အခုနောက်ပိုင်းမှာ နေအိမ်ရဲ့ လှေကားထစ်ပုံစံတွေကို သာမန်ရိုးရိုး တည်ဆောက်ထားတဲ့ ဒီဇိုင်းတွေ အစား ခေတ်မီဆန်းသစ်တဲ့ လှေကားထစ်ဒီဇိုင်းလေးတွေပိုပြီး အသုံးပြုတည်ဆောက်ထားပါတယ်။
နှစ်သက်စရာကောင်းလာတဲ့ လှေကားထစ်ဒီဇိုင်းလေးတွေကတော့ ပြင်ညီအဆင့်လှေကားထစ်လိုမဟုတ်ဘဲ တန်းတစ်ခုလို ရိုက်ထားပြီးစက္ကူသေတ္တာငယ်လေးလို စီထားတဲ့ ဒီဇိုင်းလေးတွေက ထူးခြားပြီးလှပစေပါတယ်။ အခန်းထောင့်နံရံနားမှာ ကပ်မှီပြီး အောက်ဘက်ကထောက်တိုင်တစ်ခုမှမပါဘဲ တည်ဆောက်ထားတဲ့ လှေကားထစ်လေးတွေ ဖြစ်ပါတယ်။ ဒီဇိုင်းအပြင်အဆင်က သိပ်ပြီးထူးခြားမှုမရှိပေမဲ့ လှေကားမှာ သုတ်ခြယ်ထားတဲ့ အရောင် ကတော့ သာမန်ထက်ထူးခြားတဲ့ခံစားမှုကို ရရှိစေနိုင်ပါတယ်။
သရီးဒီ ဒီဇိုင်းတွေ ခေတ်စားလာလို့ လှေကားထစ်တွေကိုလည်း သရီးဒီပုံဖော်ပြီး ပြုလုပ်နိုင်ပါတယ်။ လက်ရန်းနဲ့ လှေကားထစ်တွေလိုမဟုတ်ဘဲ ထောက်ကန်ထားတဲ့ထောက်တိုင်တွေ အသုံးမပြုဘဲ တောင့်တင်းခိုင်မာပြောင်လက်နေတဲ့ သစ်သားပြားကို အဓိကအသုံးပြုပြီး နံရံမှာ ထောက်ကန်တွဲလျားချထားသလို ဒီဇိုင်းဖန်တီးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇိုင်းပုံစံအနေအထားက ကဗျာဆန်ပြီး ကျယ်ဝန်းတဲ့ လှေကားထစ်အနေအထားကြောင့် လှေကားဒီဇိုင်းပုံစံက ဆွဲဆောင်မှုရှိစေတယ်လို့ သိရပါတယ်။
အခုနောက်ပိုင်းမှာ ဒီဇိုင်းဆွဲဗိသုကာပညာရှင်တွေက လှေကားထစ်တွေကို သာမန်အတက်အဆင်းလှေကားထစ်တွေချည်း မတည်ဆောက်တော့ဘဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီဇိုင်းပုံစံတွေ ထည့်သွင်းတည်ဆောက်လာကြပါတယ်။ ကလေးတွေပျော်စရာကောင်းရုံမကပဲ လူကြီးတွေပါ စိတ်လှုပ်ရှားစေမယ့် လှေကားထစ်အပြင် လျှောစီးဆင်းသွားလို့ရတဲ့ လျှောလှေကားထစ်ပါ တည်ဆောက်လာကြပါတယ်။ လှေကားနဲ့မဆင်းချင်ရင် အဲသည်လျှောလေးကနေ ပျော်ပျော်ကြီးဆင်းနိုင်အောင် ဒီဇိုင်းလေးတွေရှိလာတာကိုတွေ့ရပါတယ်။
ဒါ့အပြင် သစ်ပင်တစ်ပင်ရဲ့ အကိုင်းအခက်တွေလိုအမြစ်တွေတယ်ပြီး တက်နေတဲ့ လှေကားရဲ့လက်ရန်းတွေအဖြစ် ဖန်းတီးထားတဲ့ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ ပန်းပွင့်ဖတ်လေးတွေ အဖတ်လိုက်မှာ မြွေလိမ်မြွေကောက်တက်သွားရတဲ့ဒီဇိုင်းလေးတွေကလည်း လှပပြီးချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေဖြစ်တယ်လို့ သိရပါတယ်။
Credit: The Modern