မြန်မာနိုင်ငံအတွင်းရှိ သဘာဝနယ်မြေများတွင် သဘာဝ အခြေခံခရီးသွား လုပ်ငန်းများ (Eco-resort) ဆောင်ရွက်ရန် လျှောက်ထားပါက ပြည် တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပြုမည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောကြားသည်။
“ပုဂ္ဂလိက ကဏ္ဍက (Eco-resort) တွေ ဆောက်ဖို့လာပြီး ကမ်းလှမ်းလာရင် မည်သည့်သဘာဝနယ်မြေမှာမဆို လုပ်ကိုင်ခွင့်ပြုမှာပါ။ မည်သည့်ပြည် တွင်း၊ ပြည်ပ ဘယ်သူပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာမှာ လာလျှောက်လို့ရတယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးနဲ့ ခွင့်ပြုဖို့ စီစဉ်ထားတယ်”ဟု ၎င်းက ဆိုသည်။
ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် သဘာဝနယ်မြေများတွင် သဘာဝ အခြေခံခရီးသွား လုပ်ငန်းများ (Eco-resort)များ ဆောင်ရွက်ရန် လာရောက် လျှောက်ထားပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ စည်း မျဉ်းများနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးကျော်ကျော်လွင်က ရှင်းပြသည်။
လက်ရှိမြန်မာနိုင်ငံတွင် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ၄၀ ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၌ သဘာဝ ထိန်းသိမ်းနယ်မြေများအဖြစ် အလောင်းေ တာ် ကဿပ အမျိုးသားဥယျာဉ်၊ ချပ်သင်း ဘေးမဲ့တောနှင့် မင်းဝံတောင်ေ ဘးမဲ့တော၊ အင်းတော်ကြီး၊ ဟူးကောင်း စသည့်ဒေသများဖြစ်ကြောင်း သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။
“သဘာဝ အခြေခံခရီးစဉ်ဒေသတွေက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း တာဖြစ်သလို ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း အကျိုးပြုစေတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။ ဒါကြောင့် ဝန်ကြီးဌာန နှစ်ခုအနေနဲ့ Eco-tourism ကို ဖွံ့ဖြိုးစေဖို့ ပူးပေါင်း ဆောင်ရွက်နေတယ်”ဟု ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သဘာဝ အခြေခံခရီးစဉ်ဒေသများကို ရန်ကုန်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ကချင်၊ ရှမ်း၊ မွန်၊ ချင်း စသည့် တိုင်းနှင့်ပြည်နယ်တို့ တွင် ဖော်ဆောင်ထားကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနထံမှ သိရသည်။
Credit: The Voice