုင်ကွင်းနှင့် မော်ရိုကိုစတိုင်လ်
ဧည့်သည်ဆောင်တို့လည်း ပါဝင်သည်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
John Aaroe Group မှတစ်ဆင့် ရောင်းချနေသည်။
၅။ ဥရောပတိုက်၏ ရောင်းချရန် ဈေးကွက်ထဲရှိ ဈေးအကြီးဆုံးအိမ်
- ခေါ်ဈေး - အမေရိကန်ဒေါ်လာ ၁၆၀ သန်း
- တည်နေရာ - အီတလီနိုင်ငံ တက်စ်ကာနီဒေသ
- အမျိုးအစား - အိပ်ခန်း ၉ ခန်းပါ ဗီလာအိမ်အမျိုးအစား
- ၁၆၁၀ ခုနှစ်က စတင်တည်ဆောက်ခဲ့သော အိမ်ဖြစ်သည်။ အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်း Lionard Luxury Real Estate မှတစ်ဆင့်
ရောင်းချနေသည်။
၆။ သြစတြေးလျတိုက်၏ ရောင်းချရန် ဈေးကွက်ထဲရှိ ဈေးအကြီးဆုံးအိမ်
- ခေါ်ဈေး - အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၄ သန်း
- တည်နေရာ - သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်
ဂရိတ်ဘာရီယာကျောက်တန်း
- အမျိုးအစား - အိပ်ခန်း ၆ ခန်းပါ ကမ်းစပ်အိမ်ကြီးရခိုင်
- အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း Aylesford International မှတစ်ဆင့်
ရောင်းချနေသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com