မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး အခြေအနေကောင်းများ ဖန်တီးပေးရန် လိုအပ်သည်ဟု ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်း ထုတ်ပြန် ချက်၌ ဖော်ပြသည်။
ဂျပန်နိုင်ငံသို့ ရောက်ရှိနေ သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဂျပန်ဝန်ကြီးချုပ် သည် သြဂုတ် ၄ ရက်တွင် ဝန်ကြီးချုပ် နေအိမ်၌ တွေ့ဆုံေ ဆွးနွေးခဲ့သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂျပန်နိုင်ငံမှ မြန်မာ နိုင်ငံတွင် ရင်းနှီြး မှုပ်နှံမှုများ တိုး မြှင့်ဆောင်ရွက်ခြင်းဖြင့် မြန်မာ ပြည်သူများအတွက် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်ဟု ဆွေးနွေးခဲ့ရာ ဂျပန်ဝန်ကြီးချုပ် က ဂျပန်နို င်ငံ၏ ရင်းနှီးမြှုပ်နှံမှု များ မြန်မာနိုင်ငံ၌ တိုးမြင့်လာ မည်ဟု ယုံကြည်ကြောင်း၊ ပုဂ္ဂလိ က လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက် မြှင့်တင်နိုင်ရေး အ တွက် ပတ်ဝန်းကျင်အခြေအနေကောင်းများ ဖန်တီးပေးရန် လိုအပ်ေ ကြာင်း ပြောကြားခဲ့သည် ဟု သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ရရှိစေရန် အစွမ်း ကုန် ကူညီေ ဆာင်ရွက်မည်ဟု လည်း ဂျပန်ဝန်ကြီးချုပ်က ပြော ကြားသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ကူညီရန် နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာရိုဟဲ အိဆာဆာကာဝါအား အထူး ကိုယ်စားလှယ် အဖြစ် စေ လွှတ် ထားသည်။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ယခုဂျပန်ခရီးစဉ် သည်လည်း နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ဖိတ်ကြားခဲ့ခြင်းဖြစ် သည်။
မြန်မာ့တပ်မတော် အဆင့် မြှင့်တင်ရေးတွင် ဂျပန်နိုင်ငံက လည်း အကူအ ညီပေးအပ်ခဲ့မှုများ ရှိကြောင်းနှင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံမှု ပိုမို တိုးမြှင့်ရန် လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားရာ ဂျပန် ဝန်ကြီးချုပ်က လက်ခံခဲ့ပြီး တပ် မတော်နှစ်ရပ် ဆက်ဆံရေး ပိုမို တိုးတက် ခိုင်မာအောင် တည် ဆောက်မည်ဟု တုံ့ပြန်သည်။
ဂျပန်ဝန်ကြီးချုပ်က မြန်မာ-ဂျပန် ဆက်ဆံမှုတွင် ဘက်ပေါင်း စုံမှ တိုးတက်မှု များကို တွေ့မြင် နေရကြောင်း၊ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့် ရန်သည် မိမိတို့၏ ခိုင်မာသည့် မူဝါဒဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြား သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂျပန်ခရီးစဉ်အတွင်း နိပွန်ဖောင်ဒေး ရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ ပူးတွဲစစ်ဦးစီးချုပ် (အငြိမ်းစား) ဗိုလ်ချုပ်ကြီး အိုင်ဝါဆာကီ၊ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် မစ္စတာကာဝါနိုနှင့် သီးခြား စီ တွေ့ဆုံခဲ့သည်။
Credit: 7DayDaily