အိမ်ခြံမြေ၊ လယ်ယာမြေတွေ ဘဏ်မှာ တရားဝင်ပေါင်နှံမယ်ဆိုရင်...

အိမ်ခြံမြေ၊ လယ်ယာမြေတွေ ဘဏ်မှာ တရားဝင်ပေါင်နှံမယ်ဆိုရင်... - Property News in Myanmar from iMyanmarHouse.com
4 Aug 2017 12:02 pm တွင် တင်ခဲ့သည်
1226 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေတွေ၊ လယ်ယာမြေတွေရောင်းဝယ်ပေါင်နှံတာတွေ အခုနောက်ပိုင်းတော်တော်လေးများလာတာကို တွေ့ရပါတယ်။ အရောင်းအ၀ယ်ကို နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုပြီး တိုးတိုးတိတ်တိတ် ပေါင်နှံတာတွေနဲ့ ငွေချေးတာတွေ ရှိလာတာတွေ့လာရပါတယ်။

အိမ်ခြံမြေပေါင်နှံရာမှာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ဖို့လိုအပ်တယ်လို့ သိရပါတယ်။ ပေါင်နှံတာပြုလုပ်တဲ့အခါ စာချုပ်စာတမ်းရုံးကိုသွားပြီး တရားဝင်ပေါင်နှံတာတွေ၊ စာချုပ်ချုပ်ဆိုမှတ်ပုံတင်သူတွေ နည်းပါးနေတာကိုတွေ့ရပါတယ်။

မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ မြေရောင်းဝယ်တာတွေ၊ ပေါင်နှံတာတွေ၊ ပေးကမ်းလှူဒါန်းတာတွေ၊ စွန့်လွှတ်တာတွေစတဲ့အရာတွေကို ပြုလုပ်တဲ့အခါ အိမ်ခြံမြေ၊ လယ်မြေ၊ ဥယျာဉ်ခြံမြေတွေရဲ့ တန်ဖိုးမှာ အခွန်ဦးစီးဌာန ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ဆုံးဖြတ်ချက်အရ ကျပ် ၁၀၀ အထက်ဖြစ်ရင် မှတ်ပုံတင်ဖို့ စာချုပ်စာတမ်းဥပဒေမှာ ပြဌာန်းထားတယ်လို့သိရပါတယ်။

ဘဏ်ကနေ ငွေချေးတဲ့အခါ မြေပုံ၊ မြေရာဇ၀င်က အရေးပါတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မရွေ့ပြောင်းနိုင်တဲ့ အိမ်ခြံမြေကို တရားဝင်မှတ်ပုံတင်ပြီး ပေါင်နှံမယ်ဆိုရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကလွဲပြီးတော့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဘဏ်ငွေချေးဖို့အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနနဲ့ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွေမှာ မြေပုံ၊ မြေရာဇ၀င်ထုတ်ပေးဖို့ လျှောက်ထားရပါတယ်။ အဲသည်လို လျှောက်ထားရခြင်းမှာ ဘဏ်တစ်ခုခုမှာ ငွေချေးတဲ့အခါ မြေပိုင်ဆိုင်မှု အထောက်အထား ခိုင်မာမှသာ ချေးငွေရတဲ့အတွက် ဖြစ်ပါတယ်။

ဘဏ်ချေးငွေလျှောက်ထားသူမှာ မြေနဲ့အိမ်ကို အမှတ်တကယ်ပိုင်ဆိုင်ပြီး အရှုပ်အရှင်းတစ်စုံတစ်ရာမရှိကြောင်း၊ ကန့်ကွတ်ချက်ကင်းရှင်းကြောင်းတွေရှိမှသာ မြေစာရင်းဌာနက ထောက်ခံတဲ့မြေပုံ၊ မြေရာဇ၀င်ထုတ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့်ငွေချေးတော့မယ်ဆိုရင် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ လို့ခေါ်တဲ့မြေပုံ၊ မြေရာဇ၀င်ဟာ အရေးကြီးဆုံးဖြစ်တယ်။ အဲသည်မြေပုံ၊ မြေရာဇ၀င်မရှိရင် ဘဏ်ချေးငွေမရနိုင်ပါဘူး။ မြေပုံ၊ မြေရာဇ၀င် ထုတ်ယူနိုင်ရန်မှာ ငွေချေးလိုသူရဲ့ အမည်ပေါက် မြေငှားဂရန်တင်ပြနိုင်ဖို့လည်း လိုအပ်တယ်လို့သိရပါတယ်။

အဲသည်လိုမိမိရဲ့အမည်ပေါက်မြေငှားဂရန်နဲ့ မြေပုံ၊ မြေရာဇ၀င်တင်ပြမှာသာ ဘဏ်တွေက ငွေချေးလိုသူရဲ့မြေနဲ့အိမ်ကို သွားရောက်စစ်ဆေးပြီး အမှတ်တကယ်တန်ဖိုးရဲကထက်ဝက်ခန့်ကို ငွေချေးလေ့ရှိကြပါတယ်။ ချေးတဲ့အခါ လွယ်လွယ်ကူကူချေးငှားခြင်းမပြုကြပါဘူး။

ဘဏ်မန်နေဂျာကို ငွေချေးသူက ၀န်ခံကတိပြုတဲ့ 'အော်ဒီမန်စာချုပ်' ချုပ်ဆိုပေးရတာတွေ၊ စာချုပ်စာတမ်းနဲ့ မှတ်ပုံတင်ရုံးမှာ ပေါင်နှံတဲ့ မြေကွက်နဲ့ ပတ်သက်တဲ့ပြန်မရုတ်သိမ်းနိုင်တဲ့ 'အထူးကိုယ်စားလှယ်လွှဲစာ' လွှဲပေးရတာမျိုးပြုလုပ်ပေးကြရတယ်' လို့ အိမ်ခြံမြေအကျိုးဆောင် ၀ါရင်ပုဂ္ဂိုလ်တစ်ဦးကပြောပါတယ်။

တကယ်လို့ ပေါင်နှံထားတဲ့မြေနဲ့အိမ်၊ လယ်ယာမြေတွေကို ပြန်ရွေးခြင်းမရှိရင် ပေါင်နှံထားတဲ့မြေနဲ့အိမ်ကို တရားစွဲပြီးတော့ လေလံတင်ရောင်းချခြင်းခံရမှာတယ်။ ဘဏ်က ရရန်ရှိတဲ့အတိုးနဲ့ အရင်းပေါင်းငွေအားလုံးကို နုတ်ယူပြီး ကျန်ငွေကို ပေါင်နှံသူကို ပြန်ပေးတယ်လို့ သိရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

Magical World
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service