မြန်မာနိုင်ငံနှင့် ထိုင်း နိုင်ငံအကြား စီးပွားရေး၊ ဘဏ် လုပ်ငန်း၊ ကုန်သွယ်ေ ရး၊ ရင်းနှီး မြှုပ်နှံမှုနှင့် အခြားသော ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘောဇဘဏ်နှင့် ထိုင်းနိုင်ငံရှိ Export- Import ဘဏ်တို့အ ကြား အချက်ခု နစ်ချက် သဘော တူညီမှု ရယူခဲ့သည်။
အဓိကအားဖြင့် ဘဏ်နှစ်ခု အကြား အပြန်အလှန် ရယူနိုင် သည့် ငွေချေးစ နစ်(Credit) ပမာ ဏကို သဘောတူညီခဲ့ပြီး စီမံကိန်းများ ပူးပေါင်းဆောင် ရွက်ခြင်း၊ သတင်း အချက်အလက်များ ဖလှယ်ခြင်း၊ ဘဏ်နှစ်ခုအကြား ကိုယ် စားလှယ်ထားရှိခြင်း၊ လက် တွေ့စီးပွားရေးအတွေ့အကြုံများ မျှဝေခြင်းနှင့် သင်တန်းပေးခြင်း တို့ သဘောတူညီခဲ့သည်။
‘‘ထိုင်း-မြန်မာ နှစ်နိုင်ငံအ ကြား နိုင်ငံတကာ ကုန်သွယ်မှုနဲ့ ဆိုင်တဲ့ ငွေလွှြဲေ ပာင်းမှုတွေလုပ် နိုင်ဖို့ Credit Line ကိုလည်း ဖန် တီးပေးသွားမှာ ဖြစ်ပါ တယ်’’ဟု Export- Import ဘဏ်ဥက္ကဋ္ဌ Mr.Pisit က ပြောသည်။
၁၉၉၄ တွင် စတင်ထူထောင် ခဲ့သည့် ကမ္ဘောဇဘဏ်သည် ထိုင်း၊ စင်ကာ ပူနှင့် မလေးရှားနိုင်ငံတို့ တွင် ကိုယ်စားလှယ်ရုံးများဖွင့်လှစ် ၍ ပြည်ပဈေး ကွက်နှင့် ချိတ်ဆက် နေခြင်း ဖြစ်သည်။ ဘဏ်နှစ်ခုအ ကြား သဘောတူညီမှု စာချွန်လွှာ ကို ဇူလိုင် ၃၁ ရက်တွင် ရန်ကုန် မြို့၌ လက်မှတ်ရေးထိုးခဲ့သည်။
Credit: 7DayDaily