ဟံသာဝတီလေဆိပ် ချင်းဆက် ရထားလမ်းကို ရန် ကုန်မြို့ပြစီမံကိန်း မူဝါဒ များနှင့် ပြန်လည်ချိန်ညှိနေခြင်းကြောင့် ဖောက်လုပ်နိုင်ခြင်း မရှိသေးေ ကြာင်း မြန်မာ့မီးရထား အထွေ ထွေမန်နေဂျာဦးဘမြင့်က ပြော ကြားသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဟံသာဝတီလေဆိပ် တို့ကို ချိတ် ဆက်ပြေးဆွဲနိုင်မည့် ရထားလမ်း ဖောက်လုပ်ရန် လွန်ခဲ့သည့် ၂ နှစ်ကျော် ကတည်း က လျာထားခြင်းဖြစ်သည်။
‘‘လျာထားချက်ကတော့ ဆက်ရှိနေပါတယ်။ လုပ်မယ်ဆို ရင် မြို့ပြစီမံကိန်း မူဝါဒနဲ့ ကိုက်ညီ ရမှာဖြစ်တာကြောင့် မစတင်နိုင် သေးတာပါ။ လုပ်တာကေ တာ့ လုပ်မယ်။ ဒီနှစ်ထဲမှာတော့ မဖြစ် နိုင်ဘူး’’ဟု ၎င်းကပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ခရီးသည်ဝင်ဆံ့မှု ပမာဏ များလြာ ခင်းကြောင့် ရန် ကုန်မြို့နှင့် အနီးဆုံးနေရာဖြစ် သည့် ပဲခူးတိုင်းဒေသကြီး အတွင်း ဟံသာဝတီလေဆိပ်ကို နိုင်ငံ တကာ ခရီးသည်တင်လေယာဉ် များ ဆိုက်ကပ်နိုင်မည့် လေဆိပ် တစ်ခုအဖြစ် ထပ်မံဆောက်လုပ် ရန် ပြည်ေ ထာင်စုအစိုးရက စီစဉ် နေခြင်းဖြစ်သည်။
ဟံသာဝတီ လေဆိပ် ဆောက်လုပ်မှုပြီးပါက လေဆိပ် နှစ်ခုမှ ခရီးသည်များ ချိတ်ဆက် သွားလာနိုင်ရန်နှင့် ကုန်စည်ပို့ ဆောင်မှု အဆင်ပြေစေရန် အဆို ပါရထားလမ်းဖောက်လုပ်ရန် လျာထားခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားက ကနဦးသတင်း ထုတ်ပြန်ထားသည်။ အဆိုပါရထားလမ်းပိုင်းဖောက်လုပ်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံမှ ပညာ ရှင်အချို့ကို ဖြစ်နိုင်ခြေရှိ သည့် လေ့လာမှုများ ပြုလုပ်ရန် အကူ အညီ တောင်းခံထားကြောင်း မြန်မာ့ မီးရထား အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
ယင်းလမ်းပိုင်းကို ဖောက် လုပ်မည်ဆိုပါက ရန်ကုန်အပြည် ပြည် ဆိုင် ရာ လေဆိပ်သို့ ယခင် က ဖောက်လုပ်ထားသည့် သံ လမ်းဟောင်း လမ်ြးေ ကာင်းကို ပြန်လည် အသုံးပြုမည်ဖြစ်ပြီး အဆင့်မြင့် တွဲဆိုင်းများ အသုံး ပြုရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။
Credit: 7DayDaily