လတ်တလော မန္တလေးအိမ်ခြံမြေဈေးကွက်မှာ ကျပ်သိန်း၅ဝဝ နဲ့ ၁,ဝဝဝ အကြား တန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေသာ အများဆုံး အရောင်းအဝယ်ြ ဖစ်နေပြီး ဈေးနှုန်းအမြင့်တန်းတွေက အရောင်းအဝယ်မဖြစ်သလောက် နည်းပါးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။
အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ပါးနေတာ ခြောက်နှစ်လောက် ရှိနေပါပြီ။ ဒါပေမဲ့ ၂ဝ၁၄ ခုနှစ်နောက်ပိုင်းမှာ အရောင်းအဝယ်မဖြစ်တာ ပိုသိသာလာခဲ့ပြီး လက်ရှိမှာ ဝယ်ရောင်းဈေးကွက်ထက် အမှန်တကယ် လိုအပ်ချက်ကြောင့် ဝယ်ယူသူတွေကို ပိုအားထား လုပ်ကိုင်နေရတယ်လို့ ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဝဏ္ဏစိုးက ပြောပါတယ်။
''လက်ရှိအနေအထားအရ အငှားအရောင်းက ပုံမှန်ဖြစ်ပါတယ်။ ကျပ်သိန်း ၁,ဝဝဝ အောက် အိမ်မြေတွေက ပိုဖြစ်တယ်။ အရင်က အမြင့်ဈေးေ တွနဲ့ ရောင်းကြတာကနေ ဒီဘက်နှစ်ပိုင်းတွေမှာ လိုလိုချင်ချင် ညှိညှိနှိုင်းနှိုင်း နဲ့ဈေးနှုန်းကို ကိုင်မထားဘဲ ရောင်းချလာတဲ့အတွက် အရင်ကထက်တော့ အရောင်းအဝယ်ပိုဖြစ်လာပါတယ်။ ချမ်းမြသာစည်၊ မဟာအောင်ြေ မ၊ ပြည်ကြီးတံခွန်မြို့နယ်တွေထဲက အိမ်မြေအကွက်အကွင်းတွေကို စိတ်ဝင်စားမှုများကြတယ်''လို့ ဦးဝဏ္ဏစိုးက ပြောပါတယ်။
အိမ်မြေဈေးကွက် အရောင်းအဝယ် အေးရခြင်း အကြောင်းအရင်းထဲ မှာ ဈေးနှုန်းတွေက အမြင့်ဆုံးကိုရောက်ခဲ့ပြီး အဲဒီနှုန်းတွေအတိုင်း အချိန်ြ ကာမြင့်စွာ ဆက်ခေါ်နေတဲ့အတွက် ဈေးကွက်သဘောတရားအရရော၊ အ ခွန်နှုန်းထားအရပါ ဈေးကွက်အပေါ် အကျိုးသက်ရောက်မှုဖြစ်ကြောင်း၊ အရောင်းအဝယ်ပုံစံပါ ပြောင်းလဲလာပြီး အခုအခါ ဝယ်ရောင်းတွေက ရင်းနှီးမြှုပ်နှံတာကိုလျှော့ချပြီး နေထိုင်ဖို့အတွက် ဝယ်ယူမှု များလာ တယ် လို့ ပြောပါတယ်။
''အဓိကက အခွန်စနစ်ပဲ။ သိန်း ၃,ဝဝဝ တန် မြေကို ဝယ်မယ်ဆိုရင် အခွန်က ၃ဝ ရာခိုင်နှုန်း ဖြစ်မှာဆိုတော့ အခွန်ပေးရမှာ သိန်း ၁,ဝဝဝ လောက် ဖြစ် သွားမယ်။ အခွန် သတ်မှတ်ချက်ကို ပြန်သုံးသပ်သင့်ပါတယ်'' လို့ ဦးဝဏ္ဏစိုး က ပြောပါတယ်။
လက်ရှိ သတ်မှတ်ထားတဲ့ အခွန်စနစ်အရ အိမ်မြေတန်ဖိုး တစ်ကျပ်ကနေ ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ ကနေ ကျပ်သိန်း ၁,ဝဝဝ အထိ၂ဝ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၁,ဝဝဝ အထက်ကို ၃ဝ ရာခို င်နှုန်း ပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်။ အခွန်ဆောင်ရာမှာ ကျင့်သုံးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ထုတ်ပြန်ထားတဲ့ ရာဖြတ် တန် ဖိုးတွေကို ၂ဝ၁၆–၁၇ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ထားပြီး ၂ဝ၁၇–၁၈ ဘဏ္ဍာနှစ်အတွက် လက်ရှိအချိန်အထိ ထုတ်ပြန်မထားသေးပါဘူး။
''အထူးသဖြင့် ကျပ်သိန်း ၅,ဝဝဝ နဲ့အထက် အိမ်ခြံမြေတွေကတော့ အလုပ်ဖြစ်ဖို့ ခက်ခဲနေဦးမှာပါပဲ။ အချိန်ယူရဦးမှာပါ''လို့ အိမ်ခြံမြေအကျိုးေ ဆာင် ဦးအောင်ဝင်းက ပြောပါတယ်။
Credit: Myanmar Time