ရန်ကုန်စတော့အိတ်ချန်းစာရင်းဝင်အများပိုင်ကုမ္ပဏီများကို
အခွန်လျှော့ပေါ့ပေးလိုက်ကြောင်း ရန်ကုန်စတော့
အိတ်ချိန်းရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၂၆ ရက်ထုတ်
အမိန့်ကြော်ငြာစာအရ ၂၀၁၇ ပြည်ထောင်စုအခွန်အကောက်
ဥပဒေပါ လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့
သဘောတူညီမှုနဲ့ စတော့အိတ်ချိန်းစာရင်းဝင်
အများပိုင်ကုမ္ပဏီတွေကို အခွန်လျှော့ပေါ့ပေးလိုက်ခြင်း
ဖြစ်ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင် ကုမ္ပဏီတွေအတွက်
ဝင်ငွေခွန်သက်သာခွင့်ပြုလိုက်ခြင်းဖြစ်ပြီး စာရင်းဝင်ကုမ္ပဏီတွေ
အပေါ် ၀င်ငွေခွန်ဥပဒေအရ သက်သာခွင့်များမနုတ်ပယ်မီ
စုစုပေါင်း အသားတင်အမြတ် ၀င်ငွေအပေါ် ၂၀ ရာခိုင်နှုန်းဖြင့်
ဝင်ငွေခွန် ထမ်းဆောင်ခွင့် ပြုလိုက်ပါတယ်။
စာရင်းဝင်အများပိုင်ကုမ္ပဏီတွေအနေနဲ့ ယခင်က ၀င်ငွေခွန်
အပြည့်အ၀ထမ်းဆောင်ရန် ပျက်ကွက်မှုရှိပါက ရန်ကုန်
စတော့အိတ်ချိန်းသို့ စာရင်းဝင်တဲ့ ဘဏ္ဍာရေးနှစ်မတိုင်မီ ပြီးခဲ့တဲ့
ဘဏ္ဍာရေး ၂ နှစ်အတွက် ၀င်ငွေအမှန်ကို ဖော်ထုတ်ပြီး
ကျသင့်ဝင်ငွေခွန်ပေးဆောင်ခွင့်နဲ့ ၀င်ငွေခွန်ဥပဒေအရ
ဒဏ်တပ်ရိုက်ခြင်းနဲ့ တရားစွဲဆိုခြင်းတို့ကို ကင်းလွတ်ခွင့်ပြု
လိုက်ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတွေကို
အခွန်ဆိုင်ရာ လျှော့ပေါ့ပေးခြင်းများမှာ ၂၀၁၇-၁၈ ၀င်ငွေနှစ်မှာ
စတင်ပြီး အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းကို ကနေဦးမမတည်ငွေရင်း
ကျပ် ၃၂ ဘီလီယံဖြင့် မြန်မာ-ဂျပန်ပူးပေါင်းကာ
တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာဘက်မှာ
မြန်မာစီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်းနဲ့
ဂျပနိုင်ငံဘက်မှ Daiwa Institute of Research ၊
Japan Exchange Group တို့က အစုရှယ်ယာ
၄၉ ရာခိုင်နှုန်းပါဝင်ပါတယ်။
လက်ရှိမှာ ရန်ကုန်စတော့အိတ်ချိန်းမှာ အများနဲ့
သက်ဆိုင်သော ကုမ္ပဏီတွေဖြစ်တဲ့ First Myanmar
Investment (FMI) ၊ Myanmar Thilawa SEZ
Holding (MTSH) ၊ Myanmar Citizens Bank
(MCB) ၊ First Private Bank (FPB) တို့မှာ
စာရင်းဝင်ကုမ္ပဏီအဖြစ် ပါဝင်ထားပါတယ်။
တစ်နှစ်ကျော်သက်တမ်းရှိပြီးဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်း
အခြေအနေမှာ အားရစရာကောင်းပြီး အလား
အလာကောင်းများပိုင်ဆိုင်လျက်ရှိတယ်လို့ စတော့အိတ်ချိန်းမှ
တာဝန်ရှိသူများက ပြောဆိုထားပါတယ်။
Credit: SFJ Strategy First